welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, July 4, 2013

ဖုန်းမှာဆက်သွယ်ရေး MPT နာမည်ကို ကိုယ်ကြိုက်တဲ့နာမည်လေးထည့်မယ်(For Root User)

အပေါ်မှာမြင်တဲ့အတိုင်းလေးနော် MPT နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးတွေထည့်ပြီးလန်းကြရအောင်/ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းမှာ Root Access ရှိရပါမယ်။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကိုဒေါင်းပါ။
ဒါကတော့ Root Exploer.apk ပါရှိပြီးသားသူတွေဒေါင်းစရာမလိုအောင် သတ်သတ်စီခွဲပေးထားပါတယ်။ ကဲစလိုက်ကြရအောင် အရင်ဆုံးဒေါင်းလို့ရလာတဲ့နှစ်ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးရင်တော့ Carrier Name ဆိုတဲ့ apk file လေးကိုဖွင့်လိုက်ပါ Root Access တောင်းရင် ပေးလိုက်ပါ။ အဲဒီမှာ သူကဘောက်လေးတစ်ကွက်နဲ့တက်လာပါလိမ့်မယ်
အကွက်ထဲမှာ [New Operator Name] ဆိုတဲ့နာမည်နဲ့ပါ။ အဲဒီမှာကျွန်တော်တို့က MPT နာမည်ကို ကိုယ်နာမည်နဲ့ အင်္ဂလိပ်လိုပြောင်းမယ်ဆိုရင်တော့ New Operator Name ကိုဖျက်ပြီး အင်္ဂလိပ်လိုကိုယ့်နာမည်ရေးလိုက်/ပြီးရင် Ok ပေးလိုက် ပြီးရင် ဖုန်းကို Rebot or Restart ချပေးလိုက်ပါ။ ဒါဆိုပြန်တက်လာရင် ခုနကပေးထားတဲ့နာမည်လေးက MPT ဆိုတဲ့နေရာမှာ ပေါ်နေပါလိမ့်မယ်။ ဒါဆိုပြီးသွားပြီ ဒါကတော့ အင်္ဂလိပ်လို ......၀ူး......
မြန်မာလိုကျန်သေးတယ် မောလိုက်တာဗျာ . . .ကဲဆက်ပြောမယ်နော်
မြန်မာလိုပြောင်းမယ်ဆိုရင် Root Explorer ထဲကိုဝင် Root Access တောင်းရင်ပေးလိုက်နော်
အဲဒီမှာ Mount R/W ဖြစ်နေရင် R/O ပေးလိုက်ပါ . . .
  1. etc ထဲကိုဝင်
  2. spn-conf.xml ကိုတွေ့အောင်ရှာ၊ တွေ့ပြီဆိုရင် အဲဒီပေါ်ကိုဖိထားလိုက်ပါ ဒါဆိုဘောက်တစ်ခုပွင့်လာမယ် အဲဒီမှာ Open in Text Editor ကိုရွေးလိုက်ပါ။ အဲဒီမှာ ကျွန်တော်တို့ ခုနက New Operator Name နေရာမှာအစားထိုးခဲ့တဲ့ နာမည်လေးပေါ်နေမယ်။ ကျွန်တော်တို့က မြန်မာလိုပြောင်းမယ်ဆိုတော့ အဲဒီကောင်လေးကိုဖျက်ပြီး မြန်မာလိုအစားပြန်ရေးလိုက် ကိုယ်ကြိုက်သလိုပေါ့ ဒါပြီးရင်တော့ Menu key နှိပ်ပြီး Save & Exit နှိပ်ပြီးထွက်လိုက်ပါ။ ပြီးရင် ဖုန်းကို Reboot or Restart လုပ်လိုက်ပါ။ ဒါဆိုပြန်တက်လာရင် ကျွန်တော်တို့ရေးထားတဲ့မြန်မာလိုဟာလေးနဲ့ MPT နေရာမှာ ပေါ်လာပါပြီ။ကျွန်တော်လည်းမောသွားပါပြီ  . . . အဆင်ပြေကြပါစေ . . အဆင်မပြေရင် အော်ခဲ့နော် . . . အောက်ကပုံလေးကိုကြည့်လိုက်ဦးနော်



အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး) မှ ကူးယူလာပါတယ်

ပြည်တွင်းက တယ်လီဖုန်းတွေရဲ့ လိပ်စာတွေကို သိချင်ရင် Golden Call Locator.apk



Golden Call Locator.apk ကိုသုံးပြီး ပြည်တွင်းက ကြိုးဖုန်းနံပါတ်တွေရဲ့ တည်နေရာတွေကို ကြည့်လို့ရနေပါပြီ.. ဒါပေမယ့် အားလုံးမဟုတ်ပါဘူး.. အထူးသဖြင့် အရင် ဖုန်းနံပါတ်ကနေ ကြားခဏန်းကို Update လုပ်ထားတဲ့ ဖုန်းတွေကို ကြည့်လို့မရသေးပါဘူး.. Google Play မှာ Free ပေးထားပါတယ်..
 ရေးသားသူကတော့ တိတိကျကျရေးမထားပေမယ့် Thukhakyaw လို့တွေ့ရပါတယ်.. Publisher ကတော့ Unknown လို့တွေ့ရတဲ့အတွက် ဘယ်သူမှန်းမသိတဲ့ ပိုင်ရှင်ကို ကျေးဇူးတင်ရပါတယ်..
 

