welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Wednesday, November 7, 2012

အမျိုးသားများအတွက်(ဘယ်လိုမိန်းမမျိုးရမလဲဆိုတာကြည့်ကြစို့)

ဘယ်လိုမိန်းမမျိုးရမလဲ---------------------
ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့
မေးခွန်းလေးက အမျိုးသားလူလွတ်တို့အသိချင်ဆုံး မေးခွန်းလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။
ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။
ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ငှင်းကိုတည်ပြီး (၄) နဲ့
မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့်ပြီးဟောကိန်းထုတ်ထားတာကို ဖတ်ကြည့်ပါ။
လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။
ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။
၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။
၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်)
အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။ မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း
ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။
တကယ်တန်းလက်တွေ့ အခြေံတူတာ ချင်းကိုလည်းတွေ့ရပါတယ်။

အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက
အလွန်သန့်စင်တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း
မရှိသလောက် ပါဘဲ။ရည်းစားတောင်မှ ထားဖူးရဲ့လား မသိ။ အေးအေးနေတတ်တယ်။
လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်ဘ၀တိုက်ပွဲဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့
အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။ တစ်ခါတစ်ခါနွဲ့ဆိုးဆိုးတတ်တယ်။
တည်တည်ကြည်ကြည်နေတယ်၊ သွက်သွက်လက်လက်နဲ့ မိန်းမသားပါပဲ။ ခေတ်မီတယ်။
ဒါပေမဲ့ ခေတ်မဆန်ဘူး။ သိပ်သ၀န်ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး တခြားသူအကြောင်း
သွားမပြောလေနဲ့နော်။ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ကိုယ့်နဲ့အဆင်ပြေမယ်။
တစ်ခါတစ်လေ အလွန်လူကြီးဆန်ပြီးအများအားဖြင့် ကလေးဆန်တတ်တဲ့အတွက်
ကိုယ့်မိဘနဲ့တော့ ပြသနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာထားတဲ့သူပေါ့။

အကြွင်း (၂)။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား
သက်သက်ပါပဲ။ ကိုယ့်ကခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ့်ရမယ့်အိမ်ထောင်က ကရုဏာအပေါ်အခြေတည်တဲ့ အိမ်ထောင်မျိုး။ ကိုယ့်နဲ့အကြောင်းပါမဲ့ မိန်းကလေးခမျာ ဘ၀မှာ လူလည်လူရှုပ်တွေရဲ့ လှည့်စားမှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူရဲ့ နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။ သဘောထားကြီးကြီး နဲ့ သူ့ဘ၀ကို သိမ်းပိုက်ကာကွယ်ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွှတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘ၀က မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရလောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။
လုပ်တတ် ကိုင်တတ်။ ကိုယ့်မိဘအသိုင်းအ၀ိုင်း အရိပ်အောက်ကို ၀င်လာမှာ။ အောက်ကြိုပြီး ဆက်ဆံမှာ။ နောက်ဆို ကိုယ့် မိဘတွေကတောင် သမီးအရင်းလေးလို ချစ်မှာ။

အကြွင်း(၃)။ ရခဲ့ရင်တော့ ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်။ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ်
ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလယ်ကပေါ့။ တော်တော်မာန
ကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ် နှလုံးသာချိုသော်လည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံ
ကိုအဖက်မလုပ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်သည်။ ပညာအတတ်ကို အခြေတည်ပြီး အသက်
မွေးတဲ့မိန်းကလေး။ တစ်ခုတော့ ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအ၀န်းထဲ သူ
ဝင်မှာမဟုတ်ဘူး။ သူအသိုင်းအ၀န်းထဲ ကိုယ့်ရောက်လိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့်အနိုင်
ကျင့်တာ ၀ါသနာပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေထဲမှ
ခပ်ညံ့ညံ့လာလည်ရင်တောင် ရန်ဖြစ်မှာ။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်
ကြောင့် ဘ၀မှာ ထူးထူးခြားခြား တိုးတတ်မှုလေးတွေရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်း
တွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံ
ပေရော့။

အကြွင်း(၄)။ ရခဲ့ရင် အတော်က္ကနြေ္ဒကြီးပြီးမြင့်တဲ့ အသိုင်းအ၀န်းကြားက တင့်တယ်တဲ့ မိန်းကလေး
ကိုယ့်ဘ၀ထဲ တိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်သမားလေးဇာတ်လိုပေါ့။ သူမက ချစ်လွန်းလို့ အရာ
ရာကိုစွန့်ပြီး ဘ၀ကိုပုံအပ်မှာ၊ လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။ ဘ၀အတွေ့အကြုံကလဲနည်း၊
ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ခဲ့တာဆိုတော့ ဘ၀ကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း
ဖြစ်သန်းလာပီး၊ သန့်ဇင်လှတဲ့ သဇင်ပန်းလို တော်ဝင် မိန်းမမျိုးနဲ့ ဆုံစည်းရမှာပါ။ ကိုယ့်ဘ၀ကို သူ
ငယ်ချင်းတွေကတောင် မုဒိတာပွား ကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင်လွှတ်တတ် ပေမယ့်
မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး၊ ကိုယ့်မိဘနဲ့ အဆင်ပြေမည်။
အရာရာ ကိုယ့်သဘောပဲ၊ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။
မိန်းမရ ကံကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် ရှုပ်ဖို့ မစဉ်းစားနဲ့ ခံနေမှာမဟုတ်ဘဲ
တစ်ခါတည်း အပြီးပြတ်စဲပြီး လှည့်တောင်မကြည့် ဘဲ ကွဲပစ်လိုက်မှာ၊ သဘာထားကြီး ခေတ်မှီပေ
မယ့် ဒီကိစ္စမျိုးတော့ လုံးဝ ခွင့်မလွှတ်တတ်ဘူး။

အကြွင်း(၅)။ ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။
အတော်ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ၊ ၀တ်တာစားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ ခေတ်
စကားနဲ့ပြောရရင် Hot short ပေါ့။ လိုကိုယ့်နဲ့တွဲသွားရင်တောင် သူများက ငေးကြည့်ရအောင် စတိုင်ကျ
မှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေသည်းနီ နဲ့ ကြွေရုပ်လေးလိုပေါ့။
စူပါတ်ကြီးတွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ
လာမပြောနဲ့။ ကိုယ့်တောင် သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့ စိတ်မကူးလေနဲ့။
လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစ နဲ့ ကိုယ့်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ
(ရှင်က တော်တော် ခေတ်နောက်ကျတာပဲ တောကျလိုက်တာ) စသဖြင့်။ သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံ
ခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါစား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရလည်း
အမြင့်စားမှ။ BRANDED ဆိုတဲ့ စကား နှုတ်ဖျားမှာ ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်း
ကောင်းခန့်ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ်
တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စား ဖြစ်လာလို့ လမ်းထွက်ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာ
မဟုတ်ဘူးနော်။

အကြွင်း (၆)။ ရခဲ့ရင်တော့ မေတ္တာကြီးမား လှတဲ့ အမျိုးသမီးနဲ့ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ
အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုက တစ်ဆင့် (နင်)ရယ်၊ (ငါ) ရယ်၊ ကနေ (မောင်)ရယ်၊
(ကို)ရယ်၊တွေဖြစ်လာတာ။ သူနဲ့မရခင် ကိုကလည်း ရည်းစား များများ။ ဒါတွေ သူသိပြီးသား။
ဒီကြားထဲမှာ သူငယ်ချင်းလိုကနေမမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။ တစ်ဦးနဲ့
တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး
သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ် သွားမှာ။တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေလွန်ကဲပြီးချစ်ကြမှာ။
ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ်သွားမှာ။
ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ နှစ်ယောက် သွားအတူလာအတူ။ ဒီမိန်းကလေးကချစ်တတ်တယ်။
သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်တယ်။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ညီညွတ်မယ်။
ကိုယ့်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့် အလုပ်ကို ကူလုပ်လိမ့်မယ်။
နှစ်ယောက် ပေါင်းပြီးစီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။ တွဲဖက်တကယ်ညီတာ။ သူချက်ထားတဲ့
ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ကြားမှ ကိုယ့်အ၀တ်တွေ ၀င်လျှော်၊
အပြင်သွားဖို့ အ၀တ်အစားစီစဉ်ပေးတာ အစရေချိုးပြီး အိမ်နေရင်း အ၀တ်တောင်သူ့လက်နဲ့
ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူချင်း တွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမနားတစ်ချိန်
လုံးကပ်နေတာပဲ လို့.... စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေကြတာပါ။

အကြွင်း(၀)။ ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။
ကိုယ့်ရတဲ့မိန်းမကကိုယ့်ထက်အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ်
ဘာသာလူမျိုးတစ်ခုခု ကွာခြားမယ်။ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေ
မိမိထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော်အလိုက်သိမယ်။အလိုလိုက်မယ်။
စိတ်ချမှာလည်း မဟုတ်ဘူး။ အရိပ် တကြည့်ကြည့်နဲ့။ သိပ်ပြီးအလှပြင်မှာပဲ။ အသက်ကြီးတဲ့
သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ဒီစိတ်ကလေး
သူရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ်အပေါ်မှာ မိခင်တစ်ယောက်
ငဲညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။ တစ်ခုခုစိတ်အလိုမကျရင်
မျက်ရည်လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘ၀ထဲ အခက်အခဲများရင်ဆိုင် ပြီး လက်တွဲကြတာ
ကိုတော့ ဘယ်တော့မှမမေ့နဲ့ပေါ့ဘာပဲဖြစ်ဖြစ် မ ရဲ့ မောင်လေးဘ၀မှာ အေးချမ်းတဲ့မေတ္တာရိပ်
အောက်မှာ ပျှော်ရွင်နေတဲ့ ဘ၀လေးကို ထူထောင်ရမှာပါ။ မိန်းကလေး ခေတ်ပညာတတ်။
ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။
-------------------------------------------------------
ဒီဟောကိန်းလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေ ကိုလည်း ဗေဒင်ပြန်
ဟောကြည့်ပေါ့။
အိမ်မှာရှိတဲ့ အစ်ကိုလူပျိုကြီးတွေ ဦးလေးတွေဘာချန်မထားဘဲ တွက်ကြည့်ပြီး ဟောကိန်းထုတ်ပေးလိုက်ပါ
နော်။ ဆရာစံ -ဇာဏီဘိုရဲ့ အချစ်ဗေဒင် မှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

