welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Showing posts with label ဗဟုသုတနှင့်ဆောင်းပါးများ. Show all posts
Showing posts with label ဗဟုသုတနှင့်ဆောင်းပါးများ. Show all posts

Thursday, July 4, 2013

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

Photo: ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ 
ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့
 အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို
 ရင်နှင်း ပြောပြမယ်နော်။

၁။Good Hygiene

ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ
 အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို 
ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

၂။Exfoliation

ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ 
ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ 
သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ 
ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

၃။Removing Hair

ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက 
ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို 
ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ 
နူတ်ပစ်တာပါပဲ။

၎။Chossing a Deodorant

ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ 
ချိုင်းမည်းတာမျိုးလည်း
ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on
 ကိုဆက်မသုံးပါနဲ့တော့။
ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ 
ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။

၅။Lossen up

အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့
 ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

၆။Reduce weight

အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း 
အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် 
မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

၇။Natural Ways

- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။
 မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ 
ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး 
ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ 
ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

၁။Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

၂။Exfoliation

ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

၃။Removing Hair

ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။

၎။Chossing a Deodorant

ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်း
ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။
ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။

၅။Lossen up

အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

၆။Reduce weight

အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

၇။Natural Ways

- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

ဂျက်လေယာဉ်ပိုင်ရှင် ထိုင်းရဟန်းတော် ငွေကြေးခ၀ါချမှုနဲ့ သံသယဖြစ်ခံရခြင်း


Photo: ဂျက်လေယာဉ်ပိုင်ရှင် ထိုင်းရဟန်းတော် ငွေကြေးခ၀ါချမှုနဲ့ 
သံသယဖြစ်ခံရ
Thursday, July 4, 2013

ထိုင်းနိုင်ငံ အင်တာနက်အွန်လိုင်းမှာ ဒီကာလအတွင်း လူအများ စိတ်ဝင်စားစရာ 
ဖြစ်လာတဲ့ သတင်းတခု ကတော့ အငြင်းပွား ဖွယ်ရာ ထိုင်းရဟန်းတော်တပါးရဲ့ 
အဖြစ်ပါ။ 


အဆိုပါ ထိုင်းရဟန်းတော်ဟာကိုယ်ပိုင် ဂျက်လေယာဉ်ကို ၀ယ်စီးခဲ့သူလည်းဖြစ်သလို
 ငွေကြေးအများ အပြား ပိုင်ဆိုင်ပြီး သူ့မှာ ဘဏ်အကောင့် ၁၀ ခု ထက်မနည်း 
ရှိတယ်လို့ သိရပါတယ်။ 

အဆိုပါရဟန်းတော်ဟာ ဘတ်ငွေ သန်း ၂၀၀ အထက် ပိုင် ဆိုင်ပြီး ငွေကြေးအများစု ဟာ
 တရား မ၀င် ငွေ
ကြေးခ၀ါချမှုဆိုင်ရာ ပတ်သက်နိုင်တယ်လို့ ထိုင်းနိုင်ငံ ငွေကြေး ခ၀ါချမှု 
တိုက်ဖျက်ရေးရုံး (Amlo) ရဲ့ အင်္ဂါနေ့ က ပြောဆိုမှုကို ဘန်ကောက်ပို့စ် 
သတင်းတခုက ဖော်ပြပါတယ်။ 

ငွေကြေး ခ၀ါချမှု ဆိုင်ရာ ငြိစွန်းမှု ရှိ၊ မရှိ သံသယတွေ ကင်းသွားချိန်ထိ 
အဆိုပါ ရဟန်းတော်ရဲ့ မည်သည့် ပိုင်ဆိုင်မှု ငွေကြေးကို မဆို တခြား 
တစုံတယောက်ဆီကို လွှဲပြောင်းလို့ မရအောင် Amlo က ပိတ်ပင်တား
မြစ် လိုက်တယ်လို့ ဆို ပါတယ်။ 

အသက် ၃၄ နှစ်ရှိ နာမည်ကြီး ထိုင်းရဟန်းတော် Luang Pu Nen Kham Chattiko 
လို့ လူသိများတဲ့ Phra Warapol Sukphoi ရဲ့ ဘဏ် ၁၆ ခုရဲ့ စာရင်းတွေကို 
စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ရုံး က 
ဆိုပါတယ်။ 

အဆိုပါ ထိုင်းရဟန်းတော်ဟာ တချို့ ထိုင်းမီဒီယာတွေ ရေးသားပြောဆိုနေကြတဲ့ 
တရားမ၀င် မူးရစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ 
ပြောဆိုမှုတွေကိုတော့ အဆိုပါ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ရုံးက 
အတည်မပြုပါဘူး တဲ့။ 

အခုဆိုရင် အဆိုပါ ထိုင်းရဟန်းတော်ဟာ ဥရောပမှာ ရှိနေပြီး ပြန်လာဖို့ကိုလည်း 
ရွှေ့ဆိုင်းထားတယ်လို့ ဘန်ကောက် ပို့စ်က ဆိုပါတယ်။ 

သိပ်မကြာသေးခင်တုန်းက ထိုင်း အင်တာနက် လောကမှာ လူအများ စိတ်ဝင်စားမှု 
အရှိဆုံးနဲ့ ဝေဖန်မှု အများဆုံး ဖြစ်ခဲ့တဲ့ ဗီဒီယို တခုကို 
မှတ်မိကြမယ်ထင်ပါတယ်။ 

ထိုင်းရဟန်းတော်တချို့ဟာ အကောင်းစား နေကာမျက်မှန်တွေနဲ့ ကိုယ် ပိုင် 
ဂျက်လေယာဉ်နဲ့ မှတ်တမ်း ရိုက်ထားတာကိုတော့ လူတွေ 
အတော်သိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ ဂျက်လေယာဉ်ပျံ ဟာ အဆိုပါ ထိုင်းရဟန်းတော် 
Luang Pu ပိုင်ဆိုင်တာလို့လည်း သိရပါတယ်။ 

http://www.youtube.com/watch?v=sANFgwoJeic&feature=player_embedded

 Credit To > ဧရာဝတီ

ထိုင်းနိုင်ငံ အင်တာနက်အွန်လိုင်းမှာ ဒီကာလအတွင်း လူအများ စိတ်ဝင်စားစရာ ဖြစ်လာတဲ့ သတင်းတခု ကတော့ အငြင်းပွား ဖွယ်ရာ ထိုင်းရဟန်းတော်တပါးရဲ့ အဖြစ်ပါ။
အဆိုပါ ထိုင်းရဟန်းတော်ဟာကိုယ်ပိုင် ဂျက်လေယာဉ်ကို ၀ယ်စီးခဲ့သူလည်းဖြစ်သလို ငွေကြေးအများ အပြား ပိုင်ဆိုင်ပြီး သူ့မှာ ဘဏ်အကောင့် ၁၀ ခု ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
အဆိုပါရဟန်းတော်ဟာ ဘတ်ငွေ သန်း ၂၀၀ အထက် ပိုင် ဆိုင်ပြီး ငွေကြေးအများစု ဟာ တရား မ၀င် ငွေ
ကြေးခ၀ါချမှုဆိုင်ရာ ပတ်သက်နိုင်တယ်လို့ ထိုင်းနိုင်ငံ ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေးရုံး (Amlo) ရဲ့ အင်္ဂါနေ့ က ပြောဆိုမှုကို ဘန်ကောက်ပို့စ် သတင်းတခုက ဖော်ပြပါတယ်။

ငွေကြေး ခ၀ါချမှု ဆိုင်ရာ ငြိစွန်းမှု ရှိ၊ မရှိ သံသယတွေ ကင်းသွားချိန်ထိ အဆိုပါ ရဟန်းတော်ရဲ့ မည်သည့် ပိုင်ဆိုင်မှု ငွေကြေးကို မဆို တခြား တစုံတယောက်ဆီကို လွှဲပြောင်းလို့ မရအောင် Amlo က ပိတ်ပင်တား
မြစ် လိုက်တယ်လို့ ဆို ပါတယ်။

အသက် ၃၄ နှစ်ရှိ နာမည်ကြီး ထိုင်းရဟန်းတော် Luang Pu Nen Kham Chattiko လို့ လူသိများတဲ့ Phra Warapol Sukphoi ရဲ့ ဘဏ် ၁၆ ခုရဲ့ စာရင်းတွေကို စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ရုံး က ဆိုပါတယ်။