 ပြီးတော့ http://www.myanmarteldir.com.mm/ မှာလည်း ကြိုးဖုန်းလိပ်စာတွေကို သိရှိရနိုင်တယ်လို့ဆိုပါတယ်..

အဆင်ပြေကြပါစေ

မောင်ပေါက်ဆီမှ ကူးယူလာပါတယ်--

Wednesday, June 19, 2013

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက...်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။



၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။



ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်



ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။



ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။



သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။



ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။



ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

Credit for this post to http://www.facebook.com/ko.seinthan
အေးချမ်းမွန်မှ ရွှေအိမ်စည်စာကြည့်တိုက် တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

Monday, June 10, 2013

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း


တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက် တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။

ဒီနေရာမှာ ဒေါင်းလုပ်ဆွဲရန် ကလစ်နှိပ်ပါ


၂။ ပြီးတော tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်းမကြီးတဲ့အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ်ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြုရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့်နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါတယ်။
ဒီတော့  အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
---
Credit : http://blog.techspace.com.mm
ဒီနေရာလေးက မူရင်းလင့်ပါ

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ သိစေဖို့





မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။

အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သူဝင်ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Credit : http://blog.techspace.com.mm
ဒီနေရာလေးက ကူးယူဖော်ပြပေးတာပါ

Facebook Friend တွေထဲမှာ ကိုယ့်ကို ဘယ်သူ block ထားသလဲသိရအောင်



Facebook ပေါ်မှာက ကိုယ့်ကို ဘယ်သူက Block ထားလဲ၊ Unfriend လုပ်ထားလဲ ဆိုတာ လူတိုင်း သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီအတွက် သိနိုင်မယ့် နည်းလမ်း ရှိပါတယ်။

Facebook ကတော့ အဲ့လို သိနိုင်တဲ့ အခွင့်အလမ်းမပေးပါဘူး။ ပေါ်လစီ အရ ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် App ထွင်သူ developer များကလည်း နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ အလွယ်ဆုံး နည်းကို တော်တော်များများ သတိမထားမိချိန် App တစ်ခုကတော့ လုပ်လိုက်ပါတယ်။ ဒါကတော့ ကိုယ့်မှာ ရှိတဲ့ Friend အရေအတွက်နဲ့ အဝင်အထွက်ကို မှတ်သားပေးတဲ့ App ဖြစ်ပါတယ်။ Who is hidding there အမည်ရ App ဖြစ်ပါတယ်။

စသုံးတုန်းကတော့ ခပ်လှန့်လှန့်နဲ့ စမ်းကြည့်လိုက်ပါတယ်။ သင့်ကို Block လုပ် ထားသူ၊ Unfriend လုပ်ထားသူ၊ Delete လုပ်ထားသူ မရှိဘူးလို့ ပြော ပါတယ်။ ပထမဆုံးအကြိမ် အသုံးပြုသူအတွက်ကတော့ ကြိမ်းသေအသုံးဝင် မဝင် မသေချာပါဘူး။

ဒီတော့ နောက်တစ်ကြိမ်အသုံးပြုမှ ရပါမယ်။ အဓိကကတော့ App နဲ့ ထိတွေ့ ပေးဖို့ ဖြစ်ပါတယ်။ဒီတော့ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

၁။ http://who.deleted.me/ ယင်းဆိုဒ်သို့ ဝင်ပါ။

၂။ ဘယ်ဘက်မှ Login with Facebook ကို နှိပ်ရပါမယ်။

၃။ Go to App ကိုနှိပ်ပြီး သာမန် App သုံးတဲ့အတိုင်းမေးပါလိမ့်မယ်။ Allow လို့ဖြေပေးရင် ရပါပြီ။

၎။ ဒါဆို ကိုယ်ဝင်ထားတဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်ကို ဘယ်သူတွေ Block ထားလဲ ဆိုတာ ပေါ်သွားပါပြီ။

ဒီမှာ ပထမဆုံးအကြိမ်အသုံးပြုသူများအနေနဲ့ No one delete you / No one unfriend you on faceobok. ဆိုတာမျိုးပေါ်လာတတ်ပါတယ်။

ကိစ္စမရှိပါဘူး။ နောက်နေ့မှာ ယင်း App ကိုပြန်ဝင်ကြည့်ရင် Block လုပ်ထားသူများ၊ Unfriend လုပ်ထားသူများကို မြင်တွေ့နိုင်ပါပြီ။ ရက်များများခြားလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ယင်း App နဲ့ ကိုယ့် အကောင့်နဲ့ ရင်းနှီးသွားစေဖို့ ဖြစ်ပါတယ်။ ဒါမှ သူ analyst လုပ်ပေးဖို့ ဖြစ်ပါတယ်။