Friday, May 11, 2012

2012 ခုနှစ် (နှစ်သစ်ကူး) ၁၂ရာသီခွင်ဟောကိန်းများ

နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆို တဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ် လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူ ကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။ ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။ သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။

 . မိဿရာသီဖွားများ . မိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်မှာ အတိုက်အခံများမယ်။ ရန်များမယ်။ ဒါပေမယ့် ရန်အတိုက်အခံ၊ အပြိုင်အဆိုင် တွေရဲ့ ကြားကနေ အောင်မြင်မှုရမယ်။ - ငွေကြေးလာဘ်လာဘ အလွန်များပြားစွာ ၀င်ရောက်နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ငွေကြေး အတွက် လုံးဝ မပူပင်ရတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။ - ကျန်းမာရေးတော့ အတော်ဂရုစိုက်ရမယ်။ ချုခြာနေမယ်။ ရောဂါကြီးတွေဖြစ်နိုင်တယ်။ - နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းမယ်။ နိုင်ငံခြားခရီးတွေ သွားရတတ်တယ်။ - အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ပြုရန် အခက်အခဲများမယ်။ ရွှေ့ဆိုင်းရမယ်။ လက်ထပ်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာမယ်။ ဒါပေမယ့် အိမ်ထောင်ကျကိန်းလည်း အလွန်များတယ်။ - အိုးအိမ်ခြံမြေ ၊ ယာဉ်ကား နဲ့ ပတ်သက်ပြီး ကံကောင်းမယ်။ အထူးသဖြင့် ယာဉ်ကား ၀င်ကိန်းရှိတယ်။ - တစ်နှစ်လုံး စိတ်ပိုင်းဆိုင်ရာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်တယ်။ တော်လှန်ပုန်ကန်လိုတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မကြာခဏ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဖြစ်မယ်။ စိတ်နှစ်ခွ ဖြစ်နေမယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်မယ်။ - ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ကြုံ တတ်တယ်။ ဒီလို လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာဟာလည်း အံ့သြလောက်အောင် ကောင်းမွန်တိုးတက်မှုတွေ ကြုံရမယ်။ - သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံမယ်။ အထူးသဖြင့် ပညာရေးကြောင့် ဂုဏ်ယူစရာ ကိစ္စမျိုးဖြစ်ဖို့များပါတယ်။ - အိမ်ထောင်ရေးအတွက် စိတ်အလွန်ဆင်းရဲရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က တနည်းတနည်းနဲ့ ဒုက္ခပေးလို့ဖြစ်စေ မကြာခဏ စိတ်ဆင်းရဲ့ ရမယ့်နှစ်ဖြစ်တယ်။ - ကိုယ်တိုင် အိမ်ထောင်ရေး ရှုပ်ထွေးတတ်သူများ မိမိဂုဏ်သိက္ခာကျစရာ ကိစ္စတွေ ကြုံမယ်။ နာမည်ပျက်ကိန်း ကြုံတတ်တယ်။ - ၂၀၁၂ ခုနှစ်မှာ မိဿရာသီဖွားမွေးသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နဲ့ စနေသားသမီးတွေက ကံအထူးကောင်းဖို့ရှိပါတယ်။ - ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် အိမ်ကဘုရားမှာ “သစ်ကြားသီး” (သို့) “သကြား” လုံး (၈)လုံး ကပ်လှူပူဇော်လိုက်ပါ။ (သစ်ကြားသီးကို အခွံခွဲပြီးမှ ကပ်ပါ) 

. ပြိဿရာသီဖွားများ . ပြိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်မှာ ကံကောင်း/ကံညံ ရောထွေးနေမယ်။ ကောင်းတာတွေက စုတ်ကြီး၊ လာဘ်ကြီးဝင်မယ်။ (ကောင်းတဲ့)လိုအင်ဆန္ဒဟူသမျှ ပြည့်ဝတတ်တဲ့ နှစ်မျိုး ဖြစ်လိမ့်မယ်။ ဘာသာတရားရဲ့ အဆုံးအမကို အမြဲလိုက်နာ ကျင့်ကြံနေသူ ၊ အလှူရေစက် လက်နဲ့ မကွာသူများတွေမှာ သိသာထင်ရှားတဲ့ အကျိုးပေးမှုတွေ ရရှိနိုင်မယ်။ - အနုပညာရှင်များ ၊ နာမည်တစ်လုံးနဲ့ အလုပ်လုပ်စားသူများ နာမည်အလွန်ကြီးနိုင်တဲ့ နှစ်ဖြစ်တယ်။ နာမည်ကျော်ကြားကိန်းရှိတယ်။ - ဒါပေမယ့် ငယ်ရွယ်သူများ အချစ်ရေးကံ ညံ့နေမယ်။ ချစ်သူနဲ့ မကြာခဏ စကားများ ရန်ဖြစ်ရမယ်။ - အိမ်ထောင်ရှင်များအတွက်လည်း သိပ်ကံမကောင်းလှတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။ နဂိုကတည်းက “တဇောင်းစေး နဲ့ မျက်ချေး” ဖြစ်နေသူများ အိမ်ထောင်ရေးပြဿနာ အလွန်ကြီးမားနိုင်တယ်။ - အကောင်း နဲ့ အဆိုးရော ဆိုတာလို စီးပွားရေး နဲ့ လာဘ်လာဘတွေမှာ ကောင်းနိုင်ပေမယ့် ဒီနှစ်ထဲမှာ ဘေးဥပဒ်ကြီးတွေ ကြုံနိုင်တယ်။ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) နဲ့ စနေ သားသမီးတွေ အထူးသတိထားရမယ်။ Accident တွေကြုံနိုင်တယ်။ - ညီအစ်ကို မောင်နှမ ၊ မိခင် တစ်ဦးဦး ဆုံးရှုံးတတ်တယ်။ ယာယီ (သို့) ထာဝရ ခွဲခွာရတတ်တယ်။ - အမွေရကိန်း ရှိတယ်။ အမွေနဲ့ ရပိုင်ခွင့် ကိစ္စ တရားတစ်ဘောင်ဖြစ်ရင် ကိုယ်က အနိုင်ရကိန်း ရှိတယ်။ - လျှို့ဝှက်သော ၊ လူသိမခံနိုင်သော နေရာများမှ ငွေကြေးအမြောက်အများ ၀င်ကိန်းရှိတယ်။ - သားသမီးရှိသူများ သားသမီးအတွက် အပူသောက ကြုံရတတ်တယ်။ - အိမ်ထောင်ရှိသူများ အကျင့်စာရိတ္တမကောင်းသော ဆန့်ကျင်ဘက် လိင်များနှင့် ညိစွန်းတတ်တယ်။ သို့မဟုတ် မလွတ်လပ်သော သူများနှင့် ညိစွန်းတတ်တယ်။ - ၂၀၁၂ ခုနှစ်မှာ ပြိဿရာသီဖွားမွေးသူများထဲက ကြာသပတေး နဲ့ သောကြာသားသမီးများ ကံကောင်းမှုကို အထူး ရရှိ နိုင်တယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မကျန်းမမာဖြစ်နေတဲ့ သံဃာတစ်ပါးကို “ရဲယို” ဆေးဓာတ်စာကို လှူဒါန်းလိုက်ပြီး ၊ တန်ခိုးကြီးဘုရားတစ်ဆူမှာ ရွှေသင်္ကန်း ကပ်လှူလိုက်ပါ။ .