အဆိုပါ ထိုင်းရဟန်းတော်ဟာ တချို့ ထိုင်းမီဒီယာတွေ ရေးသားပြောဆိုနေကြတဲ့ တရားမ၀င် မူးရစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ အဆိုပါ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ရုံးက အတည်မပြုပါဘူး တဲ့။

အခုဆိုရင် အဆိုပါ ထိုင်းရဟန်းတော်ဟာ ဥရောပမှာ ရှိနေပြီး ပြန်လာဖို့ကိုလည်း ရွှေ့ဆိုင်းထားတယ်လို့ ဘန်ကောက် ပို့စ်က ဆိုပါတယ်။

သိပ်မကြာသေးခင်တုန်းက ထိုင်း အင်တာနက် လောကမှာ လူအများ စိတ်ဝင်စားမှု အရှိဆုံးနဲ့ ဝေဖန်မှု အများဆုံး ဖြစ်ခဲ့တဲ့ ဗီဒီယို တခုကို မှတ်မိကြမယ်ထင်ပါတယ်။

ထိုင်းရဟန်းတော်တချို့ဟာ အကောင်းစား နေကာမျက်မှန်တွေနဲ့ ကိုယ် ပိုင် ဂျက်လေယာဉ်နဲ့ မှတ်တမ်း ရိုက်ထားတာကိုတော့ လူတွေ အတော်သိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ ဂျက်လေယာဉ်ပျံ ဟာ အဆိုပါ ထိုင်းရဟန်းတော် Luang Pu ပိုင်ဆိုင်တာလို့လည်း သိရပါတယ်။

http://www.youtube.com/watch?v=sANFgwoJeic&feature=player_embedded

Wednesday, March 13, 2013

အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ

ဖတ်ရတာရှည်တယ်ထင်လို့ မဖတ်ပဲမနေပါနဲ့ ဘဝအတွက် တန်ဖိုးအရှိဆုံး စကားလုံးတွေပါ
 
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် 
ဘာကိုတန်ဖိုးထားရမလဲ
*****************************************

အတွင်းအား ရှိဖို့လို

ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို 
ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် 
လုပ်ရမယ်။
( ဆရာတော်ဦးဇောတိက )

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ 
မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို
 လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
( ဆရာတော်ဦးဇောတိက )


ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ

လူတွေမှာ အခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ 
အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ် 
ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ 
ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ကိုယ့်ဘာသာတရား

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုသဘောထားသလဲ
ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
ဘဝကို အလေးအနက် တန်ဖိုးထားမယ်။
ဘဝကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
သူလုပ်သမျှကို သူ့ကိုယ်ပိုင် ဉာဏ်နဲ့သူ စဉ်းစားပြီးတော့
သင့်တော်သလား၊ မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊
ကောင်းသလား၊ မကောင်းဘူးလား၊ ရိုးသားသလား၊ မရိုးသားဘူးလား
ဆိုတာကို သေသေချာချာ စဉ်းစားရတော့မယ်၊ မစဉ်းစားလို့ မဖြစ်ဘူး။
( ဆရာတော်ဦးဇောတိက )

အကျိုးပြုတဲ့ဘာသာတရား

လူရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ပိုတောင်မှ အရေးကြီးလာပြီ

ကလေးတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူဟာ စိတ်ထားရော၊ အသိဉာဏ်ရော
ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းရမယ်ခရီးမှာ 
ရင်ဆိုင်သွားရမယ်
အခက်အခဲတွေဟာ အင်မတန်များတယ်။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိ တော်တော်ကို လိုတယ်။
သတ္တိရှိအောင် ဆိုတာလည်း ကိုယ့်မိဘနဲ့ အသိုင်းအဝိုင်းကလည်း
အကူအညီ ပေးဖို့ အများကြီး လိုတယ်။
ဒါပေမယ် အခုခေတ်လို အလုပ်တွေ အင်မတန်များတဲ့ခေတ်၊
မိဘတွေမှာလည်းပဲ သောကတွေ အင်မတန်များနေတဲ့ခေတ်မှာ
ကလေးတစ်ယောက်ဟာ တကယ်စိတ်ဓာတ်ရင့်ကျက်တဲ့
လူကြီးတစ်ယောက် ဖြစ်လာဖို့ ပိုပြီးတော့ ခက်ခဲလာတယ်။
ပိုပြီးတော့ ခက်ခဲတဲ့အတွက် ပိုတောင်မှ အရေးကြီးလာတယ်။
( ဆရာတော်ဦးဇောတိက )

ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး
ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ
အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ပြီ ဆိုရင်

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့
 သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ 
ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို 
ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ 
လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ 
ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ 
ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ဥပဒေနဲ့ လွတ်လပ်မှု

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးတဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။
ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို
ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။
( ဆရာတော် ဦးဇောတိက )
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅)

ဥပဒေ ဆိုတာ

အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။

ဆရာတော်ဦးဇောတိက - လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )

အမြင့်ဆုံး ယဉ်ကျေးမှု

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် 
ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ” - 
Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ 
မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် 
ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ 
ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ 
ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ 
Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ 
ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ 
ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

Automatic Voltage Regulator

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ 
ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ 
automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က 
လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ 
နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ 
ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ 
လွန်မသွားအောင် ထိန်းပေးတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

လူ့အသိုင်းအ၀ိုင်းကို ကောင်းစေချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင်
 ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ 
နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် 
လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ 
အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးသူ

မိစ္ဆာဒိဋ္ဌိက အကုသိုလင်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာ 
အကောင်းဆုံး အရာဖြစ်တယ်။ မှားတဲ့အမြင်ပေါ်မှာ အခြေခံပြီးတော့ မှားတာတွေ 
တွေးမယ် မှားတာတွေ ပြောမယ်၊ မှားတာတွေ လုပ်မယ်။
ကုသိုလင်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ 
စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို 
ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ 
အင်အားကြီးတဲ့သူလို့ ဆိုရမယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၇၇)

ရေမြင့်မှကြာမြင့်

သူများက သိပ်နိမ့်နေပြီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ 
ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ 
ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်ထဲအတွက်
 ကွက်ပြီးတော့ တွေးလို့မရဘူး။ သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေတွေပါ 
ထည့်တွေးရမယ်။ ငါ့သားသမီးတွေရဲ့ သူငယ်ချင်းတွေပါ အဆင့်အတန်းမြင့်မှ 
ဖြစ်မယ်။ သူတို့အတွက်ပါ ငါတို့ ဝိုင်းစဉ်းစားရမယ်။ အဲဒီလို မိဘတိုင်းက 
ဝိုင်းပြီး စဉ်းစားလိုက်ရင် ဘယ်လိုနေမလဲ။ တော်တော် တိုးတက်လာမယ် နော်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၁၀၁)

အိုင်စတိုင်းလ်ရဲ့ စိတ်ထား

A hundred times every day I remind myself that my inner and outer life 
depend on the labors of other men, living and dead, and that I must 
exert myself in order to give in the same measure as I have received and
 am still receiving. (Albert Einstein)

တစ်နေ့ကို အကြိမ်တစ်ရာလောက် ကျွန်တော့်ကိုယ်ကိုကျွန်တော် သတိပေးပါတယ်။ 
ငါ့ရဲ့ အတွင်းဘဝ (အသိဉာဏ်၊ ပညာ၊ စိတ်ထား၊ စိတ်ချမ်းသာမှု)နဲ့ အပြင်ဘဝ 
(နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ လုံခြုံရေး) နှစ်ခုလုံးဟာ အခု 
အသက်ရှင်နေတဲ့သူတွေနဲ့ ကွယ်လွန်သွားကြပြီးဖြစ်တဲ့ လူတွေရဲ့ 
အားထုတ်ဆောင်ရွက်မူပေါ်မှာ အခြေခံနေတယ်။ ငါဟာ သူတို့ဆီက ရခဲ့သလို ၊ 
ရနေသလိုပဲ ငါရခဲ့သလောက် ငါရနေသလောက် ပြန်ပေးဖို့ကို အားထုတ်ရမယ်။
( အိုင်စတိုင်းလ် ) - အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၆၈)


the eXistence မှ ဆရာတော်ဦးဇောတိက ရေးသားပြုစုထားသော
အသက်ရှင်နေလျက် ဘဝသေနေသူ 
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ
နှင့် ဘာကိုတန်ဖိုးထားရမလဲ 
စာအုပ် မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

World Of Wisdom
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ
******************************
***********

အတွင်းအား ရှိဖို့လို

ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။
( ဆရာတော်ဦးဇောတိက )

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
( ဆရာတော်ဦးဇောတိက )


ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ

လူတွေမှာ အခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ် ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ကိုယ့်ဘာသာတရား