အားလုံးတော့ တွေ့ရပုံမပေါ်ပါဘူး။ အကြောင့်အမျိုးမျိုးကြောင့် အကောင့် ဖျက်လိုက်သူတွေ၊ ကိုယ့်ကို Unfriend လုပ်သူတွေကို စာရေးသူ တကယ် မြင်တွေ့လိုက်ပါတယ်။ ကိုယ့်ကို Unfriend မလုပ်ပေမယ့် Friend list မှာ ရှိပေမယ့် လုံးဝ ဝင်မကြည့်ဖြစ်သူ၊ သတိမထားမိသူ တစ်ယောက်ကိုလည်း ဖော်ပြပေးပါတယ်။

အကောင့် လုံခြုံရေးအတွက် App ကိုပထမအကြိမ်သုံးပြီးရင် Account setting မှာ ပြန်ဝင်ဖျက်ထားရပါမယ်။ နောက်တစ်ကြိမ် အသုံးပြုမှ ပြန်ဝင်လည်း ရပါတယ်။

စာဖတ်သူတို့ စမ်းကြည့်လို့အဆင်ပြေမယ်လို့ ယူဆပါတယ်။

Credit : http://blog.techspace.com.mm

ဒီနေရာလေးက ကူးယူဖော်ပြပေးပါတယ်--

Thursday, March 14, 2013

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ
ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …  Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???


PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
အားလုံးပဲ အဆင်ပြေကြပါစေဗျာ …

မိုဘိုင်းဖုန်း 1000 ကျော်ကို Root လုပ်နိုင်တဲ့ဆော့ဝဲနှင့် အသုံးပြုနည်းစာအုပ် အသုံးပြုနိုင်တဲ့ဖုန်းအမျိုးအစား ...



မိုဘိုင်းဖုန်းအတော်များများကို Root လုပ်ပေးနိုင်တဲ့ဆော့ဝဲနှင့် ဘယ်လို Root လုပ်ရမယ်ဆိုတဲ့စာအုပ်လေး
ရယ် နောက်ပြီး ဘယ်လို Mobile Phone Version တွေကို Root လုပ်နိုင်တယ်ဆိုတာကအစ စသဖြင့်ရေးသားထားတဲ့စာအုပ်လေးပါတင်ပေးလိုက်ပါတယ်။ သုံးမျိုးပါ အားလုံးကို စုပေါင်းပြီး တင်ပေးလိုက်ပါပြီ။ ကိုယ်တိုင်စမ်းသပ် Root ဖောက်လိုတယ်ဆိုရင်တော့ ဒီကောင်လေးနဲ့တာ စမ်းကြည့်လိုက်တော့ဗျာ။ HUAWEI VERSION အမျိုး SamSaung / HTC / ZTE / Yulong /  Xiaomi /  WA / WIN / TCT / SXZ / Son- Ericsson / Motorola / Lenovo / Koobe / KTTech / Infotmic /GIBABITE / FIH / စသဖြင့် Version မျိုးစုံးကိုRoot လုပ်နိုင်ပါတယ်။ လုပ်နည်းလေးကလည်း အရမ်းကို ရိုးရှင်းပါတယ်နော်။ မိမိတို့ကိုယ်ပိုင်ဖုန်းများ Rootမလုပ်ရသေးရင် စမ်းကြည့်နိုင်ပါပြီ။

 
 






အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်နော်--ပိုက်ဆံအကုန်အကျတွေလဲ သက်သာပါစေနော် :P

Sunday, February 24, 2013

ကော်နက်ရှင်မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို 
ဖြောင့်ဖြောင့်တန်းတန်း 
ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ 

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း 
ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ 
သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta
 ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ 
ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ 
ဖြစ်ပါတယ်။ 


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join 
"Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် 
ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး 
ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ 

--
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/youtube.html

--
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
http://www.youtube.com/feather_beta
အသုံးပြုရ အဆင်ပြေပါစေဗျာ--တွေ့တာလေးကို ပြန်ရှဲပေးလိုက်ပါတယ်-------


မူရင်းလင့်

Monday, January 28, 2013

ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူခြင်း

ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူခြင်း

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ 
ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ 
အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း 
သိထားမယ်ထင်ပါတယ်။

တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ 
ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။

မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း 
ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် 
မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့  ကွန်ပျူတာ 
Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။  ဒါကို ပြန်ယူ recover 
လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။

အောက်ပါ လခ့်မှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။

http://www.filehippo.com/download_recuva

ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ 
ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ 
အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover 
လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App 
အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့
 သဘော ရှိပါတယ်။

Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ 
စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

Aung (ads.com.mm)
ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူခြင်း

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပ...ါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း သိထားမယ်ထင်ပါတယ်။

တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။

မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့ ကွန်ပျူတာ Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။ ဒါကို ပြန်ယူ recover လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။

အောက်ပါ လခ့်မှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။

http://www.filehippo.com/download_recuva

ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့ သဘော ရှိပါတယ်။

Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။


ဒီပို့စ်လေးကို ချိုးငှက် ဆီကနေ တစ်ဆင့်မူရင်းအတိုင်းကူးယူဖော်ပြလိုက်ပါတယ်ဗျို့။

Wednesday, January 23, 2013

WIFI Password ဖောက်ခြင်းကို လေ့လာခြင်း

WEP\ WPA ဆိုတာဘာလဲ??? အဲ့ ဒါတော့ ကိုယ့်ဘာသာကိုယ် Google ထဲ မှာ ရှာကြည့်တော့နော်။ သယ်ရင်းတို့ Wireless network ထဲမှာ (security type) WEP\WPA လားဆိုတာ ကြည့်ရအောင်နော်။ အရင်ဆုံး Wireless Network ကို ဖွင့်လိုက်ပါ။
                                                   ဒီပုံလေးပေါ်လာပြီဆိုရင်…


Mouse Pointer ကို Wireless နာမည်ပေါ်မှာ တခုချင်းစီ လိုက်ထောက်ကြည့်ပါ။ အဲ့ ဒီမှာ
( Name\ Signal Strength\ Secrity type\ Radio Type\ SSID ) ပေါ်လာပါလိမ့်မယ်။           (Security Type: WPA2-PSK ) တွေ့ တယ်နော်။ Ok အလုပ်စရအောင်နော်.. Backtrack3 Windows ကို ဖွင့်လိုက်ပါ။ တခုပြောပြမယ် ကျွန်တော် အခုရေးနေတဲ့ အထိကို Live DVD နဲ့ သုံးနေတာနော်။ Install မလုပ်နဲ့ အုံး Install လည်းလုပ်စရာ မလို သေးဘူး အားလုံးရှုပ်ကုန် လိမ့်မယ်။ Live DVD နဲ့ ဘဲ တိုက်ရိုက်သုံးပါ။ BT3 Boot တက် ချိန်မှာ Auto start မဖြစ်ဘဲ Login-id နဲ့  password တောင်းလာခဲ့ ရင် ( Login-id မှာ root ) ( password မှာ toor ) ရေးထည့်ပြီး Enter နှိပ်ပါ။ Windows တက်လာပါလိမ့်မယ်။ တကယ်လို့  windows မတက်ဘဲ ( root@bt:~# ) နဲ့ ရပ်သွားခဲ့ မယ်ဆိုရင် { root@bt:~# } ရဲ့ ဘေးနားမှာ startx command ရေးပြီး Enter နှိပ်ပါ။ (ex- root@bt:~#startx ) windows တက်လာပါမယ်။ windows တက်လာပြီဆိုရင် BT3 ရဲ့  windows icon ကို Click ပါ။ ပြီးရင် အောက် က ပုံ အတိုင်းသွားမယ် နော်...

 (Windows\ Backtrack\ Radio network\ 80211\ All) Spoon WPA ကို click ပါ။ Spoon WPA Setting ချိန်ရပါမယ်။ အောက်က ပုံကိုဆက် ကြည့်ပါ။

Net Card Choose ကို Click နှိပ်ပြီး ETH1 သို့ ပြောင်းပါ။ ပြီးရင် အောက်က Driver နဲ့  Mode ကို လည်း ပုံထဲက ပြထားတဲ့ အတိုင်း ပြောင်းပေးပါ။ အဆင့် သုံးဆင့်ပြောင်းပြီးပြီ ဆိုရင် Next ကို click ပြီး Discovery သို့ ပြောင်းပါ။ ပုံကိုကြည့်ပါ။


Choose Channel ကို click ပြီး Fixed Channel ကို Select ပါ။ Channel ဘားလေးကို မူလ 6Chn ကနေ 11Chn သို့  ပြောင်းပေးပြီး Launch ကို Click ပါ။ Scan စဖတ်ပါလိမ့်မယ်။ Scan ဖတ်ပြီး ESSID- saweet\ Chan 11\ Clis ဘောင်ကွက်လေးထဲ မှာ အမှတ်ခြစ်ပုံလေးနဲ့ တွေ့ ရပါမယ်။ Selection ok ကို click ပြီး Handshake Capture ကိုဆက်သွားမယ်နော်။ ပုံကို ကြည့်ပါ။

Handshake ရောက်ပြီဆိုရင်  အရင်ဆုံး Inj Rate ကိုချိန်ရမယ်နော်။ အခု ကျွန်တော်  Inj600 ဘဲထားမယ်၊ Channel က 11  ( ပုံထဲမှာ အနီနဲ့ ဝိုင်းပြထားတယ် )။  ပြီးရင် ( Launch Automated Handshake) ကို click ပါ။ 
Step 1 ရဲ့  Handshake အပိုင်းကို ဆက်သွားမယ်နော်။ အောက်က ပုံအတိုင်းမြင်ရပြီဆို ရင် Handshake Capture ရပ်သွားပါလိမ့်မယ်။ 