 မေထုန်ရာသီဖွားများ . မေထုန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - မိမိရဲ့ ကိုယ်စွမ်းကိုယ်စများ ထက်မြက်နေမယ်။ ကိုယ်စွမ်းအား စိတ်စွမ်းအားတွေ မြင့်တတ်နေမယ်။ အရာရာကို အကောင်းမြင်နေပြီး မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေမယ်။ - အလုပ်အကိုင် အပြောင်းအလဲဖြစ်ကိန်း ရှိတယ်။ ကံဇာတာမကောင်းသူများအတွက် အလုပ်ပြုတ်ကိန်း ၊ အလုပ်တာဝန်မှ ရပ်စဲခံရကိန်းမျိုး ရှိတတ်တယ်။ ကံဇာတာ ကောင်းရင်တော့ ပိုကောင်းတဲ့ အလုပ်နေရာကို ပြောင်းလဲရကိန်း ရှိတယ်။ - လူပျို၊ အပျိုများ မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။ အိမ်ထောင် ရှိသူများလည်း အိမ်ထောင်ရေး အရှုပ်အထွေးများ ၀င်လာတတ်တယ်။ လျှို့ဝှက်သော အိမ်ထောင်ရေး ကိစ္စများ ကြုံတွေ့လာနိုင်တယ်။ နဂိုကတည်းက အိမ်ထောင်ရေး အလွန်အမင်း အဆင်မပြေသူများ အိမ်ထောင် ဘက်နှင့် လမ်းခွဲရတတ်သည်အထိ ဖြစ်တတ်လို့ သတိပြုပါ။ - တစ်ချို့ကျပြန်တော့လည်း အိမ်ထောင်ဘက်ဖြစ်သူ တနယ်တစ်ကျေး ၊ နိုင်ငံရပ်ခြားများကို အလုပ်အကိုင်အတွက် သွားရောက်ရလို့ ခေတ္တခဏ ကွဲကွာကိန်း ရှိနိုင်တယ်။ - ယာဉ်ကား ၊ အိမ်ခြံမြေ ကိစ္စတွေမှာတော့ ကံကောင်းတွေ များစွာ ရှိနိုင်တာကို တွေ့ရပါတယ်။ ယာဉ်ကား ၊ စက်ပစ္စည်း ကရိယာ ၊ စက်မှုလက်မှုလုပ်ငန်း ၊ စာပေထုတ်လုပ်ရေးလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း များကနေ အကျိုးအမြတ်များစွာ ရရှိနိုင်တယ်။ - နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းနိုင်တယ်။ နိုင်ငံခြားထွက်မည့်သူများ လွယ်ကူ အဆင်ပြေစွာ ထွက်ခွာခွင့် ရနိုင်တဲ့ နှစ်မျိုြးုဖစ်တယ်။ - အစုရှယ်ယာ လုပ်ငန်း ၊ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သူများ ပါတနာအချင်းချင်း ပြဿနာ ပေါ်နိုင်တယ်။ လုပ်ဖော်ကိုင်ဖက်များအတွင်း မရိုးသားမှု ၊ သစ္စာဖောက်မှုများ ကြုံနိုင်တယ်။ - ယျေဘူယျအားဖြင့် မေထုန်ရာသီဖွားများအတွက် အညံ့များနိုင်တဲ့ နှစ်လို့ ယူဆနိုင်ပေမယ့် မမျှော်လင့်ဘဲ ငွေကြေးအလုံးအရင်း နဲ့ ၀င်ရောက်ကိန်းမျိုးတွေလည်း ရှိနေတာကို တွေ့ရ ပြန်ပါတယ်။ စိုင်ကော်လို့ ခြံပေါ်ရောက်တဲ့ကိန်းမျိုး ၊ မရွယ်ဘဲနဲ့ စော်ကဲမင်းဖြစ် ကိန်းမျိုးတွေလည်း ရှိနေပါတယ်။ - ၂၀၁၂ ခုနှစ်မှာ မေထုန်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ သောကြာ သားသမီးများ ကံဇာတာ ကောင်းမွန်မှုကို ပိုမို ရရှိနိုင်မှာဖြစ်ပါတယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ် ဧည့်ခန်း အမြင့်တစ်နေရာမှာ ရွှေရောင် ဇီးကွက်ရုပ် (၂)ရုပ်ကို ၀ယ်ယူထားရှိလိုက်ပါ။

. ကရကဋ်ရာသီဖွားများ . ကရကဋ်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ရှေးဘ၀များစွာက မိမိပြုဖူးတဲ့ ကုသိုလ်အကျိုးဆက်တွေ ၊ ယခုဘ၀မှာ ပြုထားတဲ့ ဒါန ၊ သီလ ၊ ဘာဝနာ အကျိုးတွေကို အများအပြား ခံစားရရှိမယ့် နှစ်ဖြစ်ပါတယ်။ - မိမိရဲ့ ဂုဏ်သိက္ခာ မြင့်မားတိုးတက်ပြီး လူအများရဲ့ လေးစားမှုကို ခံရမယ့် နှစ်မျိုးဖြစ်တယ်။ နိုင်ငံတော် ချီးမြှင့်တဲ့ ဘွဲ့ထူး ၊ ဂုဏ်ထူးတွေ ရရှိတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ ပညာရေးကံ ကောင်းတာကြောင့် ကျောင်းသူကျောင်းသားများ ၊ အဆင့်မြင့် ပညာများကို သင်ကြားနေသူများအတွက် အဆင့်မြင့်မားစွာ အောင်မြင်မှု ရရှိမယ့်နှစ်မျိုး ဖြစ်တယ်။ - လုပ်ငန်းရှင်များအတွက် အလုပ်ခွင်အတွင်းမှာ အလုပ်သမား အဓိကရုဏ်တွေ ၊ အလုပ်သမား ပြဿနာ တွေ များစွာကြုံတွေ့နိုင်ပေမယ့် အောင်မြင်စွာ ဖြေရှင်းနိုင်မယ့် အခြေအနေ မျိုးမှာရှိပါတယ်။ - တီထွင်ဖန်တီးလိုတဲ့စိတ် ၊ တိုးတက်အောင် ကြံဆလိုတဲ့ စိတ်တွေမြင့်မားနေပြီး မိမိလုပ်ငန်းကို ဆန်းသစ်တီထွင်မှုနဲ့ အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်။
 - တစ်ချို့သော ကရကဋ်ရာသီဖွားများမှာတော့ ငွေကြေးလာဘ်လာဘတွေ များစွာဝင်ရောက်ပေမယ့် အများအပြား ပြန်လည်ဆုံးရှုံးရကိန်းလည်း ရှိနေတာကို တွေ့ရတယ်။ မစင်ကြယ်တဲ့ ငွေမျိုးဆိုရင် ဒီလို ဖြစ်ကိန်းရှိတယ်။ - ဒီနှစ်ထဲမှာ အရာရာမှာ ရဲဝံ့စွန့်စားလိုစိတ် ရှိနေမယ်။ တုန်းတိုက်ကျားကိုက် လုပ်ချင်စိတ်တွေ များနေမယ်။ ဆုံးဖြတ်ချက်တွေ မြန်ဆန်မယ်။ (အမှန်လည်း များနေတတ်တယ်)။ အရာရာမှာ သတ္တိကောင်းနေလိမ့်မယ်။ - ဘဏ်များနှင့် ဆက်သွယ်ပြီး ငွေကြေးချေးငှားလုပ်လိုသူများ ငွေကြေးအမြောက်အများ ချေးငှားရရှိ နိုင်တယ်။ ဘဏ်များနှင့် ဆက်သွယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းများမှ အကျိုးပေးမယ်။ - တစ်ခုသတိထားရမှာက ဒီနှစ်ထဲမှာ ကုန်သည်လုပ်ငန်း ၊ ပွဲရုံလုပ်ငန်း ၊ ရွှေဆိုင်လုပ်ငန်းများ လုပ်ကိုင်သူများ ငွေကြေးလောဘနောက်ကို သိပ်မလိုက်ပါနဲ့။ ယုံကြည်စိတ်ချရမှု တစ်ခုထဲနဲ့ ရင်းနှီးမြုတ်နှံရမှုမျိုး မလုပ်စေလိုပါ။ အဆုံးအရှုံး များစွာရှိနိုင်ပါတယ်။
- ၂၀၁၂ ခုနှစ်မှာ ကရကဋ်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး သားသမီးများ ကံဇာတာ တိုးတက် ကောင်းမွန်မှု အထူးရရှိနိုင်ပါတယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ်ဘုရားမှာ “စံပယ်ပန်း” များကို မကြာခဏ ကပ်လှူပူဇော်ပေးပါ။ . 

 သိဟ်ရာသီဖွားများ . သိဟ်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်ထဲမှာ ဘာလုပ်လုပ် ချောချောမွေ့မွေ့ အဆင်ပြေပြေ ဖြစ်ခဲတယ်။ အခက်အခဲများနေမယ်။ မိမိကို အတိုက်အခံ ရန်ပြုမယ့်သူ များနေမယ်။ - ကျန်းမာရေးကလည်း ချုခြာနေမယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုတာလို ဖြစ်နေတတ်တယ်။ ရောဂါအခံရှိသူဆိုရင် ရောဂါပိုတိုးတတ်တယ်။ - အေးအေးလူလူ အငြိမ်မနေရဘဲ လှုပ်ရှားသွားလာရမှုတွေ များလွန်းနေမယ်။ ခရီးတိုတွေ မကြာခဏ သွားနေရတတ်တယ်။ - ဒီနှစ်ထဲမှာ စိတ်ဓာတ်ပြတ်သားမှု အားနည်းနေမယ်။ အရာရာကို တွန့်ဆုတ်နေမယ်။ စဉ်းစားတွေဝေ မှုတွေများနေမယ်။ သတ္တိရှိတဲ့လူဆိုရင်တောင်မှ အကြောက်တရားတွေ များနေတတ်တယ်။ - ဒါပေမယ့် ဒီလို အလုပ်အကိုင် ၊ စီးပွားရေး အခက်အခဲတွေ များနိုင်ပေမယ့် အချစ်ရေးကံလေးက အဆင်ပြေနေတာကြောင့် လူပျို၊ အပျိုများ အိမ်ထောင်ကျနိုင်တဲ့ နှစ်လည်း ဖြစ်တတ်တယ်။ - အိမ်ထောင်ရေး အဆင်မပြေလို့ အမြဲရန်သတ်နေတဲ့ အိမ်ထောင်ရေးများကျပြန်တော့လည်း ဒီနှစ်မှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာလို မဖြစ်သင့် မဖြစ်အပ်တာတွေ ဖြစ်တတ်ပြန်ရော။ - အလုပ်အကိုင် အချီကြီးတွေ ၀င်လာလိမ့်မယ်။ ဒါပေမယ့် တကယ်လုပ်ကြည့်တော့ အဆင်မပြေတာက ပိုများနေမယ်။ “တွက်ရေးကတော့ စက်သူဌေး ၊ တွက်ကြည့်တော့ အမြတ်မရှိ” ဆိုတာမျိုး ဖြစ်နေတတ် တယ်။ - ငွေကြေး ကံကတော့ ကောင်းနေမယ်။ ငွေစုံငွေပုံဝင်ကိန်းတောင်မှ ရှိတတ်ပါတယ်။ ဒီနှစ်ထဲမှာ ကံကြမ္မာ အညံ့တွေ ပြေပျောက်အောင် အလှူဒါနကိုများများပြုပေးပါ။ ငွေများများဝင်တဲ့ အခါတိုင်း အလှူဒါနတစ်ခုခုပြုဖို့ မမေ့ပါနဲ့။ ဒါဆို ကံအညံ့တွေ အတော်ပြေပျောက်သွားနိုင်ပါတယ်။ - ဒီနှစ်ထဲမှာ အိမ်ခြံမြေ (သို့) ယာဉ်ကား များနဲ့ ပတ်သက်ပြီး ကံကောင်းမှု များနိုင်တယ်။ အကျိုးအမြတ် များနိုင်တယ်။ အိမ်ခြံမြေ ယာဉ်ကား ပိုင်ဆိုင်ရတတ်တဲ့ ကံဇာတာရှိတယ်။
- ၂၀၁၂ ခုနှစ်မှာ သိဟ်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး သားသမီးများ ကံဇာတာ ပိုမိုတိုးတက်ကောင်းမွန်နိုင်ပါတယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ်ဘုရားမှာ ကံ့ကော်ပန်း ၊ ကံ့ကော်ညွန့်များ မကြာခဏ ကပ်လှူပူဇော်ပေးပါ။ .

