welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Showing posts with label ဆော့ဝဲလ်. Show all posts
Showing posts with label ဆော့ဝဲလ်. Show all posts

Thursday, July 4, 2013

ဖုန်းမှာဆက်သွယ်ရေး MPT နာမည်ကို ကိုယ်ကြိုက်တဲ့နာမည်လေးထည့်မယ်(For Root User)

အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
  1. etc ထဲကိုဝင်
  2. spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ  . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်



အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး) မှ ကူးယူလာပါတယ်

Wednesday, June 19, 2013

ကိုယ့်Android ဖုန်းရဲ့ DialPad ကို ထုတ်ချင်းပေါက်အဖြစ်ပြောင်းလဲကြည့်ခြင်း




ဖုန်းခေါ်တဲ့ အခါမှာ..ကိုယ့်ဖုန်းရဲ့ DialPad ရိုးရိုးကြီးကို ပြောင်းလဲလိုသူတွေ အတွက်ပါ....
ပုံမှာ မြင်ရတဲ့ အတိုင်း ထုတ်ချင်းပေါက်ကိုမြင်ရပါတယ်......    :)
"ဟာ..အဲ့ဒါဆို ဖုန်းCamera ပျက်မှာပေါ့ "  လို့တော့ မပြောလိုက်ပါနဲ့..
ခဏခဏ မသုံးနဲ့ပေါ့...  :D
2.2 နဲ့ အထက်တွေမှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Google Play မှာလည်း Free Download ရယူနိုင်ပါတယ်..

Download Here>>>>>>Download

ဒီနေရာက ကူးယူဖော်ပြပါတယ်
 

Monday, June 10, 2013

Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3



Android ဖုန်းအားလုံးအတွက် Activation code မရတဲ့ ၊ code တောင်းရတဲ့ ဒုက္ခတွေကနေကင်းဝေးစေမယ့် Activation Code ဖြည့်စရာမလိုတဲ့ Viber v3.0.1.3 ကိုတင်ပေးလိုက်ပါတယ်။ Code သီးသန့်တောင်းစရာမလိုတော့တဲ့အတွက်တော်တော်လေးအဆင်ပြေကြမှာပါ။ အခု Viber ဆော့ဝဲထဲမှာ မိမိတို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူ့ဘာသာသူ code ဖြည့်ပြီး activate ဖြစ်သွားမှာပါ။ ဆော့ဝဲသွင်း ဖုန်းနံပါတ်ရိုက်ပြီးအသင့်သုံးရုံပါပဲ။ ကြိုက်တယ်ဆိုရင်အောက်က link မှာရယူနိုင်ပါတယ်။
ဒေါင်းလုပ်လင့်များး
Viber v3.0.1.3 for Android (Download 1)
Viber v3.0.1.3 for Android (Download 2)




ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း


တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက် တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။

ဒီနေရာမှာ ဒေါင်းလုပ်ဆွဲရန် ကလစ်နှိပ်ပါ


၂။ ပြီးတော tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်းမကြီးတဲ့အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ်ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြုရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့်နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါတယ်။
ဒီတော့  အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
---
Credit : http://blog.techspace.com.mm
ဒီနေရာလေးက မူရင်းလင့်ပါ

Saturday, March 23, 2013

screen ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screenlock ဖြစ်စေမဲ့ Awesome On Off Ultimate v2.0 APK




ဖုန်းမျက်နှာပြင်ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screen ပိတ်သွားပြီး ဖုန်းရဲ့ cpu ကို sleep mode ဖြစ်စေမဲ့
အလန်းစား Awesome On Off Ultimate v2.0 ကိုမျှဝေပေးလိုက်ပါတယ်။
ဒီ app လေးက screen ကို ပိတ်သွားစေရုံတင်မကဘဲ ဖုန်းကို ကောက်ကိုင် လိုက်ရင်လဲ screen သူ့အလိုလို ပွင့်သွားအောင်ပါ လုပ်နိုင်ပါသေးတယ်။
စိတ်ဝင်စားသွားလို့ သုံးကြည့်ချင်တယ်ဆို လိုအပ်ချက်တချို့ကိုပြောပြပါမယ်။
-Android version 2.2 နှင့် အထက်လိုအပ်ပါတယ်။
-ဖိုင်ဆိုဒ်ကတော့-462KB ပဲရှိပါတယ်။
setting တွေကတော့ ကြိုက်သလို ကလိလို့ရပါသေးတယ်။

Awesome On ထားလိုက်မယ်ဆိုရင်..
အခုလို ကောက်ကိုင်လိုက်တာနဲ့ screen သူ့အလိုလို ပွင့်သွားမှာပါ။
Awesome off ထားမယ်ဆိုရင် ဖုန်းပေါ်ကို လက်ရမ်းလိုက်တာနဲ့
vibrate ပေးပြီး screen အလိုလို ပိတ်ပေးပြီး cpu ကို deep sleep ဖြစ်နေမှာပါ။

