အတ္တတွေ နေကွယ်တာ
ဘယ်နေရာမှာ အဲ့အရိပ် သွားပျော်နေမလဲ...........
နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းတွေ ခြောက်ကပ်လွန်းလို့
valentine ရယ်.....
အဖော်မဲ့သူကို
ဘယ်သူက အားဖြစ်စေမလဲ....
စိုကာရွှဲ မျက်ရည်တွေသာ....
အချပ်လိုက် ပဲ့ကြွေခဲ့တာ
ဆောင်းညမှာ
နောက်တစ်ခါ ပြန်မလွမ်းမောချင်တော့ဘူး........
အတိတ်ရယ်
အရိပ်ရယ်
ခံစားချက်မဲ့ ၀ါကျတစ်ချို့ရယ်
ငါ့ဘေးနား အမြဲရှိနေပေးခဲ့တဲ့
သူ့ဓါတ်ပုံလေးနဲ့ အတူ
ရင်ဘတ်တစ်ခုကို မြေမြှပ်သင်္ဂြိုလ်ပစ်မယ်.......
နောင်တတွေနဲ့...
မိုးမလင်းသေးခင်ထိ
ခေါင်းငိုက်စိုက်ရင်း
valentine နဲ့ အတူ စိတ်ကူးထားတဲ့ အိပ်မက်လေး
အရောင်ပျယ်လွင့်တာ
အမှောင်ညတွေ မဆုံးသေးခင်အထိ
valentine နဲ့ ချောကလက်တွေရယ်
အလွမ်းတွေနဲ့သာ....
ငါ့.....ကို.....လေ....
ညည်းတွား ငိုကြွေးခွင့်ပြုပါတော့...........။
(နတ်ဆိုး)