 ကန်ရာသီဖွားများ . ကန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ငွေကြေး မြောက်များစွာ ၀င်ကိန်းရှိတဲ့ နှစ်မျိုးဖြစ်တယ်။ ၀င်နိုင်တဲ့ နည်းလမ်းတွေကတော့ ထီပေါက် ခြင်း ၊ အမွေရခြင်း ၊ ချေးယူ၍ ရရှိခြင်း ၊ ဘဏ်မှ ချေးငွေ ထုတ်ပေးခြင်း ၊ တရားမမှုများ အနိုင်ရခြင်းကြောင့် ဘာသာရေး နှင့် ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေဆောင်ရွက်ရကိန်း ရှိပါတယ်။ အလှူဒါန ကြီးကြီးမားမား ပြုရကိန်း ရှိပါတယ်။ တရားဘာဝနာ အားထုတ်ခြင်း ကိစ္စများလည်း ပြုလုပ်လိုစိတ် များပြားနေတတ်ပါတယ်။ - အလှူဒါန ပြုလုပ်လေလေ ငွေကြေးလာဘ်လာဘ ၀င်လေလေ ဖြစ်နိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ “ဘယ်ဘက်က တစ်ဆုပ်ကြဲ ၊ ညာဖက်က တစ်လှည်းဝင်” ဆိုတဲ့ စကားလိုပေါ့။ - မတော်တဆ ထိခိုက်မှု Accident ဖြစ်မှုများကို အထူးသတိပြုရပါမယ်။ ဒါပေမယ့် သူတော်ကောင်းကို နတ်ကောင်းစောင့် ဆိုတာလို ကုသိုလ်အားများသူအဖို့ အန္တရာယ်ကနေ လွတ်နိုင်ပါတယ်။ အကုသိုလ် များသူများအတွက်တော့ အသက်ဆုံးရှုံးနိုင်လောက်တဲ့ ဘေးဥပဒ် မျိုးကြီးတွေ ကြုံနိုင်တာ သတိထားပါ။ အထူးသဖြင့် ကား Accident နှင့် မီးဘေး ၊ ပေါက်ကွဲမှုဘေး ၊ လျှပ်စစ်ဘေးများ သတိထားပါ။ - အိုးအိမ်အဆောက်အဦး နဲ့ ယာဉ်ကာများနဲ့ ပတ်သက်ပြီး ကောင်းကျိုးခံစားရမယ်။ အိုးသစ်အိမ်သစ် ၊ ယာဉ်ကားအသစ်များ ၀င်ကိန်းရှိတယ်။ ပိုင်ဆိုင်ရတတ်ပါတယ်။ - အချစ်ရေးကံ ကောင်းမွန်တတ်တဲ့ နှစ်မျိုးဖြစ်ပြီး အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူများ အိမ်ထောင်ပြု ဖြစ်မယ့် နှစ်မျိုးဖြစ်ပါတယ်။ တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနားမျိုး ကျင်းပပြုလုပ် ရတတ်ပါတယ်။ - ဒီနှစ်ထဲမှာ အထူးသတိထားရမှာက Accident ဖြစ်တာကြောင့် မိမိကိုးကွယ်ရာ ဘာသာတရားကို မမေ့ပါနှင့်။ ဒီနှစ်ထဲမှာ သူတော်ကောင်းပါမှ နတ်ကောင်း မ, မှာဖြစ်ပြီး သူတော်ကောင်း မဟုတ်ပါက နတ်များ၏ ပြစ်ဒဏ်ခတ်မှုကို ခံရမည့် နှစ်ဖြစ်ကြောင်း စေတနာဖြင့် သတိပေးချင်ပါတယ်။
 - ၂၀၁၂ ခုနှစ်မှာ ကန်ရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ ၊ ကြာသပတေး သားသမီးများ ကံဇာတာ ကောင်းမွန်မှုများကို ပိုမိုရရှိခံစားနိုင်တယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိပြီး ကံဆိုးလွတ်အောင် အဓိဌာန်ပုတီးစိပ်ခြင်း ၊ အလှူဒါန မကြာခဏပြုပေးခြင်း ၊ လူမှုရေးလုပ်ငန်းများကို (လူချီးမွမ်းခံရဖို့မဟုတ်ဘဲ) စေတနာ မှန်စွာဖြင့် ဆောင်ရွက်ပေးခြင်းများကို ယတြာအနေဖြင့် ပြုလုပ်ပေးသင့်ပါကြောင်း။ .

 တူရာသီဖွားများ . တူရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ကံကောင်းမှု ကံညံ့မှုတွေ ရောထွေးနေတဲ့ နှစ်ဖြစ်လိမ့်မယ်။ မိမိကြိုးစားမှု အသီးအပွင့်တွေကို ခံစားရမယ့်နှစ် ဖြစ်တယ်။ စိတ်ကူးကောင်း ၊ အကြံကောင်းဉာဏ်ကောင်း တွေကြောင့် မိမိအခြေအနေ တိုးတက်မြင့်မားလာရမယ့် နှစ်မျိုးဖြစ်တယ်။ - ဒါပေမယ့် ငွေကြေး အမြောက်အများ ဆုံးရှုံးကိန်း ရှိနေတယ်။ သတိအတော်ထားနိုင်မှ ရမယ်။ များသောအားဖြင့် လူလိမ်ခံရတာမျိုးဖြစ်နိုင်ပြီး ၊ ရန်သူမျိုးငါးပါး (မီးဘေး ၊ ရေဘေး ၊ လေဘေး၊ ငလျှင်ဘေး) များကြောင့်လည်း ဖြစ်နိုင်တယ်။ - အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးကတောက်ကဆ ဖြစ်ရာမှ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသကဲ့သို့ မထင်မှတ်ဘဲ အိမ်ထောင်ရေး ရုတ်တရက် ပြိုကွဲသွားနိုင်တဲ့ ကံမျိုးလည်း ရှိနေတယ်။ သို့မဟုတ်ရင်လည်း အိမ်ထောင်ဘက် ကျန်းမာရေး အလွန်အမင်း ထိခိုက်မှုမျိုးလည်း ဖြစ်နိုင်တယ်။ - အစုစပ်လုပ်ငန်းများ ၊ ရှယ်ယာလုပ်ငန်းများ လုပ်သူများ အထူးသတိထားပါ။ မရိုးသားသသော ရှယ်ယာရှင်တစ်ဦးကြောင့် ငွေကြေးဆုံးရှုံးရကိန်းများ ရှိနိုင်ပါတယ်။ - ၀န်ထမ်းများအတွက်မူ ရာထူးတက်ကိန်း ၊ လစာတိုးတက်ကိန်း ၊ နေရာကောင်းများသို့ ရောက်ကိန်းများ ရှိနေတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များကတော့ လုပ်ငန်း အမှားအယွင်း မဖြစ်အောင် သတိထားဖို့လိုပါတယ်။ - ကောင်းသော အချက်တစ်ခုမှာ မိမိအား အမြဲတိုက်ခိုက် နေသူများ ၊ ရန်သူများ ၊ လုပ်ငန်းပြိုင်ဘက်များ အင်အားနည်းသွားရာမှ သူ့အလိုလို နောက်ဆုတ် သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ ရန်ချုပ်ငြိမ်းနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ - ၂၀၁၂ ခုနှစ်မှာ တူရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ သောကြာ ၊ တနင်္လာ ၊ စနေ သားသမီးများ ကံဇာတာ ပိုမို တိုးတက်မှုကို ရရှိခံစားနိုင်ပါတယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိပြီး ကံဆိုးလွတ်အောင် ဘာသာတရားများများ လုပ်ပေးခြင်း ၊ လုပ်ငန်းများကို အကျယ်မချဲ့ခြင်း ၊ ၀ိပဿနာ ဘာဝနာများကို အခါအားလျှော်စွာ ကျင့်ကြံပွားများပေးခြင်းများကို မကြာခဏ ပြုလုပ်ပေးပါလို့ အကြံပြုလိုပါတယ်။