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုသဘောထားသလဲ
ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
ဘဝကို အလေးအနက် တန်ဖိုးထားမယ်။
ဘဝကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
သူလုပ်သမျှကို သူ့ကိုယ်ပိုင် ဉာဏ်နဲ့သူ စဉ်းစားပြီးတော့
သင့်တော်သလား၊ မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊
ကောင်းသလား၊ မကောင်းဘူးလား၊ ရိုးသားသလား၊ မရိုးသားဘူးလား
ဆိုတာကို သေသေချာချာ စဉ်းစားရတော့မယ်၊ မစဉ်းစားလို့ မဖြစ်ဘူး။
( ဆရာတော်ဦးဇောတိက )

အကျိုးပြုတဲ့ဘာသာတရား

လူရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ပိုတောင်မှ အရေးကြီးလာပြီ

ကလေးတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူဟာ စိတ်ထားရော၊ အသိဉာဏ်ရော
ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းရမယ်ခရီးမှာ ရင်ဆိုင်သွားရမယ်
အခက်အခဲတွေဟာ အင်မတန်များတယ်။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိ တော်တော်ကို လိုတယ်။
သတ္တိရှိအောင် ဆိုတာလည်း ကိုယ့်မိဘနဲ့ အသိုင်းအဝိုင်းကလည်း
အကူအညီ ပေးဖို့ အများကြီး လိုတယ်။
ဒါပေမယ် အခုခေတ်လို အလုပ်တွေ အင်မတန်များတဲ့ခေတ်၊
မိဘတွေမှာလည်းပဲ သောကတွေ အင်မတန်များနေတဲ့ခေတ်မှာ
ကလေးတစ်ယောက်ဟာ တကယ်စိတ်ဓာတ်ရင့်ကျက်တဲ့
လူကြီးတစ်ယောက် ဖြစ်လာဖို့ ပိုပြီးတော့ ခက်ခဲလာတယ်။
ပိုပြီးတော့ ခက်ခဲတဲ့အတွက် ပိုတောင်မှ အရေးကြီးလာတယ်။
( ဆရာတော်ဦးဇောတိက )

ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး
ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ
အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ပြီ ဆိုရင်

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့ သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ဥပဒေနဲ့ လွတ်လပ်မှု

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးတဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။
ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို
ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။
( ဆရာတော် ဦးဇောတိက )
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅)

ဥပဒေ ဆိုတာ

အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။

ဆရာတော်ဦးဇောတိက - လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )

အမြင့်ဆုံး ယဉ်ကျေးမှု

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ” - Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

Automatic Voltage Regulator

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

လူ့အသိုင်းအ၀ိုင်းကို ကောင်းစေချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးသူ

မိစ္ဆာဒိဋ္ဌိက အကုသိုလင်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာ အကောင်းဆုံး အရာဖြစ်တယ်။ မှားတဲ့အမြင်ပေါ်မှာ အခြေခံပြီးတော့ မှားတာတွေ တွေးမယ် မှားတာတွေ ပြောမယ်၊ မှားတာတွေ လုပ်မယ်။
ကုသိုလင်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၇၇)

ရေမြင့်မှကြာမြင့်

သူများက သိပ်နိမ့်နေပြီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်ထဲအတွက် ကွက်ပြီးတော့ တွေးလို့မရဘူး။ သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေတွေပါ ထည့်တွေးရမယ်။ ငါ့သားသမီးတွေရဲ့ သူငယ်ချင်းတွေပါ အဆင့်အတန်းမြင့်မှ ဖြစ်မယ်။ သူတို့အတွက်ပါ ငါတို့ ဝိုင်းစဉ်းစားရမယ်။ အဲဒီလို မိဘတိုင်းက ဝိုင်းပြီး စဉ်းစားလိုက်ရင် ဘယ်လိုနေမလဲ။ တော်တော် တိုးတက်လာမယ် နော်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၁၀၁)

အိုင်စတိုင်းလ်ရဲ့ စိတ်ထား

A hundred times every day I remind myself that my inner and outer life depend on the labors of other men, living and dead, and that I must exert myself in order to give in the same measure as I have received and am still receiving. (Albert Einstein)

တစ်နေ့ကို အကြိမ်တစ်ရာလောက် ကျွန်တော့်ကိုယ်ကိုကျွန်တော် သတိပေးပါတယ်။ ငါ့ရဲ့ အတွင်းဘဝ (အသိဉာဏ်၊ ပညာ၊ စိတ်ထား၊ စိတ်ချမ်းသာမှု)နဲ့ အပြင်ဘဝ (နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ လုံခြုံရေး) နှစ်ခုလုံးဟာ အခု အသက်ရှင်နေတဲ့သူတွေနဲ့ ကွယ်လွန်သွားကြပြီးဖြစ်တဲ့ လူတွေရဲ့ အားထုတ်ဆောင်ရွက်မူပေါ်မှာ အခြေခံနေတယ်။ ငါဟာ သူတို့ဆီက ရခဲ့သလို ၊ ရနေသလိုပဲ ငါရခဲ့သလောက် ငါရနေသလောက် ပြန်ပေးဖို့ကို အားထုတ်ရမယ်။
( အိုင်စတိုင်းလ် ) - အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၆၈)


the eXistence မှ ဆရာတော်ဦးဇောတိက ရေးသားပြုစုထားသော
အသက်ရှင်နေလျက် ဘဝသေနေသူ
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိနှင့် ဘာကိုတန်ဖိုးထားရမလဲ
စာအုပ် မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
 


သမိုင်းကပြောလာတယ် ရိုဟင်ဂျာမရှိဘူး-----------

၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း ရခိုင်နှင့် သမိုင်းပညာရှင်တွေကြားထဲမှာ မေးခွန်းထုတ်စရာမလိုဘဲ ကျယ်လောင်လာတဲ့ စကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတွေက ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာဟု ဆိုသူတွေဟာ ဘင်္ဂါလီတွေသာဖြစ်ကြောင်း ရှင်းလင်းပွဲက အဖြေထုတ်သွားခဲ့ပါတယ်။

ရည်ရွယ်ချက်သုံးရပ်နဲ့ ကျင်းပတဲ့ ရှင်းလင်းပွဲ   

ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက ''ရှင်းလင်းပွဲကို ဦးတည်ချက်သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာသတင်း မီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာသတင်း မီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီးသုံးနေကြတာ တွေ့ရှိရတယ်။ အမှားကြာလျင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင်ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်'' လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မငြိမ်သက်မှုများရဲ့ နိဒါန်းအစ

ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တွင်း မငြိမ်သက်ရခြင်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို လှစ်ဟပြသခဲ့ရာမှာ ရခိုင်သမိုင်းရှင်းလင်းပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ရခိုင်တွေဟာ မွတ်စလင်တွေနဲ့ ဆယ်စုနှစ် တော်တော်များများထိ ပြဿနာတွေမဖြစ်ဘဲ ငြိမ်းချမ်းစွာနဲ့ အတူ ယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ ဒီနေ့ အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီမွတ်စလင်တချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်သာ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေနဲ့ ရခိုင်တွေကြား တင်းမာခဲ့ရတယ်လို့ ဆိုခဲ့တယ်။ မွတ်စလင်တွေဟာ ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် ဘင်္ဂါလီတွေရဲ့စကားကို အများစု နားယောင်ပြီး ဒေသခံတွေကို ပြဿနာရှာခဲ့ရာက စတင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီပြဿနာဟာ သမိုင်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် သမိုင်းရှုထောင့်မှ ရှင်းရလိမ့်မယ်လို့ ထင်မြင်မိတာကြောင့် ဒီနေ့ ရခိုင်သမိုင်းဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်လို့ ၎င်းက ထောက်ပြထားခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်တွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနဲ့ စပ်လျဉ်းပြီးတော့ အခုလိုရှင်းလင်းခဲ့တယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး'ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ  .   .   .