အခု ကျွန်တော် Cracking ကို Click နှိပ်ပြီး ပုံမှာပြထားတဲ့ အတိုင်း Setting ချိန်မယ်နော်။



Setting ချိန်ပြီးရင် Automated Handshake Cracking ကို Click ပြီး လုပ်စရာရှိတာ ဆက်လုပ်တော့ အချိန်နည်းနည်း တော့ စောင့်ရမယ်။ Data အတက်အကျ ကြည့်ချင်ရင်  Taskbar ပေါ်က WPA Traget scan ကို Click နှိပ်ပြီးကြည့်ပါ။ အနည်းဆုံး Data ၃၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ စောင့်ရလိမ့်မယ်။  WEP နဲ့  WPA Password Hack နည်းမတူပါဘူး၊ WEP က လွယ်သလောက် မြန်သလောက် WPA က ခေါင်းပါ မီးထလောင်သွားနိုင်တယ် မယုံ မရှိနဲ့ ။ အခု ကျွန်တော် ပြောပြခဲ့ တာတွေက သူငယ်ချင်းအားလုံး အလွယ်နားလည်နိုင်အောင် ရည်ရွယ်ပြီး Spooon WEP/WPA နဲ့  တင်ပြပေးထားတာပါ။ တကယ်ခေါင်းစားမှ ကြိုက်ပါတယ် ဆို တဲ့  သူငယ်ချင်းတွေအတွက် ကတော့ Linuxs နဲ့  Password Hack နည်း တင်ပေးမယ် ခေါင်းမီးထတောက်ရင် တော့ တာဝန်မယူဘူးနော်။ ပျော်စရာတော့ ကောင်းပါတယ်။ Linuxs ကို ပိုင်တဲ့ ညီအကိုတွေ ဆရာသမားတွေ ကျွန်တော့် အရေးအသား အမှားပါရင် ကြိုတင်တောင်းပန်ထားမယ်နော်… အားရအောင်တော့ ပြောပြီးပြီ.. ကဲ အောက်ကပုံကို ကြည့်လိုက်တော့..



ရလာတဲ့  WPA Key ကို စာရွက်ထဲ မှာချရေးပြီးတော့ ဆက်လုပ်တော့.. ကျွန်တော် ၁ ခု ပြောချင်တာက wireless router security type ကို WPA-Psk သုံးဖို့  အကြံ ပြုချင်ပါတယ်. WPA က Hacker ကို အသေသတ်တဲ့  Security Type ပါ. ဒါမှ ကိုယ့် Wireless ကို တခြားလူတွေ အလွယ်တကူ Hack လို့ မရပါဘူး။ Ok

Tuesday, December 25, 2012

Browser တခုထဲကနေ Facebook နှင့် Gmail အကောင့် များကို တစ်ခုထက်ပိုပြီး တပြိုင်ထဲသုံးနည်း


မင်္ဂလာပါခင်ဗျာ... ကိုဝင်းကမ္ဘာကျော် ရဲ့ ပို့လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်....
အရင်ကတော့ Browser နှစ်မျိုး သုံးမျိုး ထားသုံးကြတာပါ... ခုနည်းလေးကတော့ တကယ်မိုက်ပါတယ်...
Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ ခု , Gmail အကောင့် ၂ခု ၃ ခု ကို တပြိုင်ထဲ သုံးလို့ရအောင် တွေ့ထားတာလေးကိုပြန်လည် မျှဝေပေးလိုက်ပါတယ်...။

Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို  တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... 

Firefox Browser အတွက်ကိုတော့ Extension  လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ.... ဒီနေရာကို  နှိပ်ပါ  Install Multifox  ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါ ... ပြီးရင်  Firefox Browser ကို Restart ချပေးလိုက်ပါ (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ)
 ကီးဘုတ်က  Ctrl + Alt + M  ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီ....

Chrome Browser မှာတော့ မည်သည့် Extension  မှ ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N  ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရအောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......

မူရင်းပို့စ်တင်သူလင့်လေးပါ

Wednesday, December 19, 2012

မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း


ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..
 ကော်ပီဝင်းဒိုးပဲ ဖြစ်ဖြစ်၊ Original Windows ဖြစ်ဖြစ် ဒီနည်းကို အသုံးပြုလို့ ရပါတယ်..။ အဓိကက ဝင်းဒိုးထဲမှာ Driver တွေအားလုံး အလုပ်လုပ်နိုင်တဲ့အချိန်၊ ပြည့်စုံတဲ့အချိန်မှ ဒီနည်းကို လုပ်ထားပါ..။
DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်ဖို့ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ.. အရင်ဆုံး Start ကနေသွားပါ.. အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..