 . ဗြိစ္ဆာရာသီဖွားများ . ဗြိစ္ဆာရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်မှာ “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်” ဆိုတာလို ဖြစ်နိုင်တဲ့နှစ် ဖြစ်တယ်။ ငွေကြေးစီးပွားဥစ္စာ များစွာဝင်ရောက်ခြင်း ၊ အလုပ်ရာထူးတိုးတက်ခြင်း ၊ လစာတိုးတတ်ခြင်း ၊ နေရာဌာနကောင်းကို ရောက်ခြင်း စသော ကောင်းခြင်းများ တစ်ခုမဟုတ်တစ်ခု ခံစားရရှိကိန်း ရှိပါတယ်။ တစ်ဦးခြင်း ကံကြမ္မာအလိုက် တစ်ချို့သော သူများမှာ ဆိုရင် ဘ၀မှာ တစ်ကြိမ်တစ်ခါမှ မကိုင်ဘူးတဲ့ ၀င်ငွေပမာဏ မျိုးတောင်မှ ရရှိနိုင်တယ်။ - အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ကျဖို့ အလွန်အားများတဲ့ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ရင်လည်း နေဖို့ထိုင်ဖို့ ကိစ္စတွေမှာပါ ဆက်ပြီး အဆင်ပြေနိုင်တယ်။ - ဒီနှစ်ဟာ စီးပွားရေးလုပ်ငန်းရှင် ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်သူများအတွက် အလွန်စီးပွား တိုးတက်ပြီး ငွေကြေးစုဆောင်းမိနိုင်တဲ့ နှစ်မျိုးဖြစ်လို့ ကံကောင်းမှုအပေါ်မှာ ဉာဏ် ၊ ၀ီရိယကို အစွမ်း ကုန်အသုံးချပြီး ကြိုးစားလုပ်ကိုင်ပါ။ - သို့သော် မိမိဂုဏ်သိက္ခာ ၊ နာမည်ဂုဏ်သတင်းနဲ့ ပတ်သတ်ပြီး လျှို့ဝှက်လုပ်ကြံဖန်တီး ဖျက်ဆီး ခံရမယ့် ကိန်းမျိုးလည်း ရှိနေတာ သတိပြုပါ။ - မိခင်၊ ဖခင် အကြီးအကဲများ ကျန်းမာရေးချို့ယွင်းတတ်ပြီး အသည်းအသန်ဖြစ်တတ်တယ်။ - ယာဉ်ကား အသစ်များဝယ်ယူမည့်သူများ ၀ယ်ယူရရှိနိုင်မဲ့ ကံကြမ္မာအခွင့်အရေးများ ပေါ်ပေါက်မယ်။ - ဒီနှစ်ထဲမှာ အိမ်ခြံမြေ ၊ တိုက်ခန်း အိမ်ယာ ၊ မိခင်ဖခင် ၊ ညီအစ်ကိုမောင်နှမ များထဲက တစ်ခုမဟုတ် တစ်ခု “ထွက်ကိန်း” ရှိတယ်။ ကောင်းသောထွက်ခြင်း နဲ့ မကောင်းသောထွက်ခြင်း ဖြစ်မဖြစ်ဆိုတာ ကတော့ တစ်ဦးခြင်းစီရဲ့ ရောက်နေတဲ့ အသက်ပိုင်းနဲ့ ဆိုင်မယ်။ (ကောင်းသော ထွက်ခြင်းဆိုတာ အကျိုးအမြတ်၊ ကောင်းကျိုးရပြီးထွက်တာ/ မကောင်းသော ထွက်ခြင်းဆိုတာ ဆုံးရှုံးခြင်း ၊ ကြေကွဲခြင်း ဖြစ်ပြီးထွက်တာ) - လူမှုဆက်ဆံရေးပိုင်း မပြေမပြစ်ဖြစ်မယ်။ ဒီနှစ်ထဲမှာ စိတ်ခံစားချက်အနေနဲ့ တော်လှန်ပုန်ကန်လိုစိတ် ၊ သူတစ်ပါးကို ဝေဖန်ရှုတ်ချလိုစိတ် ၊ ကိုယ့်စိတ်ထဲမှာ မှန်တယ်ထင်ရာကို သိပ်ပြောချင်လွန်းတဲ့ စိတ်တွေ ဖြစ်နေမယ်။ - ဒီနှစ်ထဲမှာ နိုင်ငံခြားကို ထွက်မည့် ကိစ္စများနှင့် ပတ်သက်ပြီး အခက်အခဲများစွာ ရှိနိုင်တယ်။ ထွက်ဖြစ်ရင်တောင် နှောင့်နှေးကြန့်ကြာမှုများ ကြုံရပြီးမှ ထွက်ရတတ်တယ်။
- ၂၀၁၂ ခုနှစ်မှာ ဗြိစ္ဆာရာသီဖွားမွေးသူများထဲက အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး သားသမီးများ ကံဇာတာ အထူးတိုးတက် ကောင်းမွန်မှုကို ခံစားရရှိနိုင်တယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိသည်ထက် ရရှိအောင် ရပ်ကွက်ထဲမှာ သီလရှင်တွေ၊ သီလရှင်ကျောင်းတွေမှာ “ဆန်” ကို အဓိကထားပြီး အလှူဒါနပြုပေးပါ။ သို့မဟုတ် နွမ်းပါးတဲ့ ကျောင်းသားငယ်လေးတွေကို “စာအုပ်၊ စာရေးကရိယာများ” လှူဒါန်းလိုက်ပါ။

. ဓနုရာသီဖွားများ . ဓနုရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်မှာ ကိုယ့်ဘ၀မှာ မှတ်လောက်သားလောက်အောင် “ရှုတ်ထွေးပွေလီမှု” များနဲ့ ကြုံနိုင်တယ်။ အထူးသဖြင့် အိမ်ထောင်ရေး ရှုတ်ထွေးမှုက အဓိကနေရာက ပါလိမ့်မယ်။ - ဘာလုပ်လုပ် အတိုက်အခံ ၊ အနှောင့်အယှက် များနေမယ်။ ရန်များမယ်။ အလိုလိုနေရင်း ရန်ရှနေသူမျိုး ကြုံရမယ်။ - ဘယ်လောက်ချမ်းသာသူဖြစ်ဖြစ် အကြွေးတင်တတ်တယ်။ အနည်းဆုံး ဘဏ်ကြွေး တင်တတ်တယ်။ လုပ်ငန်းမှာ ငွေမလည်ဘဲ ငွေကြပ်နေတတ်တယ်။ - အလုပ်တာဝန်တွေ အလွန်ပိမယ်။ သူများတွေ မယူချင်တဲ့ တာဝန်တွေ ယူရမယ်။ ခက်ခဲပြီး အန္တရာယ် များတဲ့ အလုပ်တွေ တာဝန်ယူရတတ်တယ်။ - အချို့သော ဓနုရာသီဖွားများမှာ တရားတစ်ဘောင် အမှုအခင်းဖြစ်ဖွယ်ရှိတယ်။ ယာဉ်ကား နဲ့ ပတ်သက်ပြီးသော်၎င်း ၊ ညီအစ်ကိုမောင်နှမခြင်း အမွေလုတဲ့ ကိစ္စများကြောင့်သော်၎င်း ဖြစ်ဖို့ ရှိတယ်။ - အိမ်ထောင်ရှိသူများ ၊ အိမ်ထောင်ရေး ကတောက်ကဆ မကြာခဏဖြစ်နေမယ်။ မျက်နှာခြင်း ဆိုင်လိုက်တာနဲ့ ပြဿနာဖြစ်တော့တဲ့ အခြေအနေမျိုးတွေထိ ရောက်နိုင်တယ်။ - မကောင်းတာတွေ များလှချည်းလားလို့ မညဉ်းပါနဲ့ဦး။ ကောင်းတာတစ်ခု ရှိပါတယ်။ ဒါကတော့ ဒီနှစ်ထဲမှာ ငွေစုငွေပုံ မြောက်များစွာ ၀င်ကိန်းရှိပါတယ်။ ထီပေါက်ခြင်း၊ အမွေရခြင်း ၊ မြေအောက်မှ ရတနာပစ္စည်း ၊ ရွှေသတ္တု ၊ ရေနံ အစရှိသော တွင်းထွက်ပစ္စည်းများ ရရှိခြင်း ၊ လျှို့ဝှက်သော နည်းလမ်းများမှ၎င်း ၊ ငွေကြေးအစုအပုံရရှိနိုင်တယ်။ အထူးသဖြင့် “ထီပေါက်ကိန်း” သိပ်များနေလို့ လစဉ်ပုံမှန် ထီထိုးပေးပါ။ - လူမှုရေးလုပ်ငန်း ၊ အများအကျိုးလုပ်ငန်းများ လုပ်နေသူများအတွက်တော့ ဒီနှစ်မှာ နာမည်ဂုဏ် သတင်း အလွန်မွှေးပျံ့နိုင်ပြီး လူအများကြားမှာ အလွန်ထင်ရှားလာမယ်။ ပြည်တွင်း ပြည်ပက ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ ရနိုင် တယ်။ - သားသမီးရှိသူများ သားသမီးအတွက် အပူတွေ့နိုင်တယ်။ ငယ်သောသားမီးများမှာ ကျန်းမာရေး ၊ ကြီးသော သားသမီးများမှာ ပညာရေး နဲ့ အချစ်ရေးတွေကြောင့် စိတ်ဆင်းရဲရကိန်း ရှိတတ်တယ်။ - ဒီနှစ်ထဲမှာ သဘာဝဘေးဥပဒ်တွေဖြစ်တဲ့ ရေ၊ မီး ၊ လေဘေး ၊ ငလျှင်ဘေး ၊ ပေါက်ကွဲမှု ဘေးများ ကြုံရဖွယ်ရှိလို့ ရတနာ(၃)ပါးကို မမေ့မလျော့ဆည်းကပ်ပါ။ အကုသိုလ်တရားနည်းအောင် နေပြီး ကုသိုလ်တရားများ များများပွားများပေးပါ။
- ၂၀၁၂ ခုနှစ်မှာ ဓနုရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) နဲ့ စနေ သားသမီးများ အဆိုးနည်းပြီး ကံဇာတာကောင်းမှုများကို ပိုမိုခံစားရဖွယ်ရှိတယ်။ ဒါပေမယ့် Accident များကိုတော့ အထူးသတိထားရပါမယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံအညံ့တွေ လွတ်ပြီး ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် ရတနာ(၃)ပါးကို အမြဲဆည်းကပ်ကိုးကွယ်ခြင်း ၊ လူအို ၊ လူနာ (မကျန်းမာသောသူများ) အား ဆေးဝါးဒါနပြုပေးခြင်း၊ နေအိမ်ဘုရားမှာ အင်္ဂါနံနဲ့ စ,တဲ့ “ဇွန်ပန်း ၊ ဇော်စိမ်း၊ စွယ်တော် ၊ ဇလပ် ၊ ဇီဇ၀ါ” ပန်း၊ အညွှန့်များ မကြာခဏ ကပ်လှူပေးပါ။ အင်္ဂါနံနဲ့စ, ပေမယ့် (စံပယ်)ကိုတော့ ရှောင်ပါ။ . 