နိုင်ငံရေး၊ စီးပွားရေး စေ့ဆော်ချက်များနဲ့ ရခိုင်သမိုင်း

ပြင်သစ်နိုင်ငံရဲ့ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ က ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင်နိုင်ငံရဲ့ နယ်ပယ်ဖြစ်လာတဲ့အခါ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရှင်းလင်းတဲ့အခါ ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူခဲ့စဉ်က စေ့ဆော်ချက်တွေထဲမှာ နိုင်ငံရေးနဲ့ သဘောတရားရေး၊  ဘာသာရေး၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး သမိုင်းများကြားက ရခိုင်-မြန်မာဆက်ဆံရေး

ရခိုင်ကို မြန်မာတွေ (၁၇၈၅-၁၈၂၅) ခုနှစ်အတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေ ပြောင်းလဲလာပုံတွေ ကို ၎င်းက ဆက်လက်ရှင်းလင်းခဲ့ပါတယ်။  (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်းမှာ ရခိုင်အထက်တန်းလွှာတွေကို နယ်နှင်ဒဏ်ပေးခဲ့တာတွေ၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေ၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်းမှာ အခွန်အခ တိုးမြှင့်ကောက် ခံတာတွေ၊ အဓမ္မစေခိုင်းမှုများ ပြုလုပ်ခဲ့တာတွေ၊ မြန်မာဘုရင်ရဲ့စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ရခြင်းတွေ၊ ရခိုင်ကို မြန်မာတွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတာတွေဟာ အိပ်မက်တစ်ခုလို သမိုင်းတစ်ခုမှာ ရှိနေခဲ့ကြပါတယ်။


နေထိုင်မှု ပုံစံပြောင်းလဲလာခဲ့တဲ့ ရခိုင်လူမျိုးတွေ

(၁၇၈၇-၁၈၁၅)ခုနှစ်အတွင်းမှာ တစ်ချိန်တည်းမှာပဲ မြန်မာဘုရင်ရဲ့ အုပ်စိုးမှုကို ပုန်ကန်တဲ့ အရှိန်အဟုန်တွေဟာလည်း တရိပ်ရိပ် မြင့်လာခဲ့ကြတယ်။ နောက်ပြီး ရခိုင်လူမျိုး အလုံးအရင်းဟာ ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချသွားခဲ့ကြတယ်။ (၁၈၁၅-၁၈၂၅) ခုနှစ်အတွင်းမှာ စီးပွားရေးပုံစံ ကူးပြောင်းလာခဲ့ပေမယ့်  မြန်မာဘုရင်အုပ်ချုပ်မှုကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုပုံစံမျိုးတွေတော့ မရှိခဲ့ဘူးလို့ ဒေါက်တာ ဂျက်ပလိုင်ဒါက  ဆိုပါတယ်။

တစ်ချိန်က ရခိုင်နဲ့ ဘင်္ဂါလီ ဆက်ဆံရေး

ရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြုအသင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ပါမောက္ခ ဒေါက်တာစတီဖင်ဗင်ဂလန်(လိုက်ဒင်းတက္ကသိုလ်) က ၁၅ ရာစုမှ ၁၈ ရာစုအတွင်းက ရခိုင်ဒေသမှာရှိခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလားအကြား ဆက်ဆံရေးအခြေအနေတွေကို ရှင်းလင်းခဲ့တဲ့အခါမှာ ကျွန်တော်တို့အတွက် အားတက်သရော နားထောင်စရာ ဖြစ်လာခဲ့တယ်။

သမိုင်းထဲက ရခိုင်စီးပွားရေး

၁၆၃၅ ခုနှစ်မှာ ရခိုင်ဘုရင် သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါတယ်။ ရခိုင်ဘုရင်တွေ သြဇာအာဏာ ကြီးထွားလာမှုရဲ့ အဓိကအချက်ကတော့ ကုန်သွယ်ရေးက ရရှိတဲ့ အခွန်ဘဏ္ဍာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကလည်း ရခိုင်နဲ့ ဘင်္ဂလားဒေသတွေမှာ ရှိခဲ့ကြတဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့ ကုန်သွယ်ရေး ဖြစ်စဉ်တွေကြောင့်လို့ အထောက်အထားတွေအရ သိခဲ့ရတယ်။ ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလားအရှေ့တောင်ဘက်ပိုင်းမှာ ရခိုင်တွေရဲ့ ထိန်းချုပ်မှု စတင်အားလျော့လာခဲ့ရတယ်။ အဲဒီလိုအားလျော့လာ ခဲ့ရတဲ့ အကြောင်းရင်းကတော့ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့်ပဲ ဖြစ်ခဲ့တယ်။ ၁၆၆၆ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တကောင်းကို လက်လွှတ်ခဲ့ရတဲ့အတွက် ရခိုင်ဒေသ အားနည်းလာခဲ့ရတော့တယ်။ ဒါ့အပြင် ရခိုင်ဒေသကနေ ဒတ်ခ်ျ ကုန်သည်တွေ ထွက်ခွာသွားခြင်းဟာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့တယ်လို့ သိခဲ့ရတယ်။ ဒီလို ဘင်္ဂလားကနေပြီးတော့ အခွန်ဘဏ္ဍာမရရှိမှု၊ ဒတ်ခ်ျကုန်သည်တွေ ထွက်ခွာသွားမှုတွေဟာ ရခိုင်စီးပွားရေး ဈေးကွက်ကို အေးစက်စေ ခဲ့ပါတယ်။ ဘင်္ဂလားကို ထိန်းချုပ်ပြီး ရရှိလာတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ကုန်သွယ်မှုမှ ရရှိတဲ့ အခွန်အခတွေကို မှီခိုနေရတဲ့ ရခိုင်ဘုရင်ရဲ့ သြဇာအာဏာဟာလည်း ခြိမ်းခြောက်ခံနေခဲ့ရပါတယ်။ ထို့အတူ ၁၇ ရာစုနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လည်း ရခိုင်ဘုရင့်တိုင်းပြည်ဟာ မြန်မာဘုရင်လက်အောက်မှာ ကျဆုံးခဲ့ရပါတယ်။ သမိုင်းက ပြောလာတယ်။ ရိုဟင်ဂျာ မရှိဘူး။ ''ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစုလောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး''ဆိုတာကတော့ ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သမိုင်းထဲက အထင်အရှားပြသခဲ့တဲ့ ပြယုဂ်တစ်ခုပါ။

'ရခိုင်-နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့ နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှုဆီသို့ '


ဆက်လက်ပြီးတော့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနက သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက 'ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု (၁၈၂၆-၁၉၇၅) 'ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ၁၈၇၉ ခုနှစ်ကနေ စတင်ပြီးတော့ စစ်တကောင်းသားတွေရဲ့ ပြောင်းရွှေ့နေထိုင်မှုတွေက ပိုပြီးများလာခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်တကောင်းဒေသခံတွေ အများဆုံးဖြစ်လာခဲ့တယ်လို့ သိခဲ့ရတယ်။

ကိုလိုနီခေတ်မှတ်တမ်းကပြောတဲ့ အထောက်အထားတွေ

''ကျွန်တော်အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာမရှိပါဘူး''ဆိုတဲ့ အချက်ကိုတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက အထောက်အထားများနဲ့ ပြောကြားသွားခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ဘင်္ဂါလီတွေဟာ နှစ်ပေါင်း ၄၀ အတွင်း (၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်)မှာ လူဦးရေတိုး ပွားမှု အမြင့်ဆုံးနှုန်း ရှိခဲ့တာကိုလည်း အထောက်အထားတွေနဲ့ တင်ပြခဲ့တာ တွေ့ခဲ့ရပါတယ်။ နှစ်ပေါင်း ၄၀ အတွင်းမှာ  ဘင်္ဂါလီ အစ္စလာမ် ဘာသာဝင်ဦးရေ ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာတွေကို မူဂျာဟစ် သူပုန်တွေက ဖျက်ဆီးပုံနဲ့ မူဂျာဟစ်ပါတီရဲ့ တောင်းဆိုချက်တွေအရ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂါလီတွေက ၉၄ ရာ ခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့နဲ့ လူအများစု ဖြစ်နေခဲ့ကြောင်း ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တယ်။ မစ္စတာကာဇိုင်းက မြန်မာတွေ အနေနဲ့ မောင်းထုတ်ပိုင်ခွင့်ရှိတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီကျူးကျော်သူ ငါးသိန်းကျော်ရှိတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။ နောက်ပြီး သူက  ဘင်္ဂလားနိုင်ငံရဲ့ လက်ရှိပြဿနာတွေ အတောအတွင်းမှာ  ဒီပြဿနာကို အင်တိုက်အားတိုက် မလုပ်ဖို့ မြန်မာအစိုးရကို တောင်းပန်ခဲ့ပါတယ်။ နောက်ပြီးသူက မြန်မာနိုင်ငံကို လူတွေအစုလိုက် အပြုံလိုက် ၀င်ရောက်သွားခြင်း မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ The National Archives , London:FCO 15/2041 C 384097 ကို ကိုးကားပြီး ဒေါက်တာအေးချမ်းက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ စကားလုံးရဲ့အစ

