ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....
စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ
Wednesday, February 8, 2012
အသဲကွဲ valentine
အလဲအကွဲ...ထိုးနှက်မယ့် စကားလုံးတွေအောက်မှာ
ငါ့ကမ္ဘာတစ်ခုလုံး ပျောက်ရှကြေမွသွားတယ်...
ကောက်ရစရာတောင် မရှိတော့လောက်အောင်
နှလုံးသားတစ်ခုလုံး ကြွေကျ
မနေ့ညက ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက်ကို
ဘယ်သူကများ မျက်ရည်တွေအတွက်
အားပေးအားမြောက်ဖြစ်စေလိမ့်မယ်လို့
ထင်မိမှာလဲ.........
ယုံကြည်ရာတွေပျက်သုဉ်း
တစ်သက်လုံးမကတောင် နှောင့်ယှက်နေမယ့်
ငါ့စိတ်အလျင်မှာ...
နင်ဟာ...အောင်နိုင်သူအပြုံးတွေနဲ့.....
နင့်အချစ်တွေအောက် ဒူးထောက်ကျရှုံးသူတစ်ယောက်ကို
လှောင်ရယ်နေနိုင်ရက်မလား......
စိတ်ကူးချိုချိုနဲ့ ရူးခဲ့ရတဲ့
ငါ့ရဲ့ valentine မှာ
ငါ့ဘေးနား နင်မရှိခဲ့ပေမယ့်
ငါ့နားက ထွက်သွားတဲ့ နင့်အရိပ်လေးဟာ...
ငါ့အတွက် လက်ကျန်အိပ်မက်ဆိုးပဲ ဖြစ်စေဦး...
တစ်သက်လုံး သိမ်းဆည်း မျှော်လင့်နေဦးမယ်.............။
ငါ့ကမ္ဘာတစ်ခုလုံး ပျောက်ရှကြေမွသွားတယ်...
ကောက်ရစရာတောင် မရှိတော့လောက်အောင်
နှလုံးသားတစ်ခုလုံး ကြွေကျ
မနေ့ညက ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက်ကို
ဘယ်သူကများ မျက်ရည်တွေအတွက်
အားပေးအားမြောက်ဖြစ်စေလိမ့်မယ်လို့
ထင်မိမှာလဲ.........
ယုံကြည်ရာတွေပျက်သုဉ်း
တစ်သက်လုံးမကတောင် နှောင့်ယှက်နေမယ့်
ငါ့စိတ်အလျင်မှာ...
နင်ဟာ...အောင်နိုင်သူအပြုံးတွေနဲ့.....
နင့်အချစ်တွေအောက် ဒူးထောက်ကျရှုံးသူတစ်ယောက်ကို
လှောင်ရယ်နေနိုင်ရက်မလား......
စိတ်ကူးချိုချိုနဲ့ ရူးခဲ့ရတဲ့
ငါ့ရဲ့ valentine မှာ
ငါ့ဘေးနား နင်မရှိခဲ့ပေမယ့်
ငါ့နားက ထွက်သွားတဲ့ နင့်အရိပ်လေးဟာ...
ငါ့အတွက် လက်ကျန်အိပ်မက်ဆိုးပဲ ဖြစ်စေဦး...
တစ်သက်လုံး သိမ်းဆည်း မျှော်လင့်နေဦးမယ်.............။
Labels:
ကဗျာ
ကျွန်တော်....တော့....မျှော်လင့်ခြင်း...လို့ နာမည်တပ်ထားတယ်..........
အရိုးသားဆုံးစိတ်ကူးတွေနဲ့ ရေးထိုးခဲ့တဲ့ ကမ္ဘာမှာ....
ဝိုးတ၀ါးမျှော်လင့်ခြင်းတွေ ... ဖျော့ဖျော့လေး မြင်လိုက်မိတယ်
မှင်သက်နေဆဲခဏ....
ဘ၀ရဲ့ အလှပဆုံး အိပ်မက်မြစ်တွေ နှလုံးသားနံရံတွေထိတိုင်
ဖြတ်သန်းစီးဆင်သွားကြတယ်..............
ကမ္ဘာမှာ.....အဖြူရောင်ကန့်သတ်ချက်တွေနဲ့....
ချစ်သူ့နယ်မြေဆီ....
အတ္တ...မာန တို့ ခြေချခွင့်မရှိစေရ.....
ပကတိ မုသားကင်းစင်စေမယ့်....ရစ်ပတ်ခြင်းတွေနဲ့
မြက်ခင်းစိမ်းတွေထဲ....တို့နှစ်ယောက်အတွက်
အိမ်ငယ်ထဲက..ပျော်ရွှင်စရာတွေကို (အချစ်စစ်က) ဖန်ဆင်းပေးခဲ့ပေါ့
ပြေလျော့မသွားမယ့် တို့ချစ်ခြင်းမှာ....လှိုင်းလေတွေထိတိုင် ထန်ခဲ့ဖူးတယ်....
ယုံကြည်ခြင်းတွေနဲ့ လက်တွဲတွေ ယနေ့ထိတိုင် ခိုင်မြဲဆဲ....
ကျန်တာတွေ ဘာများလိုအပ်တော့မလဲ...
အရိုးသားဆုံးစိတ်ကူးတွေနဲ့....သာယာဆုံးအိမ်လေးထဲမှာ
ကြင်နာချိုမြိန်တဲ့ စကားတွေရယ်..
တုန်ရီလှိုက်မော ယစ်မူးတွယ်ငြိစေမယ့် အဖြူရောင်အနမ်းတွေနဲ့
ကိုယ်ပိုင်ကမ္ဘာထဲမှာ ....ကိုယ်ပိုင် ဖန်တီးခြင်းတွေနဲ့......
တို့နှစ်ယောက် ရှေ့ဆက်လျောက်ရမယ့် ဘ၀ခရီးကို ဆက်ပြီး.....
လျောက်လှမ်းခွင့်လေးရှိချင်တယ်..........
Labels:
ကဗျာ
Subscribe to:
Posts (Atom)