 မကာရရာသီဖွားများ . မကာရရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - နာမည်ဂုဏ်သတင်း ကျော်စောမယ်။ လူသိများပြီး ထင်ရှားလာမယ်။ ဘုန်းတန်ခိုး သြဇာတက်လာမယ်။ နမည်ကျော်ကြားမှုနဲ့အတူ ငွေကြေး ၊ ဓန ၊ လာဘ်လာဘများလည်း အတူဝင်ရောက်လာမယ်။ - ဒါကြောင့် ဒီနှစ်ဟာ အနုပညာသမားများ ၊ နာမည်တစ်လုံးနဲ့ အသက်မွေးသူများ အလွန်ကောင်းစား နိုင်တဲ့ နှစ်ဖြစ်တယ်လို့ ဆိုနိုင်တယ်။ - ဒီနှစ်ဟာ မကာရရာသီဖွားများအတွက် “ငွေကြေး နဲ့ ကျော်ကြားမှု” တွေကို ဆောင်ကျဉ်းပေးမယ့် နှစ်ဖြစ်လို့ တစ်ဖက်ကလည်း ကံတရားကိုချည်း မှီခိုမနေဘဲ ဉာဏ် ၊ ၀ီရိယများကိုလည်း အစွမ်းကုန် စိုက်ထုတ်ကြီးစားမယ်ဆိုရင် “ဘ၀အလှည့်အပြောင်း” (Turning Point) ဖြစ်သွားနိုင်တဲ့ နှစ်မျိုး ဖြစ်နိုင် ပါတယ်။ - အိမ်ထောင်ရှင်များအတွက်တော့ အိမ်ထောင်ရေး ပြဿနာ အနည်းအကျဉ်းတက်နိုင်ပေမယ့် သိပ်ဆိုးဆိုးဝါးဝါး ဖြစ်လောက်တဲ့ နှစ်တော့ မဟုတ်နိုင်ပါဘူး။ - ဒီနှစ်ထဲမှာ အိမ်မှာ သိပ်မကပ်ရတဲ့ဘဲ မိသားစုနဲ့ နီးနီးကပ်ကပ်နေရမှု နည်းလိမ့်မယ်။ ခရီးတို ခရီးရှည် တွေ များပြားနိုင်တယ်။ အလုပ်ကြီး အကိုင်ကြီး လုပ်သူများ နိုင်ငံခြားတိုင်းပြည်မျာကို အိမ်ဦးနဲ့ကြမ်းပြင် ဆိုတာလို မကြာခဏသွားလာနေရတတ်တယ်။ - စိတ်ကူးကောင်း ၊ အကြံဉာဏ်ကောင်းများ ထွက်ပေါ်လာပြီး အကြံကောင်း ဉာဏ်ကောင်း များကြောင့် အလုပ်အကိုင် တိုးတက်မှုများ ကြုံရမယ်။ - နဂိုကတည်းက “ဇ” ရှိသူများ အိမ်ထောင်ရေး အရှုတ်အထွေးတွေဖြစ်မယ်။ အိမ်ထောင်ရှိသူများ ၊ မလွတ်လပ်သူများ ၊ အကျင့်စာရိတ္တမကောင်းသူများနှင့် တွေ့ကြုံညိစွန်းတတ်တယ်။
 - ၂၀၁၂ ခုနှစ်မှာ မကာရရာသီ မွေးဖွားသူများထဲက – တနင်္ဂနွေ ၊ အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ သားသမီးများ အထူးကံကောင်းနိုင်တယ်။ ဗုဒ္ဓဟူး(ရာဟု)မွေးသူများ စီးပွားရေး ၊ အောင်မြင်ရေး ကိစ္စတွေမှာ ကောင်းပေမယ့် အသက်ဘေးနီးတဲ့ ဘေးဥပဒ်ကြီးတွေ ကြုံရပြီး အံ့သြဖွယ်ရာကောင်း အောင် လွတ်မြောက်နိုင်တယ်။ ဗုဒ္ဓဟူး(ရာဟု)မွေးသူများ Accident နဲ့ ပေါက်ကွဲမှုဘေး၊ လေ/ရေ/မီး ဘေးများ သတိထားပါ။ ရတနာသုံးပါးကို အမြဲဆည်းကပ်ပါ။ - ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် - ရဲယိုသီး ဓာတ်စာဆေးကို နာမကျန်းသူများ ၊ သက်ကြီးရွယ်အိုများ ၊ သံဃာတော်များကို မကြာခဏ ကပ်လှူပေးပါ။ ကျိန်းကျေအောင် မိတ်ဆွေများထဲက ဆေးရုံဆေးခန်း တက်ရောက် ကုသနေရသူများ ရှိရင် လူနာမေး သွားဖြစ် အောင်သွားလိုက်ပါ။

. ကုံရာသီဖွားများ . ကုံရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ဒီနှစ်ဟာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲခြင်းတွေနဲ့ ကြုံဆုံရမယ့် နှစ်မျိုးဖြစ်တယ်။ ရုတ်တရက် မထင်မှတ်ဘဲ ဘ၀ ၊ အလုပ် ၊ နေရာထိုင်ခင်း အပြောင်းအလဲတွေ ကြုံနိုင်တယ်။ ဒါပေမယ့် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်။ - မိမိရဲ့ ကောင်းသော လုပ်ရပ်များ ၊ စွန့်လွှတ်အနစ်နာခံခဲ့ရမှုများ ၊ လှူဒါန်းပေးကမ်းခဲ့မှုများ ၊ အားနည်းသူများကို ကူညီစောင့်ရှောက်ခဲ့မှုများရဲ့ အကျိုးရလာဒ်များကို ခံစားရမယ့်နှစ် ဖြစ်နိုင်တယ်။ ကိုယ်လုပ်ခဲ့တဲ့ “ကုသိုလ်” တရားများ ကိုယ့်ကို ပြန်စောင့်ရှောက်မယ့် နှစ်ဖြစ်ပါတယ်။ - လူပျို ၊ အပျိုများ “စန်း” အလွန်ပွင့်နိုင်တဲ့ နှစ်ဖြစ်ပြီး “စန်း” ပွင့်မှု အလွန်အရေးပါတဲ့ အနုပညာရှင်များ အတွက် အလွန်ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်လိမ့်မယ်။ - ထီဝါသနာရှင်များအတွက် ဒီနှစ်ဟာ “ထီဆုကြီးများ” ပေါက်ဖို့ အခွင့်အလမ်း အများဆုံးနှစ်ဖြစ်တာ ကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ လစဉ် ထီထိုးဖို့ မမေ့ပါနဲ့။ ကိုယ်တိုင်လည်းထိုးသင့်သလို စပ်တူလည်း ထိုးသင့်တယ်။ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု)သားများနဲ့ စပ်တူထိုးသင့်တယ်။ (ထီ ဆိုသည်မှာ အောင်ဘာလေ ထီကိုသာ ဆိုလိုပါသည်။ နှစ်လုံး ၊ ၃လုံးများနှင့်မသက်ဆိုင်ပါ) - နောက်ပြီး “အမေရိကား ရူး, ရူးနေသူများ” အတွက် အမေရိကန် ကံစမ်းမဲ ဗီဇာမျိုးလည်း ပေါက်တတ်တယ်။ မျှော်လင့်ချက်ရှိတယ်။ - ယာဉ်ကား နဲ့ ပတ်သက်ပြီး Accident ကြုံရဖွယ်ရှိတယ်။ အားတော့ သိပ်မပြင်းလှပါဘူး။ ဒါပေမယ့် “သက္ခတ်” အညံ့ထဲ ရောက်နေရင်တော့ မပေါ့ဆကြပါနဲ့။ - ပညာရေး အားကောင်းတဲ့ နှစ်ဖြစ်လို့ ကျောင်းသူကျောင်းသားများ ၊ ဘွဲ့လွန် တက်ရောက်နေသူများ ၊ လုပ်ငန်းဝင်ခွင့် စာမေးပွဲ ဖြေနေသူများ ထူးချွန်စွာ အောင်မြင်ဖို့ အခွင့်အလမ်းများ ရှိနေပါတယ်။ - အိမ်ခြံမြေ ၊ ယာဉ်ကားများ နဲ့ ပတ်သက်ပြီး ကံကောင်းမှုများကို ခံစားရရှိနိုင်တယ်။ အိမ်ခြံမြေ၀င်ကိန်း (သို့) အိမ်ခြံမြေနှင့် ပတ်သတ်ပြီး အကျိုးအမြတ်များပြားမှုများ ကြုံရနိုင်တယ်။ - ဖခင်ဖြစ်သူနဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာ ကိစ္စတွေ ကြုံရနိုင်တယ်။ ဖခင်ဖြစ်သူရဲ့ ကံဇာတာ တက်ကိန်း ရှိပါတယ်။ ဖခင်ရဲ့ အကျိုးကျေးဇူးကို ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ - နိုင်ငံရပ်ခြားကို သွားမည့်သူများအတွက် လွယ်ကူစွာ ထွက်ခွာခွင့် ရရှိနိုင်ပြီး သွားရင်လည်း အဆင်ပြေ တတ်ပါတယ်။ - နိုင်ငံရပ်ခြား နှင့် ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များလည်း အလွန်အကျိုးကျေးဇူး ရှိတတ် ပါတယ်။
- ၂၀၁၂ ခုနှစ်မှာ ကုံရာသီ မွေးဖွားသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ နဲ့ စနေ သားသမီးများ ထူးခြားသိသာစွာ ကံကောင်းနိုင်ပါတယ်။ ကျန်နေ့သားသမီးများလည်း ထိုက်သင့်တဲ့ အကျိုးကျေးဇူးကို ခံစားရရှိပါလိမ့်မယ်။ - ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် – သီဟိုစေ့ ၊ သရက်သီး ၊ သရက်သီး သနပ် များကို ဘုရားဆွမ်းကပ်ခြင်း ၊ သံဃာများအား ဆွမ်းလောင်းလှူပေးခြင်း ၊ မိတ်ဆွေများအား လက်ဆောင်ပေး ခြင်းများကို မကြာခဏပြုလုပ်ပေးပါ။ “သန္တာကျောက်” ကို အဆောင်အဖြစ် (ယခုနှစ်အတွက်) ၀တ်ဆင်ပေးပါ။ .