ရိုဟင်ဂျာစကားလုံးကို မည်သည့်အချိန်တွင် မည်သူက စတင်သုံးစွဲခဲ့ကြောင်းကိုတော့ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်တွင်  ဘူးသီးတောင်မှ Mr. Abdul Gaffa က တီထွင်ခဲ့ကြောင်း၊ စင်စစ်တွင် ၎င်းမှာရိုဟင်ဂျာ ဆိုသောစကားလုံးကို Roshang or Rohan က ယူတာဖြစ်ကြောင်းနှင့် Roshang or Rohan စကားရပ်မှာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်လူမျိုးကိုသာ ခေါ်တွင်သည့် စကားရပ်ဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။ ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက Francis Buchanan ရေးသားခဲ့တဲ့ စာတမ်းမှာ ရခိုင်ပြည်မှာ ကာလကြာရှည် နေထိုင်ခဲ့ကြတဲ့ မိုဟာမေဒင်များဟာ သူတို့ကိုယ်သူတို့ rooinga လို့ ခေါ်ဆိုကြောင်း၊ အဆိုပါစာတမ်းမှာ ဗြိတိသျှတွေ ရခိုင်ကို မရောက်ခင် ၁၈၀၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ကြောင်း၊ တစ်ကယ်လို့ ရိုဟင်ဂျာတွေသာ အဲဒီမှာ မရှိဘူးဆိုရင် ဘာကြောင့် ယခုလို အသုံးအနှုန်းမျိုးကို ထည့်သွင်းရေးသားခဲ့ရတာလည်းဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ  ဒေါက်တာအေးချမ်းက ဒါဟာ ရိုဟင်ဂျာတွေကို ဆိုလိုတာ မဟုတ်ကြောင်း၊ စာတမ်းရှင်က Rohhawn, Roan လို့လည်း သုံးနှုန်းခဲ့ကြောင်း၊ ထိုအချိန်က ဘင်္ဂါလီတွေဟာ ရခိုင်တွေကို Rohhawn, Roan လို့လည်း ခေါ်ဆိုခဲ့ကြောင်း၊ ဒီ Rohhawn, Roan ဆိုတာဟာ နောက်မှ တရားမ၀င် ရွှေ့ပြောင်း ရောက်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်ဆိုခြင်း မဟုတ်ကြောင်း၊ primary sources များကို ကိုးကားပြီး မေးမြန်းချက်ကို ချေပခဲ့ပါတယ်။နောက်ပြီး ဒေါက်တာအေးချမ်းက သူ့ကိုးကားချက်တွေဟာ primary sources တွေဖြစ်ပြီး ဦးဌေးလွင်ဦး ပြောကြားခဲ့တာတွေက Secondary Sources ဖြစ်ပြီး Article သာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အားထားယုံကြည်လို့ မဖြစ်နိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။


ရိုဟင်ဂျာ ပြဿနာ၏ အရင်းအမြစ်

ရှင်းလင်းပွဲကို တက်ရောက် လာသူတစ်ဦးက ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခရင်းမြစ်ရဲ့ အဓိက အကြောင်းရင်းကို မေးမြန်းတဲ့အခါ ဒေါက်တာအေးချမ်းကပဲ ''ဒါဟာ ဗြိတိသျှ ကိုလိုနီမူဝါဒတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ ရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဗြိတိသျှအစိုးရအနေနဲ့ ဒီတာဝန်ကို ယူဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။ နောက်တစ်ချက်က ဘင်္ဂါလီတွေ ပြောတဲ့စကားဟာ စစ်တကောင်းဘက်မှာ ပြောတဲ့လူမျိုးတွေရဲ့ ဘာသာစကား သုံးစွဲပုံခြင်း တူနေတဲ့အချက်ပါပဲ''လို့ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေရဲ့ မိခင်နိုင်ငံအနေနဲ့လည်း ဒီရွှေ့ပြောင်းလာမှုတွေအတွက် အပြစ်တင်သင့်တယ်လို့လည်း ဒေါက်တာအေးချမ်းက ဆိုပါတယ်။  ''ကျွန်တော်တို့ဟာ အိမ်ရှင်ပါ။ သူတို့တွေက ဧည့်သည်ပါ။'' ဆိုပြီးတော့ အဆုံးသတ်ခဲ့ပါတယ်။


ရိုဟင်ဂျာ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိရပြီ

''ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူး'' ဆိုတာကတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက နိုင်ငံတကာနှင့် ပြည်တွင်းမှာ အာရုံစိုက်နေသည့် ရိုဟင်ဂျာ ဆိုသည့် အငြင်းပွားဖွယ်ရာ ပြဿနာများအား အဆုံးသတ်ပေးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှု၊ ပဋိပက္ခများအား နိုင်ငံတွင် အုပ်ချုပ်နေသော အကြီးအကဲများက ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း၊ အမြန်ဆုံးငြိမ်း ချမ်းနိုင်စေရန် ဆန္ဒပြုကြောင်း၊  စီးပွားရေး၊ လူမှုရေး မငြိမ်မသက် ဖြစ်နေခြင်းများအား အမြန်ဆုံး အဆုံးသတ်စေရန် မျှော်လင့်ကြောင်းကို ဆွေးနွေးပွဲ တက်ရောက်လာတဲ့  ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပထမနှစ် တက်ရောက်နေသော အရှင်တေဇက မိန့်ကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ တက္ကသိုလ်အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနဲ့ ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြတဲ့ ရခိုင်ရဟန်းသံဃာများနဲ့ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက်မှ ကိုမြအေးကိုလည်း ဒီပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ်လို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ငါးနာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ ရခိုင်သမိုင်း ဆွေးနွေးပွဲကနေ နှစ်ပေါင်းများစွာ သန္ဓေတည်နေခဲ့တဲ့ ဘင်္ဂါလီ၊ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို အထောက်အထားတွေ၊ ကိုးကားချက်တွေ အစုံအလင်နဲ့ အဆုံး သတ်ပေးနိုင်ခဲ့ပါတယ်။ လက်တွေ့အနေအထားမှာတော့ မည်သို့မည်ပုံ အဖြေထုတ်လာနိုင်မည်ဆိုတဲ့ အချက်ကို ကျွန်တော်အပါအ၀င် ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာ မေးခွန်းထုတ်နေမိပါတယ်။

 Eleven Media Group


Friday, February 1, 2013

အိပ်ပျော်အောင် ကြိုးစားခြင်း


သင်အိပ်မပျော်ဘူးလား ဒီနည်းများကိုသုံးပါ

01 FEBRUARY 2013  

Papworth ဆေးရုံ Sleep Centre မှ ညွှန်ကြားရေးမှူး ဖြစ်သူ Dr. John 
Shneerson က အိပ်မပျော်သူများ အတွက် အောက်ပါ မဟာဗျူဟာများကို အကြံပေးထား 
ပါတယ်။
အိပ်ရာဝင်ချိန်မှန်ပါစေ
အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်အောင် ကြိုးစားပါ။ သင့်အိပ်ချိန်မှာ 
အပြောင်းအလဲ များရှိခြင်းက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို 
ရှုပ်ထွေးသွားစေပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
နေ့ဘက်အတွင်းမှာ မိနစ် ၃၀ လောက် ပြင်းပြင်း ထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်းက 
ပူပန်သောကကို ဖယ်ရှားပစ်ပြီး သင့်ကို ကိုယ်စိတ် ဖြေလျော့ပေး စေပါတယ်။ 
လမ်းမြန်မြန် သွက်သွက် လျှောက်ခြင်းက အကောင်းဆုံးပါ။
ညအိပ်ရာဝင်ခါနီး ရေခပ်နွေးနွေးဖြင့် ချိုးပါ
ရေခပ်နွေးနွေးထဲ ကြာကြာ ရေစိမ်ချိုးခြင်းက ခန္ဓာကိုယ် အပူချိန်ကို 
တက်စေပါတယ်။ အိပ်ရာ ဝင်ချိန်ရောက်လာတဲ့အခါ ခန္ဓာကိုယ် အပူချိန်က စကျလာမယ်။ 
ယင်းက ခန္ဓာကိုယ်ကို အိပ်ဖို့ အချိန်ကျပြီလို့ အချက်ပေးခြင်းပဲဖြစ်တယ်။
အိပ်ခန်းကို ဆိတ်ငြိမ်ပြီး အလင်းရောင်ကင်းပါစေ
ဆိတ်ငြိမ်ပြီး မဲမှောင်အေးမြတဲ့ ပတ်ဝန်းကျင်က 
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အကောင်း ဆုံးပဲဖြစ်တယ်။ လိုက်ကာများကို 
ချထားပါ။
သင့်ခုတင်ကို ဂရုစိုက်ပါ
သင့်ခုတင်က ၁၀ နှစ်ကျော်ပြီလား။ အောက်သို့အိကျပြီး သင့်ကို ခါးနာစေ ပါသလား။
 ဒါဆို အစားထိုးလဲလှယ် ဖို့လိုပါလိမ့်မယ်။ တောင့်တင်းတဲ့ မွေ့ရာက 
အိပ်ပျော်ခြင်းကို အထောက် အကူပြုပါတယ်။