နောက်တဆင့်ကို ရောက်ရင်တော့ A-B အတိုင်း DVD Drive ရှိတဲ့ နေရာကို ရွေးပြီး Next နှိပ်ပါ..


အောက်ကအဆင့်ကို ရောက်ရင် ဝင်းဒိုးက အမှန်ခြစ် ရွေးပေးထားတဲ့အတိုင်းသာ ထားလိုက်ပါ..။ ဆက်ပြီး Next နှိပ်သွားလိုက်ပါ..



အပေါ်ပုံအတိုင်း Start backup ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. အဲ့ဒီအချိန်မှာ မိမိတို့စက်ထဲက DVD Drive ကိုဖွင့်ပြီး DVD အသစ်တချပ်ကို အရင်ထည့်ပေးထားပါ.. ဒီနည်းကို လုပ်တော့မယ်ဆို ကတည်းက DVD ခွေသစ်ကိုအရင်ထည့်ထားရင် ပိုကောင်းပါတယ်.. နောက်တခုက DVD ခွေတွေ Burn ပြီးတိုင်း.. အခွေတွေပေါ်မှာ တချပ် Burn ပြီးတိုင်း၊ Burn ပြီးတိုင်း 1-2-3-4-5 အစဉ်လိုက် ရေးမှတ်ထားဖို့ အထူးသတိပြုပါ.. Restore ပြန်လုပ်တဲ့အခါ အဲ့ဒီ နံပါတ်စဉ်တိုင်း ထည့်ပေးရမှာပါ..။


အောက်ကပုံကတော့ ပထမဆုံးစလုပ်တဲ့ အခွေကို နံပါတ်တစ်အဖြစ် ရေးမှတ်ထားဖို့ ကွန်ပျူတာ သတိပေးတာပါ..။


DVD ခွေသစ်ကို ထည့်ပြီး စက္ကန့်၃၀ လောက်ကြာမှ အပေါ်ပုံမှာ ပြထားတဲ့ OK ကိုနှိပ်ပါ.. မိမိတို့စက်က DVD ခွေ Burn နေတာကို ၁၀မိနစ်ကျော်ကြာအောင် စောင့်နေပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဘောက်စ်တခုပေါ်လာရင် DVD ခွေကို နောက်တချပ် လဲထည့်ပေးလိုက်ပါ.. အဲ့လိုလဲထည့်ပေးဖို့ Desktop မှ Computer ကိုဖွင့်ထားပြီး အောက်ကပုံ မျှားပြထားတဲ့အတိုင်း DVD Drive ကို တချက်ကလစ်ပြီး Eject ကိုဆက်နှိပ်လိုက်ရင် ကွန်ပျူတာက DVD Drive ကိုထုတ်ပေးပါလိမ့်မယ်.. အဲ့လိုထုတ်ပေးမှ DVD ခွေသစ်တချပ်ကို လဲထည့်ပေးပါ..


အောက်ကပုံကတော့ ဘားတန်းက Eject ကိုမနှိပ်ပဲ DVD Drive ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ စာသားထဲက Eject ကိုကလစ်လိုက်ရင်လည်း အတူတူပဲ ကွန်ပျူတာက DVD Drive ကို ထုတ်ပေးပါတယ်..


DVD ခွေသစ်မထည့် ရသေးပဲ OK မနှိပ်မိဖို့ သတိပြုပါ.. အောက်ကပုံကတော့ DVD သုံးချပ်မြောက်ကို ထည့်ပြီး အဲ့ဒီအခွေပေါ်မှာ မိမိတို့ သင်္ကေတနဲ့ သုံးခုမြောက်ဆိုတာကို မှတ်မိအောင် ရေးမှတ်ထားပါလို့ ဆိုလိုတာပါ.. ၂ချပ်မြောက်အခွေက ပြီးသွားပါပြီ.. အောက်မှာပြထားတဲ့ပုံက ၃ချပ်မြောက်ခွေကို Burn ဖို့ ပေါ်လာတဲ့စာသားပါ..။


အခွေသစ်လဲထည့်ပေးပြီး အနည်းငယ်စောင့်နေပြီးမှ အောက်မှာပြထားတဲ့ ပုံအတိုင်း OK ကိုနှိပ်ပေးပါ.. ဘာလို့စောင်းခိုင်းတာလဲဆိုတော့ ကွန်ပျူတာအတွက် အခွေသစ်ကို နေရာချ ပြင်ဆင်ဖို့အတွက် စက္ကန့်ပိုင်းလောက် အချိန်ပေး၊ စောင့်ပေးပြီး ကွန်ပျူတာက အခွေ Burn ဖို့ အဆင်သင့် ဖြစ်လောက်ပြီဆိုမှ OK နှိပ်ပေးလိုက်ရင် ကွန်ပျူတာအတွက် အဆင်ပြေပြေ အလုပ်လုပ်လို့ ရအောင်လို့ပါ..။


အောက်ကပုံတွေတိုင်း အလုပ်လုပ်နေပါလိမ့်မယ်.. စောင့်နေပေးပါ..