အသုံးပြုနည်း


install လုပ်ပါ။ပြီးရင် awesome on/off ထဲဝင်ပါ>Device Administrationမှာ Screen lock Permission ကို အမှန်ခြစ်ပါ။
Activate security polocies? လို့မေးလာရင် Activate လုပ်ပါ။
(မှတ်ချက်။ uninstall လုပ်မယ်ဆို ပြန်ဖြုတ်ဖို့လိုပါတယ်/ဒါကို permission
ပေးထားမှသာ Awesome off ကိုသုံးနိုင်မှာဖြစ်ပါတယ်။)

ပြီးရင် Awesome on ကို အမှန်ခြစ်ပါ။
Enable Vibration ကိုအမှန်ခြစ်ပါ။
Awesome on Sensitivity မှာ 60 Degrees လောက်ထားပါ။

ထို့နောက် Awesome off ကို အမှန်ခြစ်ပါ။
Enable Vibration ကို အမှန်ခြစ်ပါ။

အပေါ်ကပြောပြသွားခဲ့တာတွေက အဓိက ချိန်ရမယ့် setting တွေပါ။

ကျွန်တော် အပေါ်က ပြောပြသွားခဲ့တဲ့ ssetting အကုန်ချိန်ပြီးရင် သုံးလို့ရပါပြီ
ဒေါင်းလုပ်လုပ်ရန်လင့်လေးကတော့ အောက်မှာပါ-- ကဲ ညီအကိုတို့အားလုံး ပျော်ရွှင်ကြပါစေနော်-------

http://www.sendspace.com/file/i6iro2

Friday, March 22, 2013

Crash Fighter 2 v1.0.4 (1.0.4) Apk Game 18MB




ဒီဂိမ်းလေးကတော့ ဂိမ်းစပေါ်တုန်းက Fighter ဂိမ်းထဲမှာ နာမည်ကြီးဂိမ်းလေးပါ
သူဆိုဒ်မှာရေးထားတာကတော့ အခြားဖုန်း Bluetooth နဲ့ ချိတ်ဆက်ပြီး  Fight လို့ရပါတယ်
https://play.google.com/store/apps/details?id=arix.cf2
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Downlod>>>mirrorupload (or)zippyshare (or)sharebeast



 


Htoo Thingyan 2013 ဆော့ဝဲလ် လေး


fdfdf
wgdw

Android ဖုန်းကိုင်ဆောင်သူတွေ အတွက် အတာသင်္ကြန်အငွေ့အသက်ကလေးတွေပါတဲ့ ဖုန်းဆော့ဝဲလ်လေးဖြစ်တာကြောင့် သင်္ကြန်မရောက်ခင် ကြိုရင်ခုန်လိုသူတွေအတွက်ပါ ..ချစ်စဖွယ်ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ရယ်ရွှင်ဖွယ်ကောင်းအောင်ရေးသားထားသူက ကိုရွှေထူး(ပြည်) ဖြစ်ပြီး  …ဒီဆော့ဝဲလ်လေးကို Zwenexsys Int’l Ltd  ကနေ google play မှာ ဖြန့်ချိလိုက်တာဖြစ်ပါတယ် ..
သင်္ကြန်နောက်ခံ နဲ့သင်္ကြန် တီးလုံးလေးကိုမြိုင်ဆိုင်စွာနားထောင်ခွင့်ရမှာဖြစ်ပြီး ရေပတ်ခံနေတဲ့ မိန်မပျို ပုံစံကို  အမျိုးမျိုးပြောင်းလဲနိုင်မှာဖြစ်သလို ၊ရေထွက်ပတ်တဲ့  character(လူကြီးလူငယ် မရွေး) ကိုလည်း ပြောင်းလဲနိုင်မှာပါ…ဒါအပြင် သင်္ကြန် background themes တွေကိုလည်း မိမိသဘောကျသလိုပြောင်းလဲ ပြင်ဆင် အသုံးပြုနိုင်မှာဖြစ်ပြီး ကာတွန်းဇာတ်ကောင်လေးတွေရဲ့  dresses တွေကိုလည်း ပြင်ပေးနိုင်မှာဖြစ်ပါတယ် …  မိမိပြင်ဆင်ထားတဲ့ ကာတွန်းဇာတ်ကောင်လေးတွေကိုလည်း  screenshot ရိုက်ပြီး မိမိဖုန်းရဲ့ wallpaper အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို  facebook,gmail ကို share ပေးနိုင်မှာဖြစ်ပါတယ် ….
ဒီဆော့ဝဲလ်လေးကို  Myanmar Mobile App Store မှာ download  ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ် …
http://www.mediafire.com/download.php?yt2ir1mbyx7brkb

google play  ကနေရယူလိုသူတွေ အတွက်ကတော့ …
https://play.google.com/store/apps/details?id=com.zwenexsys.shwehtoo
ရယူနိုင်ပါတယ်ခင်ဗျာ…   :D
ref;  Myo Minn Thant