ဦးလှမြင့်(ဂန္ဓာမာ)

Credit to  : HEALTH DIGEST
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia


Papworth ဆေးရုံ Sleep Centre မှ ညွှန်ကြားရေးမှူး ဖြစ်သူ Dr. John Shneerson က အိပ်မပျော်သူများ အတွက် ...အောက်ပါ မဟာဗျူဟာများကို အကြံပေးထား ပါတယ်။
အိပ်ရာဝင်ချိန်မှန်ပါစေ
အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်အောင် ကြိုးစားပါ။ သင့်အိပ်ချိန်မှာ အပြောင်းအလဲ များရှိခြင်းက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ရှုပ်ထွေးသွားစေပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
နေ့ဘက်အတွင်းမှာ မိနစ် ၃၀ လောက် ပြင်းပြင်း ထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်းက ပူပန်သောကကို ဖယ်ရှားပစ်ပြီး သင့်ကို ကိုယ်စိတ် ဖြေလျော့ပေး စေပါတယ်။ လမ်းမြန်မြန် သွက်သွက် လျှောက်ခြင်းက အကောင်းဆုံးပါ။
ညအိပ်ရာဝင်ခါနီး ရေခပ်နွေးနွေးဖြင့် ချိုးပါ
ရေခပ်နွေးနွေးထဲ ကြာကြာ ရေစိမ်ချိုးခြင်းက ခန္ဓာကိုယ် အပူချိန်ကို တက်စေပါတယ်။ အိပ်ရာ ဝင်ချိန်ရောက်လာတဲ့အခါ ခန္ဓာကိုယ် အပူချိန်က စကျလာမယ်။ ယင်းက ခန္ဓာကိုယ်ကို အိပ်ဖို့ အချိန်ကျပြီလို့ အချက်ပေးခြင်းပဲဖြစ်တယ်။
အိပ်ခန်းကို ဆိတ်ငြိမ်ပြီး အလင်းရောင်ကင်းပါစေ
ဆိတ်ငြိမ်ပြီး မဲမှောင်အေးမြတဲ့ ပတ်ဝန်းကျင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အကောင်း ဆုံးပဲဖြစ်တယ်။ လိုက်ကာများကို ချထားပါ။
သင့်ခုတင်ကို ဂရုစိုက်ပါ
သင့်ခုတင်က ၁၀ နှစ်ကျော်ပြီလား။ အောက်သို့အိကျပြီး သင့်ကို ခါးနာစေ ပါသလား။ ဒါဆို အစားထိုးလဲလှယ် ဖို့လိုပါလိမ့်မယ်။ တောင့်တင်းတဲ့ မွေ့ရာက အိပ်ပျော်ခြင်းကို အထောက် အကူပြုပါတယ်။

ဦးလှမြင့်(ဂန္ဓာမာ)

Credit to : HEALTH DIGEST
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

Tuesday, January 15, 2013

အနားယူ အပန်းဖြေရန် နည်းလမ်း ၅ ခု


စိတ်ညစ်တဲ့ အခါ၊ အလုပ် ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြု ကြပါတယ်။
ဥပမာ- အားဆေး၊ အိပ်ဆေး။ အမှန်တော့ ယင်းဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး အပန်းဖြေ နိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို ဖော်ပြထားပါတယ်။

၁။ Autogenic relaxtion

Autogenic relaxtion ဆိုတာ စိတ်အပန်း ဖြေမှုအတွက် အသားပေးပါတယ်။ Calming word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ် စေအောင် စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့ ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့် ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆို နိုင်ပါတယ်။

၂။ Visualization

အမြင် အာရုံကို စိတ်ထဲကဟာကို မှတ်ယူ ကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်းတဲ့၊ စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကိုပဲ တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို ကြည့်ရှု နိုင်ပါတယ်။

၃။ Progresive relaxtion

ဒါကတော့ ခန္ဓာကိုယ် ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်းကနေ ခြေဖျားထိပ်အထိ အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင် ဆုံး ဆန့်တန်းရပါမယ်။ လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။ ခေါင်းကနေ ခြေကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။ ယင်းလုပ်ဆောင် ချက်ကို ကြွက်သားတွေ တင်းမနေတော့ ဘူးလို့ ယူဆရတဲ့အထိ လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။

၎။ Breathing Break

လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သက်တောင့် သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရပါမယ်။ ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ် လောက်တဲ့ ထိကို မဆိုလိုပါ။

၅။ Exercise

နောက်ဆုံး တစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်း စေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိတဲ့ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်နိုင်ပါတယ်။ အထက်ပါ လုပ်ဆောင်ချက် အားလုံးကို တစ်ကြိမ်တည်း ပြုလုပ်နိုင်ပါတယ်။ သို့သော် အားလုံးကို တစ်ပြိုင်နက် တည်းသာ လုပ်ဆောင်ရမယ် လို့လည်း မဆိုပါ။ အဆင်ပြေရင် ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်း တစ်ခုခုကို ပြုလုပ် နိုင်ပါတယ်။

Ref:healthcar.com

Tuesday, January 1, 2013

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ




Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။
ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
--
Ref :rare medic facts.
from- International news for myanmar