 မိန်ရာသီဖွားများ . မိန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ - - ယခုနှစ်အတွက် ကံကောင်း/ကံညံ့ ရောထွေးနေမယ့် နှစ်မျိုးဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝသူဘဲ ဖြစ်စေ ၊ လူလတ်တန်းစားဘဲ ဖြစ်စေ၊ အောက်ခြေလူတန်းစားဘဲဖြစ်စေ အားလုံးဟာ သူနည်းနဲ့သူ ဘ၀အတွက် လှုပ်ရှားရုန်းကန်ရမှု များမယ့်နှစ်ဖြစ်မယ်။ စိတ်အေးချမ်းသာယာစွာ နေရမယ့် နှစ်ဖြစ်ဖို့ မပါပါ။ - အိမ်ထောင်ရေးကံ ညံ့နိုင်တဲ့ နှစ်ဖြစ်လို့ အိမ်ထောင်ရှိသူများ သတိထားပါ။ အနည်းဆုံး မကြာခဏ ကတောက်ကဆဖြစ်တာကနေ အိမ်ထောင်ရေး ပြဿနာကြီးများဝင်သည်အထိ ဖြစ်နိုင်တယ်။ - အသက်ဘေးနီးတဲ့ ကိစ္စကြီးတွေ ၊ Accident တွေ ကြုံရကိန်း ရှိပြီး ကပ်ပြီး လွတ်မြောက်နိုင်တဲ့ အဖြစ်အပျက်မျိုးလည်း ကြုံရကိန်းရှိပါတယ်။ - သားသမီးလိုချင်နေပြီး မရနိုင်သူများ သားသမီးရရှိနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ - မိမိအလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဒွိဟ ဖြစ်စရာ ကိစ္စမျိုးတွေ ကြုံမယ်။ အလုပ်အကိုင် ရွေးချယ်ရာမှာ စိတ်နှစ်ခွဖြစ်စရာ ကိစ္စတွေကြုံမယ်။ - လူမှုရေးလုပ်ငန်း ၊ ပရဟိတလုပ်ငန်းများ လုပ်ခွင့်ရမယ်။ အလှူဒါနတွေ များများ ပြုလုပ်ဖြစ်လိမ့်မယ်။ - စာအုပ်စာပေလုပ်ငန်း ၊ သတင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်း ၊ ယာဉ်ကားလုပ်ငန်း ၊ လူမှုရေးပရဟိတ လုပ်ငန်း တစ်ခုမဟုတ် တစ်ခု ကိုယ်တိုင် တည်ထောင်သူ ၊ အဓိကနေရက ပါဝင်သူ ဖြစ်လာဖို့ ရှိတယ်။ လူအများနဲ့ ဆက်သွယ် ၊ စပ်ဆိုင်နေတဲ့ လုပ်ငန်းသစ်တစ်ခုခု လုပ်ရဖို့ ရှိတယ်။ - အချို့သော အိမ်ထောင်ရှင်များမှာ အိမ်ထောင်ဘက်ဖြစ်သူ နိုင်ငံရပ်ခြားကို အလုပ်လုပ်ဖို့ထွက်ခွာခြင်း ကြောင့် ယာယီခေတ္တ ကွဲကွာကိန်းမျိုး ရှိနိုင်တယ်။ - ကိုယ်တိုင် နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကိစ္စဆိုရင်တော့ အခက်အခဲ အလွန်များ လိမ့်မယ်။ ဒါပေမယ့် အပြီးအပိုင်ထွက်ခွာနေထိုင်ဖို့ ကိစ္စဆိုရင်တော့ အခက်အခဲရှိပေမယ့် အောင်မြင်စွာ ပြောင်းရွှေ့နေထိုင်ရကိန်း ရှိပြန်တယ်။ - ဒီနှစ်ဟာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဖြစ်သူဟာ နာမည်ကျော်ကြားကိန်း၊ အောင်မြင်တိုးတက်ကိန်း များ ရှိနေပြီး အိမ်ထောင်ဘက်ဖြစ်သူရဲ့ ဘ၀ကံဇာတာ မြင့်မားနေပါလိမ့်မယ်။ (သို့သော် အိမ်ထောင်ဘက်၏ ကြီးပွား အောင်မြင်တိုးတက်မှု နှင့် အိမ်ထောင်သာယာချမ်းမြေ့မှုတို့သည် ထပ်တူမကျနိုင်ပါ)
- ၂၀၁၂ ခုနှစ်မှာ မိန်ရာသီ မွေးဖွားသူများထဲက - အညံ့စင်စင်ကြယ်ကြယ် နှင့် ကောင်းသူ မရှိနိုင်ပါ။ အကောင်းအညံ့များ ရောထွေးနေနိုင်ပါတယ်။ ဒီထဲက တနင်္လာ နှင့် ဗုဒ္ဓဟူး(ရာဟု) သားသမီးများသာ အကောင်းဖက်သို့ အားများတယ်လို့ ပြောရ မလိုပါဘဲ။ ဒါပေမယ့် ဘာသာရေး နှင့် လူမှုရေး အကျိုးဆောင်မှု လုပ်ငန်းများ များများလုပ်သူများသာ အညံ့နည်းပြီး အကောင်းများဖို့ ရှိပါတယ်။ - ဒါကြောင့် ဒီနှစ်အတွက် ကံအညံ့တွေ လွတ်ပြီး ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် - နာမကျန်းဖြစ်နေပြီး ဆေးကုဖို့ငွေမရှိသူတွေကို ငွေကြေးလှူဒါန်းခြင်း ၊ လမ်းပြုပြင်တဲ့ အလှူကို လှူပေးခြင်း၊ ဆေးရုံသုံး စက်ကရိယာ တစ်မျိုးမျိုး လှူဒါန်းပေးခြင်းများကို ပြုလုပ်သင့်ပါတယ်။
. ပြီးပါပြီ။ .
 (၁၂)ရာသီခွင်တွင် မွေးဖွားလာကြသော (၇)ရက်သားသမီးအားလုံး နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်း ခညောင်းနိုင်ကြပါစေ။ . ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) . မှတ်ချက်။ ။ အထက်ပါ ဟောကိန်းများမှာ အနီးကပ် အမြန်ရေးလိုက်သော “အကျဉ်းချုပ်” ဟောကိန်းများ ဖြစ်သောကြောင့် အားလုံး အပြည့်အစုံ မဟုတ်သေးပါ။ ကျန်ရှိနေသော အချက်များလည်း ရှိပါသေးသည်။ ထို့ကြောင့် နောက်ထပ် ထပ်မံ၍ Update ပြုလုပ်ပေးသွားဦးမည် ဖြစ်ပါသည်။ 2010 ခုနှစ်ကအတိုင်း “ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေ ၊ ကျန်းမာရေး ၊ ငွေကြေး ၊ အလုပ်အကိုင် ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ သားရေးသမီးရေး . . . စသည့်ဖြင့် ခေါင်းစီးငယ်များ ပိုင်းခြားပြီး ထပ်မံ၍ Update ပြုလုပ်ပေးသွားပါဦးမယ်။ မကြာခဏ လာရောက်ဖတ်ရှုပေးပါရန် ဖိတ်ခေါ်ပါသည်။ . 2012 အတွက် အထူးအစီအစဉ် မိမိထံသို့ ကွန်းမန့်များအတွင်းမှ မေးခွန်းပေါင်းများစွာကို မေးမြန်းထားသည်ကို တွေ့ရသော်လည်း ပြန်လည်၍ ဖြေမပေးနိုင်သည်ကို အနူးအညွတ်တောင်းပန်ပါသည်။ သို့ဖြစ်၍ ၂၀၁၂ အထူးအစီအစဉ်အဖြစ် ယခု ၂၀၁၂ တစ်နှစ်အတွက်နှင့် သက်ဆိုင်သော မေးခွန်းများကို ဖြေပေးပါမည်။ မေးခွန်းသည် အထွေထွေ (ရောကောသောကော) မေးခွန်းမဖြစ်ရပါ။ ဥပမာ – ဒီနှစ် ၂၀၁၂ ထဲမှာ ရာထူးတက်မလား ? အိမ်ထောင်ကျမလား ? အိမ်ထောင်ပြုသင့်လား ? ချစ်သူရမလား ? နိုင်ငံခြား သွားရမလား ? ကျန်းမာရေး ကောင်းမလား ? အိမ်ထောင်ရေး အဆင်ပြေမလား? နေရာ ၊ ရာထူး ပြောင်းရကိန်း ရှိလား ? အမှုအခင်းဖြစ်ကိန်း ရှိလား ? စသည့် မေးခွန်းများဖြစ်ပါသည်။ ၂၀၁၂ တစ်နှစ်ထဲနှင့်သာ သက်ဆိုင်သော မေးခွန်းဖြစ်ရပါမည်။ နောက်နှစ်များနှင့် မသက်ဆိုင်ရပါ။ မိမိ၏ အဖြေသည်လည်း ၂၀၁၂ တစ်နှစ်ထဲနှင့်သာ သက်ဆိုင်ပါမည်။ ဥပမာ – ဒီနှစ် (၂၀၁၂)မှာ ရာထူးတက်မလား ? ဟု မေးသည်ကို မိမိက “မတက်နိုင်သေးပါ” ဟုဖြေလျှင် ၂၀၁၂ အတွက်သာဖြစ်ပါသည်။ ၂၀၁၃မှာတော့ တက်ချင်တက်မှာပေါ့။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုပါသည်။ မေးခွန်းတိုများသာ မေးပါ။ မေးခွန်းအရှည်ကြီးများ ၊ ဘာကို မေးချင်မှန်းမသိသော မေးခွန်းများကို ဖြေပေးမည် မဟုတ်ပါ။ မေးခွန်း (၄-၅-၆)မျိုး မေးခြင်းမျိုးလည်း သည်းခံပါ။ တစ်ကြိမ်လျှင် မေးခွန်းတစ်ခုသာလျှင် မေးပါ။ လိုအပ်သည့် အချက်များမှာ - (၁) ၂၀၁၂ အတွက် သိလိုသော မေးခွန်းတစ်ခု (၂) မွေးသက္ကရာဇ် အပြည့်အစုံ (ဘာနေ့သားသမီးဆိုတာပါ ထည့်ရန်) (၃) ဘလော့ ညာဖက် အောက်နားရှိ “ဟူးရားဂဏန်း” ယူကြမယ် ကို နှိပ်ပြီး ပေါ်လာသော ဂဏန်းတစ်ခု။ ဤ (၃)ခု ပြည့်စုံပါစေ။ ယခု ပို့စ်၏ အောက်ဖက်မှ ကွန်းမန့်အတွင်းမှာဘဲ မေးရမည် ဖြစ်ပါသည်။ အခြားနေရာ များတွင် မေးလျှင် ဖြေမည်မဟုတ်ပါ။ တွက်ရသည်မှာ ပင်ပန်းခက်ခဲသောကြောင့် အပျော်မမေးပါနှင့် ၊ အပျင်းပြေ မမေးပါနှင့်ဟု တောင်းပန်လိုပါသည်။ လောလောဆယ် မေးစရာ မရှိသေးလျှင် နောက်မှ မေးပါ။ ၂၀၁၂ တစ်နှစ်လုံး ဖွင့်ပေးထားပါမည်။ မိမိတင်လိုက်သော Comment ချက်ခြင်းပေါ်မလာလျှင် ခဏစောင့်ပါ။ ထပ်ရိုက်စရာမလိုပါ။ Anti Spam Software မှ Spam ဟုတ်မဟုတ် စစ်ဆေးပါဦးမည်။ Spam မဟုတ်လျှင် မိမိ ကွန်းမန့် (သို့) မေးခွန်း သူ့ဟာသူ ပေါ်လာပါလိမ့်မည်။ မိနစ် အနည်းငယ်မှ နာရီအနည်းငယ်အထိ စောင့်ရန် လိုပါသည်။ ခဏခဏ ထပ်ရိုက်ရန် မလိုပါ။ . ကျန်းမာချမ်းသာကြပါစေကုန်သော်။ .
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Wednesday, January 11, 2012