Thursday, March 14, 2013

မြန်မာ့ရှမ်းကိုးမီးကစားချင်သူတွေအတွက်ပါ။ (For Android Phone)


 
 
ဒါလေးကတော့ Facebook မှာရေပန်းစားနေတဲ့ မြန်မာ့ ရှမ်း ကိုးမီး ဖြစ်ပါတယ်…..
လိုချင်သူတွေအနေနဲ့ဒေါင်းလို့ရအောင်တင်ပေးလိုက်ပါတယ်……

Facebook အကောင့်နဲ့ဝင်လိုက်တာနဲ့ကစားလို့ရပါပြီနော် .....

wifi hacking software free download full version



 
ကျွန်တော်ဒီနေ့ တော့ wifi hacking software လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ wifi Password ဖေါက်နိုင်ယူနိုင်တယ်လို့ ဆိုလိုထားပါတယ်။ ဒီဆော့ဝဲက ၀ယ်မယ်ဆိုရင် $1099 ပေးရတယ်တဲ့ဗျ။ ကျွန်တော်တော့ မသုံးကြည့် ရသေးဘူးခင်ဗျ။ wifi hack ဖို့ လိုချင်တဲ့ သူငယ်ချင်းမိတ်ဆွေများ အဆင်ပြေစေဖို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ မှတ်ချက်။ ။ဒီဆော့ဝဲလေးကို အင်စတောလ် လုပ်မယ်ဆိုရင်တော့ Anti-Virus software ကိုတော့ ပိတ်ထားပေးရပါမယ်။
အင်စတောလ် လုပ်ပြီးရင် ပြန်ဖွင့်လို့ရပါပြီခင်ဗျာ။ အောက်မှာပုံ လေးတွေနဲ့ပြထားတယ်ခင်ဗျ။
သူ့ ရဲ့ မူရင်းဆိုဒ်ကို ဒီနေရာလေးမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ ဖိုင်ဆိုဒ်ကတော့ ( 13.3 MB )ပဲရှိပါတယ် စမ်းသပ်အသုံးပြုချင်ရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ်
လင့်နှစ်ခုတင်ပေးထားပါတယ်ခင်ဗျာ----



DOWNLOAD (2) 


DOWNLOAD (2) 













Wednesday, March 13, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ Android App





မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ်ကရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို Android ဖုန်းတွေမှာ အလွယ်တကူ ဖတ်လို့ရအောင်၊ လေ့လာလို့ရအောင် Android App တစ်ခုအနေနဲ့ ဖန်တီးထားတဲ့ MMConstitution လေးကိုတင်ပေးလိုက်ပါတယ်။ Android ဖုန်းတွေမှာ ပုံမှန် Apk သွင်းသလိုသွင်းပီး မြန်မာ/အင်္ဂလိပ် (၂)ဘာသာနဲ့ဖတ်နိုင်ပါပြီ။ မြန်မာလူမျိုးမှန်ရင် ဒီဖွဲ့စည်းပုံလေးကို လေ့လာထားသင့်တယ်မဟုတ်လားဗျာ။ လိုချင်ရင် အောက်က Link မှာယူနိုင်ပါတယ်။

ဒီနေရာမှာတင်ထားပါတယ်

ဒီနေရာမှာလည်းဒေါင်းနိုင်ပါတယ်

မောင်ပေါက်၏ ဒီနေရာလေးမှ

Android ဖုန်းတွေအတွက် KasperSky Mobile Security


Kasper ကကောင်းတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ အားလုံးသိပီးသားပဲလေ။ Computer မှာတော့ Kasper ကဆရာကြီးပဲ။ ခု Mobile ဖုန်းအတွက်လဲ စမ်းသုံးကြည့်လိုက်ပါ။ ဖုန်းမှာ မလိုအပ်တဲ့ Online, Offline viruses တွေနဲ့အခြားသော ဖုန်းကိုထိခိုက်စေတဲ့ မလိုလားအပ်သော Software မျိုးစုံ ကနေကာကွယ်ပေးပါတယ်။ Online ချိတ်ရင် Update လဲရပါတယ်။ Blacklist လဲပါတယ်။ AntiTheft လဲပါတယ်။ 3.2 MB ရှိပါတယ်။ ဖုန်းမှာ Install လုပ်ရင် Internal Memory မှာပဲသွင်းရပါတယ်။ Android ဖုန်းသုံးသူများ Viruses ရန်မှကင်းဝေးကြပါစေ။ လိုချင်ရင်အောက်မှာယူပါဗျာ။

ဒီနေရာတွင် ဒေါင်းယူရန်

မောင်ပေါက်၏ဒီနေရာလေးမှ တဆင့်ပြန်မျှဝေခြင်းပါ

commemt များ

Recent Comments Widget