အိပ်ရေးမဝခြင်းကြောင့် ဖြစ်လာနိုင်သော အဆစ်ရောင် ရောဂါ


အဆစ်ရောင်ရောဂါ ရှိသူတွေဟာ ရွေ့လျားမှုပြုလုပ်ရာမှာ အကန့်အသတ် ရှိတာကြောင့်
နေ့စဉ်ပြု လုပ်နေကျ အလုပ်တွေကို ပြီးဆုံးအောင်လုပ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် အိပ်စက် ရာမှာ အနှောင့်အယှက် ဖြစ်စေတတ်ပါ တယ်။ ခါးကိုက်တာ၊ တင်ပါး လက်မောင်းနဲ့ ခြေထောက် နာကျင်တာ တွေကြောင့် အိပ်ရေး ပျက်တတ်ပါ တယ်။ အဆစ်ရောင်ရောဂါရှိသူ သုံးယောက်မှာ နှစ်ယောက်ဟာ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေဖြစ် တတ်ပါတယ်။
အဆစ်ရောင် တာကြောင့် အိပ်ရေးပျက်ရုံမက အိပ်ရေးပျက်တာကြောင့်လည်း အဆစ်ရောင်တဲ့ အခြေအနေ ပိုဆိုးစေ တတ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါဟာ အရိုးကို အကာအကွယ်ပေးထားတဲ့ အရိုးနုတွေ ပျက်စီးရာမှ စတင်ဖြစ် ပေါ်တတ်ပါတယ်။
ဘာကြောင့် ဖြစ်မှန်း တိတိကျကျ မသိပေမယ့် မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန်၊ အသက်အရွယ်တွေနဲ့ သက်ဆိုင်တယ်လို့ ထင်မှတ်ကြပါတယ်။ အဆစ်နာပြီး ရောင် ရမ်းတာဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ မော်လီကျူးတွေက အဆစ်ထဲ ကို ရောက်ရှိသွားတာကြောင့်ပါ။အိပ်ရေး မဝတာကြောင့် သွေးဖြူဥမှ ပြုလုပ်တဲ့ ရောင်ရမ်းမှုပစ္စည်း Interleukin-1 (LL1) တွေ များပြားလာပြီး အရိုးအဆစ်ရောင် ရောဂါဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ အိပ်ရေး မဝတာကြောင့် ခုခံအားစနစ်ဟာ အလုပ်အလွန်လုပ်ရပြီး LL1 ထုတ်လုပ်တဲ့ သွေးဖြူဥတွေဟာ အဆစ်အတွင်း ကပ်ရင်း အရိုးနုကို စားကာ အဆစ်ရောင်ရမ်း မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ရောင် ရမ်းမှုအဆင့် အနိမ့်ဆုံးဖြစ်ပြီး အနာ ကျက်ဖို့ အခွင့်အလမ်းတွေ ပိုများပါ တယ်။ အိပ်ချိန်ရဲ့ ၁၅ မှ ၂၅ ရာခိုင်နှုန်း ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့် (Deep Sleep) ဖြစ်သင့်ပြီး ညစဉ် တစ်နာရီခွဲမှ နှစ်နာရီအထိ ရှိသင့်တယ် လို့ ဆိုပါတယ်။ဒီအချိန်မှာ ခုခံအားစနစ် အသန်မာဆုံးအချိန်နဲ့ စွမ်းအင်တွေ ပြန်လည် ပြည့်ဝတဲ့အချိန်လည်း ဖြစ်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် ၄၅ မိနစ်လောက် အချိန်ယူရပြီး ဒီအဆင့်ဟာလည်း အိပ်ချိန်ရဲ့ ပထမ တစ်ဝက်မှာသာ ရရှိတတ်တယ်လို့ ဆိုပါတယ်။ အိပ်ပျော်နေစဉ် အတွင်းခန္ဓာကိုယ် ရွေ့လျားနေတာဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့် မဟုတ်ပါဘူး။အဆစ်ရောင်ရမ်းတာဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းပစ္စည်းတွေ များပြားနေတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အဆစ်ဝေဒနာ သက်သာစေဖို့အတွက် လိုအပ်တဲ့ ဟော်မုန်း အလုပ်လုပ်မှုကိုလည်း နှောင့်ယှက်တာကြောင့်ပါ။ ကြီးထွားဟော်မုန်းတွေဟာ နေ့အချိန်မှာ အနည်းငယ်သာ ထွက်ရှိတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေစဉ် အတွင်းမှာ အများအပြား ထွက်ရှိလာပါတယ်။ ဒီကြီးထွားဟော်မုန်း တွေဟာ တစ်သျှူးတွေကို ပြန်လည်ပြု ပြင်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာ နဲ့ အရိုးနဲ့ ကော်လဂျင်တွေကို ပြန်လည် အစားထိုးတာ အပါအဝင် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အများစုအတွက် အ ရေးကြီးပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ် ကြောင့် ကြီးထွားဟော်မုန်းတွေ လျော့ နည်းတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် တာကြောင့် ဒီဟော်မုန်းတွေ မြင့်တက် လာပါတယ်။

အချစ်ဟာ ဆေးဝါး တစ်မျိုးလိုအသုံးဝင်မှု


Photo: အချစ်ဟာ ဆေးဝါး တစ်မျိုးပါ
http://www.myawady.com.mm/health/knowledge/item/2950-2012-12-27-11-22-27
အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး 
နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု
 ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် 
ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန်
 လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ 
Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ 
မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး
 အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် 
ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း
 မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ 
ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ 
Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု 
လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို 
လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် 
နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ ...
အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။
၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
ပိုမိုကောင်းမွန်အောင်သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေစားပေးပါလို့ အဆုံးသတ်ရင်း တွေ့ထားတဲ့ ကျန်းမာရေးသုတလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်---

Monday, November 19, 2012

တံဆိပ် ( အကြည်တော် )


            ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ခလောက်နီရွာသား မောင်ကျော်ကြားမှာ အလွန်အကြွားထူသူဖြစ်၏။ သူ့တွင် စက်ဘီးရှိလျှင် ဆိုင်ကယ်ဖြစ်အောင် ပြောသည်။ သူ့တွင် ထော်လာဂျီရှိလျှင် ပါဂျဲရိုးဖြစ်အောင် ပြောနိုင်သူဖြစ်သည်။
            ယုတ်စွအဆုံး သူ့မိန်းမ ဂွတိုမကိုပင် နတ်သမီးတမျှ လှပသယောင် ပြောနိုင်စွမ်းရှိသည်။
            သူသည် မြို့ကြီးသို့ အရောက်အပေါက်လည်းများသူမို့ ဘယ်နေရာတွင် ဘာရပြီး ဘယ်နေရာတွင် ဘာပစ္စည်း များ ပေါချောင်ကောင်း ရနိုင်သည်ကို သိသည်။.