အောက်ကပုံအတိုင်း ထပ်ပေါ်လာရင်တော့ DVD နောက်တချပ်ကို အပေါ်ကနည်းအတိုင်း ထပ်လဲထည့်ပေးလိုက်ပါ.. DVD လဲထည့်ပြီးမှ အောက်ကပုံမှာ ပြထားတဲ့ OK ကိုဆက်နှိပ်ပေးပါ.. အောက်ကပုံမှာ ၄ချပ်မြောက်ဖြစ်သွားပါပြီ..


အောက်ကပုံကတော့ နောက်ဆုံးတချပ်ကို Burn နေတာပါ..။ Burn လို့ပြီးသွားရင်တော့ အောက်ဆုံးပုံအတိုင်း ပေါ်လာပါလိမ့်မယ်..


ဝင်းဒိုးတခုလုံးကို DVD တွေနဲ့ Burn ပြီးလို့ရှိရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်.. အဲ့ဒါကတော့ System Repair Disc ဆက်လုပ်ထားဖို့ ကွန်ပျူတာက သတိပေး တိုက်တွန်းတဲ့ စာသားဘောက်စ်ပါပဲ.. ဒီနေရာမှာ System Repair Disc မလုပ်ရသေးတဲ့ သူများကတော့ CD ပဲဖြစ်ဖြစ်၊ DVD နဲ့ပဲဖြစ်ဖြစ် DVD Drive ထဲထည့်ပြီး တခါတည်း ဆက်လုပ်ထားလိုက်ပါ.. ဒီ System Repair Disc က ဝင်းဒိုးတွေအတွက် အရေးကြီးပါတယ်.. အရင် ဝင်းဒိုး Recovery ပိုစ့်တွေမှာကတည်းက  System Repair Disc လုပ်ထားဖို့ အမြဲသတိပေးခဲ့ပါတယ်..။ လုပ်မယ့်သူများကတော့ Yes ကိုနှိပ်ပြီး ဆက်လုပ်ပါ.. System Repair Disc လုပ်တာ အခွေထည့်ပြီး Yes >> OK ပေးလိုက်ယုံပဲ.. လုပ်ရတာ လွယ်တဲ့အတွက် ပုံတွေနဲ့ မပြပေးတော့ပါဘူး.. 

ဝင်းဒိုးတခုလုံးကို DVD ချပ်တွေနဲ့ Windows Image Backup File ပြုလုပ်နည်း ဒီမှာတင်ပြီးသွားပါပြီ..  (ဒီအခွေတွေကို ဗူးလေးတခုနဲ့ မပျက်စီးအောင် သေချာဂရုတစိုက် သိမ်းထားဖို့တော့ လိုအပ်ပါတယ်..) သိမ်းထားပြီးသား DVD ချပ်တွေထဲက Windows Image Backup File ပြန်ထည့်နည်းကို နောက်ပိုင်း ပိုစ့်တင်ပေးပါမည်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ နည်းပညာ၊ အတတ်ပညာများ တိုးတက်ပြီး မသိသေး၊ မတတ်သေးတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအား ပြန်လည်မျှဝေ၊ သင်ကြားပေးနိုင်ကြပါစေ..



မူရင်းတင်ပေးသူ လွင်မင်းဗိုလ်ရဲ့လင့်လေးကတော့ ဒီနေရာလေးပါ

Monday, November 19, 2012

ကိုယ်ပိုင်ဖိုရမ်တစ်ခုပြုလုပ်ချင်သူ သူငယ်ချင်းများအတွက်






ကျွန်တော်ဒီနေ့  ကိုယ်ပိုင်ဖိုရမ်တစ်ခုပြုလုပ်ချင်သူ2ငယ်ချင်းများအတွက် ပြုလုပ်နည်း ( E Book ) နှင့် ( softwares ) ပါတင်ပေးလိုက်ပါတယ်ဗျာ  ကျွန်တော်တော့ဆိုဒ်လေးကိုလာရောက်လည်ပါတ်ကြတဲ့ သူငယ်ချင်း များလည်းလေ့လာလို့ ရအောင် ပြီးတော့ အွန်လိုင်းသုံးနေတဲ့ သူငယ်ချင်းများအားလုံးလည်း ကိုယ်ပိုင်ဆိုဒ်လေးတစ်ဆိုဒ်တော့ရှိသင့်တယ်လို့ ထင်ပါတယ် ဒါကြောင့် ဒီနည်းလေးကို စမ်းသပ်အသုံးပြုကြည့်ကြပါ e book ကတော့ ရာမညဖိုးလပြည့်ရေးထားတဲ့  စာအုပ်လေးပါ လေ့လာစေချင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ ဆော့ဝဲလ်ရောE book ထည့်ပေးထားပါတယ်ခင်ဗျာ အောက်မှာအဆင်ပြေမဲ့ လိုင်းကနေဒေါင်းယူနိုင်ပါတယ် မိတ်ဆွေများအားလုံးအဆင်ပြေပါစေ

http://www.crocko.com/1E63E783404442D1A8B37E5703342026/php.rar
http://www.load.to/hyOnQzIi4d/php.rar
http://www.mirrorcreator.com/files/NPVDQGCY/php.rar_links
http://bayfiles.com/file/sx49/k4zuE5/php.rar
http://freakshare.com/files/qoq0mx09/php.rar.html