၁၂လရာသီဖွားများအတွက် အဆောင်ကျောက်ဖက်ရှင်


















အခုရေးမဲ့အကြောင်းအရာက ၁၂လရာသီဖွားများအတွက် အဆောင်ကျောက်တွေ အကြောင်းပါ။ ကျောက်တွေတိုင်းမှာ ကိုယ်ပိုင် အစွမ်းသတ္တိများ ရှိကြပြီး ၀တ်ဆင်သူကို အကျိုးပေးတတ်ကြောင်း သိရပါတယ်.. ၁၂လရာသီဖွား အားလုံး အတွက်ဆိုတော့ ရတနာ ၁၂မျိုး ရှိနေတာမို့ ကျောက်မျက်ရတနာ တစ်ခုစီအကြောင်း အသေးစိတ်ရေးရင် ရှည်လျားထွေပြားမှာ စိုးတာကြောင့် တစ်မျိုးစီအကြောင်းကို ရှာဖွေစုဆောင်း ဖတ်ရှုထားသမျှ အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါတယ်။


ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်

ပထမဆုံး ဇန်န၀ါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်န၀ါရီလဖွားများအတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့ အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်… ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

၁. စိတ်ကိုအေးချမ်းစေခြင်း

၂.ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း

၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း

၎.၀တ်ဆင်ထားသူအား အန္တရာယ်တစ်ခုခုကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း)

၅.ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း

၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း

၈.ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း

၉.မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ

ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်းခေါ် ခရမ်းစွဲဖြစ်ပါတယ်.. ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်သည်ု နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..


ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ


၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း

၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း

၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း

၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း

၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း

၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ


မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ၀တ်ဆင် သုံးစွဲတတ်ကြပါတယ်.. မြပြာသည် ဥဿဖရားအပြာရောင်နှင့် ဆင်ဆင် တူသည့်အတွက် ၀ယ်ယူသည့်အခါတွင် အထူးသတိထားကာ ၀ယ်ယူသင့်သည်ဟု မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တူးဖော်ရရှိကြောင်း သိရပါတယ်..

မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ


၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို ၀တ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂.ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း

၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း

၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း

၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဧပြီလဖွားများအတွက် စိန်

ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ရှိပြီး ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက တောက်ပမှု အားအကောင်းဆုံး ကျောက်မျက် ရတနာလည်း ဖြစ်ပါတယ်.. စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ ၀တ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက စိန်ကို ၀တ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ကို ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့် ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်.. ၀တ်ဆင်သုံးစွဲသည့် သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို အနားစများ ပဲ့ထွက်ခြင်းဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့် စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်…


စိန်သည် ၀တ်ဆင်သူအား

၁.ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊

၂.တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြေက်အရွံ့များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း

၃.ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း

၎.မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မေလဖွားများအတွက် မြ

မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်... မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်...။


မြကျောက်သည် ၀တ်ဆင်သူအား


၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း

၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း

၃.စွမ်းအားကို တိုးမြင့်စေခြင်း

၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း

၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဇွန်လရာသီဖွားများအတွက် ပုလဲ

ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့သည် ပုလဲအတွက် မရှိမဖြစ်လိုအပ်သည်ဟု သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..


ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…

၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊

၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း

၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း

၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဇူလိုင်လဖွားများအတွက် ပတ္တမြား


ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။


ပတ္တမြားသည် ၀တ်ဆင်သူအား

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း

၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း

၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း

၎. မိတ်ဆွေတိုးပွားစေခြင်း

၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း

၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း

၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း

သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်းရှိသော ပြောင်ခေါင်းစိမ်း လို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊ စိမ်ရွှေဝါရောင်၊ အညိုနုရောင်နဲက သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်တွက် သံပုရာစိမ်းမှာ အကောင်းဆုံး အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်. ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်စေရန်အတွက် ဗနီကာအရည်မှာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်.. တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစားများသာ ထွက်ရှိပါတယ်.. တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာနိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။


ပြောင်ခေါင်းစိမ်းတွင်

၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း

၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာဖြစ်စေနိုင်ခြင်း ၊ ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း

၃.ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို မမက်အောင် ကာကွယ်ပေးနိုင်ခြင်း

၎. ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း

၅.ခနာကိုယ်အား ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း

၆.ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


စက်တင်ဘာဖွားများအတွက် နီလာ

စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့်၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်.. အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော နီလာများ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..


နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ


၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း

၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း

၃. ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း

၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း

၅. နီလာ ၀တ်ဆင်ထားသူသည် မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း

၆. ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ

အောက်တိုဘာလမွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့် ၅.၅မှ ၆.၅ အထိရှိသော အိုပယ်ကျောက်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်.. ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကိုလိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လှပစွဲမက်ဖွယ်ကောင်း လှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးတွင် ၄င်းအရောင်များ အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက်တောက်ပသော အပြာရောင်ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အ၀ါရောင်နှင့် အစိမ်းရောင်စဉ်များ၊ အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပြေးများ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍ အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး ထွက်သောနိုင်ငံဖြစ်သည်။



ကြောင်မျက်ရွဲနှင့်ပတ်သက်၍


၁.၀တ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကိုဝတ်ဆင်ထားသူသည် စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ လင်းလက်နေပြီး ၄င်းဝတ်ဆင်ထားသူသည် စိတ် လေးလံထိုင်းမှိုင်းနေပြီး မပျော်မရွှင် စိတ်ညစ်နေသည်ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန်ဖျော့တော့သွားစေနိုင်ခြင်း

၂.မျက်စိနှင့်ပတ်သက်သောရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် မျက်စိရောဂါများကို ပျောက်ကင်းသက်သာစေနိုင်ခြင်း

၃. သိဒ္ဓိများနှင့် ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နိုဝင်ဘာလဖွားများအတွက် ဥဿဖရား

နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရား ကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့်တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ အဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင် ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။


ဥဿဖရားတွင်


၁. ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း

၂. မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

၃. စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း

၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း

၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်

ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ် မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။


တာကွိုက်စ်ကျောက်သည်

၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံးခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း

၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း

၎. စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း

၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း

၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~ ပြီး ~~~~~~~~~~~~~~~~~~~


ဖတ်မိတာလေးကို ဗဟုသုတအဖြစ် ဘာသာပြန်ကာ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. မိမိမွေးဖွားရာ လရာသီနှင့် ကိုက်ညီသော အဆောင် ကျောက်မျက် ရတနာများကို လိုက်ဖက်စွာ ၀တ်ဆင်ရင်း ဖက်ရှင်ကျနိုင်ကြပါစေလို့ ......
ချော(အစိမ်းရောင်လွင်ပြင်)

commemt များ

Recent Comments Widget