            ယခုလည်း မြို့သို့ရောက်ခိုက် ကျွန်တော့်ကိုခေါ်ပြီး သူတို့အိမ်တွင် အသုံးလိုသော ဒီဗီဒီနှင့်ဆောင်းဘောက်(စ်) လိုချင်ကြောင်း ပြော၍ အဖော်အဖြစ် လိုက်ပေးခဲ့ရခြင်း ဖြစ်၏။
            သူနှင့်ကျွန်တော် ပလာဇာအနှံ့ လိုက်လံကြည့်ရှုပြီးသောအခါ ဈေးသင့်၍ ပစ္စည်းစုံမည်ထင်သော ဆိုင်တစ်ဆိုင်ကို ရွေးဝင် လိုက်သည်။.
            “ဒါကတော့ ဂျပန်စက်ပေါ့၊ အသံထွက်ကောင်းတယ်..အကြမ်းလည်းခံတယ်..စပီကာက အစ တုန်ခါမှုမရှိတော့ အသံထွက် ကြည်တယ်..လူကြိုက်များတယ်”
            သေးသွယ်သော ဒီဗီဒီစက်နှင့် ဆောင်းဘောက်(စ်)ကို ဈေးသည်က ထုတ်ပြ၏။ ပုံစံလေးက မဆိုးလှပါ။ သေးငယ်သော်လည်း ကျစ်ကျစ်လစ်လစ်နှင့်မို့ မာရေကို မြင်နေရသည်။
“ဈေးနှုန်းကကော”
ကျွန်တော့်အမေးကို ဈေးသည်က..
            “သုံးသောင်းခွဲပါခင်ဗျ..တစ်နှစ်အာမခံပါတယ်..တစ်နှစ်အတွင်း သဘာဝအတိုင်း ပျက်စီးခဲ့ရင် ဒီကနေ အသစ်တစ်လုံး ပြန်လဲပေးပါတယ်” အာမခံကတ်လည်းပါ၍ ကျွန်တော်လွန်စွာ သဘောကျသွားသည်။ ရေရှည်သုံးလျှင် အသုံးခံမည့် စက်ကိုး။ ဒါကို မောင်ကျော်ကြားက သိပ်မကြိုက်။ နောက်တစ်လုံးပြခိုင်း၏။
             “ဒါက ကိုရီးယားစက်ပါ..သူလည်း လူသုံးများပြီး အကြမ်းခံပါတယ်”
              စက်က ကိုရီးယားနာမည်ကြီး တံဆိပ်တစ်ခုပါ။ ဂျပန်စက်ထက် အနည်းငယ်ပိုကြီးပြီး အရောင်အသွေးပိုစုံနေတာ တွေ့ရသည်။ သို့သော် ကြည့်ရတာက ဂျပန်စက်လောက် အားမရှိ။ အနည်းငယ်ပိုကြီးပြီး “ဖွယ်” နေသယောင် ထင်ရသည်။
             “ဈေးနှုန်းကကော”
              “သုံးသောင်းပါခင်ဗျ..ခြောက်လ အာမခံပါတယ်၊ ခြောက်လအတွင်း ပျက်စီးမှုဖြစ်ခဲ့ရင် အသစ်ပြန်လဲပေးပါတယ်”
              သူ့ဈေးနှင့်သူ့ပစ္စည်း မဆိုးဘူးဟုပင် သတ်မှတ်ရပေမည်။ ဥပမာ တစ်နှစ်သုံးရစေဦး။ ဒီစက်အတွက် တစ်နေ့ တစ်ဆယ်ပင်မကျ။ သုံးမယ်ဆို သုံးပျော်သောအဆင့်။
               ဒါကို မောင်ကျော်ကြားက မကြိုက်သေး။
              “စက်တွေရှိရင် ထပ်ပြပါဦး”  ဟု စောဒကတက်၏။
              နောက်ဆုံးတွင် ဈေးသည်က ပုံးကြီးတစ်ပုံး မလာ၏။ ပုံးကြီးကို ဖွင့်ချလိုက်သောအခါ အရောင်အသွေး ပြိုးပြိုး ပြက်ပြက်နှင့် ထင်သည်ထက် ကြီးမားနေသော စက်တစ်လုံးထွက်လာ၏။
           “ဒါကတော့ တရုတ်စက်ပါ..အာမခံကတ်တော့ မပါဘူး၊ ဒါပေမယ့် အိမ်မှာထားမယ်ဆိုရင်တော့ ခန့်ခန့်ထည်ထည်နဲ့ ကြည့်လို့ ပနံရပါတယ် ..တချို့လည်း သုံးကြပါတယ်”
            ထိုစက်ကြီးမြင်ရမှ အကြွားထူ မောင်ကျော်ကြား အားရသွား၏။
            “ကဲ ဒါကြီး ဖွင့်ပြပါဦး” ဟု ဆို၍ ဖွင့်ပြခိုင်း၏။
            ဖွင့်လိုက်သောအခါ ရောင်စုံမီး ပြိုးပြိုးပျက်ပျက်နှင့် အလှူအိမ်ထက် ရောက်သွားသလို ပေါ်လာသည်။ ကြီးမားသော ဆောင်းဘောက်(စ်)ကြီး မှ တအုန်းအုန်းနှင့် တုန်ခါလောက်အောင် ထုနေတော့သည်။
ရွာသားမောင်ကျော်ကြား အားရပြီး..
           “ဈေးနှုန်းက ဘယ်လောက်လဲ”
           “နှစ်သောင်းတည်းပါ..ဈေးသင့်ပါတယ်”
            ဘာဖြစ်ဖြစ် ရွာမှာ ပြန်ကြွားရ ပြီးရော ဆိုသော မောင်ကျော်ကြား ထိုစက်ကို ၀ယ်ယူ၍ ငွေချေသည်။. ထိုတော့မှ စက်ကို အသေအချာကြည့်၍ သတိထားမိသည်။
“ဟေ့ကောင် မင်းစက်က ဘာတံဆိပ်မှလည်း မပါပါ့လား၊ အရှင်းကြီးနော်”
           ကျွန်တော့်အမေးကို ဈေးသည်က
           “ဟုတ်ပါတယ်ခင်ဗျ.. တရုတ်စက်တွေက ဒီအတိုင်းလာတာပါ၊ အဲ.. ဒါပေမယ့် ကျွန်တော်တို့ဆိုင်မှာ ကုန်ပစ္စည်း တံဆိပ်ချည်းပဲ သီးသန့်ရှိပါတယ် ခင်ဗျ၊ ဒီစက်တွေရဲ့ အားသာချက်က ပိုင်အိုးနီးယား တံဆိပ်ကပ်လိုက်ရင် ဒီစက်က ပိုင်အိုးနီးယား ဖြစ်သွားပြီး ဆပ်ဆောင်းတံဆိပ်ကပ်လိုက်ရင် ဆပ်ဆောင်း ဖြစ်သွားပါတော့တယ်”
            ဈေးသည်၏ ရှင်းပြစကားကို မောင်ကျော်ကြား ၀မ်းသာသွားသည်။
            “ဟန်ကျလိုက်လေဗျာ၊ ကျုပ်တို့ခလောက်နီ ရွာသားတွေက ဒီစက်နဲ့တထပ်တည်းဗျ၊ တထေရာတည်းပဲ”
            သူ့စကားကြောင့် မျက်မှောင်ကြုတ်မိ၏။
            “ဘာလို့လည်းကွ”
            ကျွန်တော့်အမေးကို မောင်ကျော်ကြား..
         “ဆရာပဲ စဉ်းစားကြည့်လေ၊ သူတို့စိတ်ထဲမှာ ဟောဒီ ဆောင်းဘောက်စ် ကြီးလို သူတို့ ခန္ဓာကိုယ်မှာ ဘာတံဆိပ်မှ မရှိဘူး။ ဒါကြောင့် ဆိုနီတံဆိပ်ကပ်လိုက်၊ သူတို့ဆိုနီဖြစ်သွားရော၊ အဲ..  ဆိုနီ အခြေအနေ မကောင်းလို့ အဲလ်ပဲလ် တံဆိပ် ပြောင်းကပ်လိုက်၊ သူတို့ အဲလ်ပဲလ် ဘက်က အဆင်သင့်ပဲဗျ။ ဒါကြောင့် ကျုပ်တို့ခလောက်နီရွာသားများကို ဟောဒီစက်နဲ့ တူတယ်လို့ ပြောတာ”
           သူပြောတော့လည်း နားထဲ ရှင်းသလို၊ မရှင်းသလို။
           “ဘာတံဆိပ်မှ မရှိတဲ့လူတွေ၊ ဆိုနီတံဆိပ်ကပ်ရင် ဆိုနီဖြစ်နေတဲ့လူတွေ၊ ဆိုနီအခြေအနေမကောင်းလို့ အဲလ်ပဲလ် တံဆိပ် ကပ်ရင် အဲလ်ပဲလ် ဖြစ်ရတဲ့ လူ့ပန်းသီးတွေ”
           နောက်တစ်နေ့တွင် ရွာပြန်သွားသော မောင်ကျော်ကြား ဖုန်းဆက်လာသည်။
           “ဆရာ.. တရုတ်စက်ဆိုတဲ့အတိုင်း တစ်ရက်တည်းနဲ့ စုတ်သွားပြီ”
                         အကြည်တော်

Sunday, November 18, 2012

ချစ်သူကိုနမ်းခြင်းဖြင့်ကျန်းမာရေးထောက်ကူပေးခြင်း

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
RefMy suboo.comမှတဆင့်ကူးယူဖော်ပြသည် ။    ။
မူလဆောင်းပါးကိုပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။မူလဆောင်းပါးဧ။်အနှစ်အရသာ
ပျောက်ပျက်သွားမည်ဖြစ်သောကြောင့်ကော်ပီဖော်ပြထားခြင်းဖြစ်ပါသည်။

Thursday, November 15, 2012

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။ 

အကျဉ်းထောင်တွေထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာ ကြေညာခဲ့ပါတယ်။ 



အခုလို အကျဉ်းသားပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာမှာ လူအများမျှော်လင့်သလို သမ္မတ အိုဘားမားလည်း မျှော်လင့်နေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူ၊ သို့မဟုတ် ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံရသူများ ဆိုတာ အရေအတွက် ဘယ်လောက်ပါလာမလဲ ဆိုတာ သဲသဲ ကွဲကွဲ မရှိပါဘူး။ 

 နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ၀န်း ကျင် ကျန်ရှိနေကြပါတယ်။ 


ဒီအထဲမှာ ကိုလက်ျာထွန်းတို့လို၊ ဦးမြင့်အေးတို့လို သူတွေပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ 


အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု ဘယ်လို ရှိတယ်ဆိုတာ ကို စောင့်ကြည့်  သွားကြရမှာဖြစ်ပါတယ်။

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား

ရန်ကုန် ၊ သြဂုတ် ၁၉

မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး
ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လ
မ်းနှင့် ၃၆ လမ်းကြားရှိ
ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။


ယင်းပေါက်ကွဲမီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “
ဖောင်း ဆိုတဲ့အသံအကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။

မီးသတ်ဦးစီးအရာရှိတစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေ
စွန့်ပစ်တာများလို့ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတာပါ” ဟု
မှတ်ချက်ပေးသည်။

ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်ပြီး
ရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့
ထိတွေ့ပါက ပေါက်ကွဲတတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

the voice weekly

Friday, August 10, 2012

ကောသလမင်းကြီး အိမ်မက် ၁၆ချက်



ကောသလ
ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။ အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။ အဆိုပါ ၁၆ ချက်ကတော့ .  . .
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။

နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)
မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။မူရင်းဆိုဒ်လင့်ကတော့

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်း

 

                                                   
ဒီနေ့တော့  ဗုဒ္ဓဘာသာအများသိသင့်တဲ့ ဗုဒ္ဓဘုရားအကြောင်းလေးတခုကို တင်ပြပေးချင်ပါတယ်။ ဗုဒ္ဓ၀င် အကျဉ်းလေးပေါ့။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ပုံလေးတွေနဲ့ဆိုတော့ ကလေးတွေအတွက်လည်းအဆင်ပြေတယ်လေ။
 
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှိခိုးပါ၏။



တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။

ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။

အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
 
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ


ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ


အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း



အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း


အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း


အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ


နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။


ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ


အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကိုရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ




ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 


ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ။ အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသောပိုးရွများ ဒူးခေါင်းအထိ တက်လာကြပုံ။ မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ


ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ


မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ--ဗုဒ္ဓမြတ်စွာဘုရားအား အတိုင်းအဆမရှိကြည်ညိုပွားများနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ---။

commemt များ

Recent Comments Widget