Thursday, November 15, 2012

pc မြန်စေရန်အလွယ်ကူဆုံးနည်းလမ်း(၈)ခု

(၁) Satrt > run ထဲမှာ Prefetch ရိုက်ထည့်လိုက်ပါ။ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၂) Start > run ထဲမှာ temp ကိုရိုက်ထည့်လိုက်ပါ။ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၃) Start > run ထဲမှာ recent ကိုရိုက်ထည့်လိုက်ပါ။ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၄) Start > run ထဲမှာပဲ %temp% ကိုရိုက်ထည့်လိုပ်ပါ။ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၅) Start > run ထဲမှာ regedit ရိုက်ထည့်ပါ။ ပေါ်လာသော Folder ထဲမှာ HKEY_CURRENT_USER/ Control Pancel > Desktop ကိုရွေးပါ။ ပြီးလျှင် Menu Show Delay နှိပ်ပြီးပွင့်လာသော Box မှာ (400) or (200) ဖြစ်နေလျှင် (0) သို့ပြောင်းလိုက်ပါ။

(၆) Start > run > msconfig > Start up ပေါ်လာသော Box မှာ Programs File တွေကို Uncheck လုပ်လိုက်ပါ။ ပြီးလျှင် OK, Restart မချလည်းရပါတယ်။

(၇) Start > Control Panel > System > Advanced > Performance setting ပြီးလျှင် Adjust for best performance ရွေးလိုက်ပါ။ ခဏစောင့်ပါ။ ပေါ်လာသော Box မှာ OK နှိပ်ပါ။

(၈) Internet Speed မြန်ရန် run > system.ini ပေါ်လာသော notepad မှာ page buffer = 100,100 kbps, Load = 100000 kbps, Download = 100000 kbps, Back = 100,000 kb လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် Save ပါ။ ပြီးရင် Restart ချလိုက်ပါ။

ဒီနေရာလေးကနေ ကူးယူဖော်ပြတာပါ

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…


အသုံးပြုနည်းကတော့ ….

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com




4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။


ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။



ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာစင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး …

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

floder icon လေးတွေကိုမိမိတို့ပုံလေးတွေပြောင်းကြည့်ရအောင်


ဒါကတော့ကျွန်တော့် Destop ပေါ်မှာ၇ှိတဲ့ Icon လေးတွေကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးတွေပြောင်းပြီးထား
ချင်သူများအတွက်နည်းလမ်းလေးပါ။လုပ်နည်းလေးကတော့လွယ်ပါတယ်............

1.အ၇င်ဆုံး Start ကိုနှိပ်ပြီး Search Programs and Files ဆိုတဲ့ဘောက်လေးထဲမှာ Paint ကို၇ိုက်ပြီး Enter ခေါက်လိုက်ပါ။Start ကိုနှိပ်လိုက်တာနဲ့လဲ Paint ဆိုတာလေးကိုတွေ့ ပါလိမ့်မယ်။Paint ကိုဖွင့်လိုက်ပါ။


2.Paint ပေါ်လာ၇င် Open ကနေမိမိတို့ကြိုက်တဲ့ ပုံလေးကိုေ၇ွးလိုက်ပါ။Ctrl + O ကိုနှိပ်လိုက်၇င်လဲ၇ပါတယ်။


3.ဓာတ်ပုံပေါ်လာ၇င် Save as မှာ BMP နဲ့ Save လိုက်ပါ။Save as box ပေါ်လာ၇င် file name ကိုေ၇ှ့ကမိမိတို့
ကြိုက်တဲ့နာမည်ပေးပြီး .ico နဲ့ Save လိုက်ပါ။ဥပမာ - ( aaa.ico )


4.ပြီး၇င်ကျွန်တော်တို့ပြောင်းချင်တဲ့ Forder Icon လေးကို Right Click ထောက်ပါ။ပြီး၇င် Properties ကိုနှိပ်
လိုက်ပါ။ Customize ကိုသွားပါ။ Change Icon ကိုနှိပ်လိုက်ပါ။


5.Browser ထဲကနေပြီးကျွန်တော်တို့ခုနက Save ထားတဲ့ပုံလေးကိုေ၇ွးလိုက်ပါ။ပြီး၇င် OK ။ Apply ။ OK
ပေးလိုက်ပါ။ဒါဆို၇င် Forder Icon လေးကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးနဲ့ထားလို့၇သွားပါပြီ။






ဒီနေရာကနေ ကူးယူဖော်ပြတာပါ


commemt များ

Recent Comments Widget