welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, May 26, 2013

အမရာသို့------

အမရာ
ညရဲ့ သတိရခြင်းတွေကြား ငါ အိပ်မရခဲ့တာကြာနေပါပြီ
ဟုတ်တယ်---အမရာ--အခြေအနေ--အဆင့်အတန်းတွေ
ဂုဏ်တွေမတူတာတွေနဲ့ ကန့်လန့်ဖြတ်ထားတဲ့
အဲ့ဖြတ်ပိုင်းတွေကို ငါ--သိပ်ကြောက်နေခဲ့တာ---
ဟိုတစ်ချိန်က ဆိုးခဲ့တယ်ဆိုတာ မှန်ပေမယ့်
နင်နဲ့တွေ့တော့မှ တည်ငြိမ်ခဲ့တာတွေ
သဘောမတူခြင်းတွေကြား ငါတို့ ခဏခဏ ခိုးတွေ့နေခဲ့ကြတာတွေ
ဘယ်လိုပဲပြောပြော ချစ်သူသက်တမ်းသုံးနှစ်ထဲ ၀င်လာခဲ့တဲ့
ငါတို့ရဲ့ မြဲမြံတဲ့ တွဲလက်တွေကို ယုံကြည်ပေမယ်လဲ
အနာဂတ်ရဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဝေးကွာခြင်းဟာ
ငါ့ရင်ကို လှိုက်စားစေခဲ့တယ် အမရာ-------
နင်မရှိတဲ့နောက်ပိုင်း--ဟိုတုန်းကလို ငါ မပေဖြစ်ခဲ့ဘူး အမရာ
နင့်ကို သတိရခြင်းတွေနဲ့ပဲ ငါ့စိတ်တွေကို မြှုပ်နှံထားခဲ့တာ
ယုံပါလို့ မပြောချင်ပေမယ့်လဲ
နင်ယုံကြည်အောင် နေပြနိုင်ဖို့ ငါကြိုးစားနေခဲ့တယ် အမရာ-----
ခဏလောက် ငါ့ အလွမ်းတွေကို လာပြန်ပြီး နှစ်သိမ့်ပေးပါလားဟာ----

သို့ --အမရာ

ညရဲ့ အိပ်မက်တွေ ညှို့အားပြင်ပြင်းနဲ့
မူးယစ်ရီဝေစေခဲ့တယ်---အမရာ
ငါ့ရဲ့ အသက်ရှုသံတိုင်းမှာ တွယ်တွယ်ပါလာတဲ့ နင့်နာမည်ခေါ်သံတွေ
ငါ့ရှိုက်ထုတ်လိုက်တဲ့ လေတွေထဲ တွဲလွဲခိုလို့------
တကယ်တော့ မိုးပြိုမှာကို ငါ ကြို တွေးကြောက်နေခဲ့တာပါဟာ-----
အဆွေးဓါတ်တွေနဲ့ ရေးခဲ့တဲ့ ငါ့ကိုယ်ပိုင်သီချင်းတွေတောင် ငါ ပြန်မဆိုရဲခဲ့တာ
ငါ---သိပ်ချစ်တဲ့ နင့်ကို ဆုံးရှုံးရမှာ တွေးမိရုံနဲ့တင် ရူးသွားနိုင်လို့ပါကွယ်------

Tuesday, March 5, 2013

အေးချမ်းပါစေလေ--အို ကမ္ဘာမြေ------------

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့မပြောချင်တော့ဘူး
ဖြစ်ခဲ့တာတွေကဖြစ်ပြီးပြီလေ
မြင်မကောင်းအောင် သွေးစွန်းမှုတွေနဲ့
အနာဂတ်တွေ ဖရိုဖရဲ မတွေ့မြင်သေးခင်
နောက်ကြောင်းတွေ ပြန်မလှည့်ကြသေးခင်
အမှန်တရားတွေကို သွေးမစွန်းစေချင်ဘူး...........
 

နှမ်းဖြူးလူတချို့ရဲ့ မကောင်းမြင်ဝါဒတွေ
တဖက်စွန်းနင်းအယူတွေကြားက အံချော်ခြင်းတွေ
အားလုံးချုပ်ငြိမ်းသင့်ကြပြီပဲ------။
လူ့အရိုင်းအစိုင်းတွေမှ မဟုတ်ကြပဲ
ပြေလည်မှုတွေနဲ့ လက်တွဲသင့်ကြပြီ--
ကမ္ဘာမှာ မြန်မာက ခန္တီဝါဒလက်ကိုင်ထားသူတွေပါ----။
 

အို--ကမ္ဘာမြေ-----
အမှန်တရားဟာ ဘယ်တော့မှ မမှေးမှိန်ပါဘူး
အမှန်တရားဟာ ဘယ်တော့မှ မပျောက်ကွယ်သွားနိုင်ပါဘူး
အမှန်တရားတွေအတွက်
အာဃာတတွေ ဖြေဖျောက်သင့်ကြပြီပဲ------။
ကိုယ်ဆီဆုတောင်းတွေအတွက်
အေးချမ်းပါစေ---အို--ကမ္ဘာမြေ---


Monday, January 28, 2013

ရှုပ်ထွေးခြင်း

မထင်ထားခဲ့မိဘူး---
အချစ်က အဲ့လောက်ပူပြင်းမယ်လို့--
ဒဏ်ရာတွေ ရလာတော့မှပဲ
အံကိုကြိတ်
ကိုယ့်အပြစ်နဲ့ကိုယ်မို့
သက်ပြင်းမောတွေ အကြိမ်ကြိမ်ချရင်း--
ရူးမတတ်ဆိုတဲ့ အဓိပ္ပါယ်ကို ခံစားတတ်လာတယ်----

သမုဒယဆိုတဲ့ ချည်ခင်တွေကြားမှာ
ငါဟာ လွန်းတင်ယှက်ထိုး--သံယောဇဉ်ကြိုးတွေ ... 

အို--ဆိုးလိုက်တာကွယ်----------

ဦးဆုံးသောသူ့ကို မခွဲနိုင်သလို
ကိုယ့်ကို မြတ်မြတ်နိုးနိုးချစ်ခဲ့တဲ့ သူ့ကိုလဲ မခွဲနိုင်ဘူး-------
ငါ---ဘာကို ဆက်တိုးရမလဲ----?
ထိုးနှက်နေတဲ့ စကားလုံးတွေအတွက်
တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ငါ့အတ္တကိုငါ ရှက်တတ်လာခဲ့ပြီ---
နာကျင်းခြင်းဆိုတာကို သူတို့တွေအတွက် ကိုယ်ချင်းစာမိတိုင်းပဲ
ငါ့ကိုယ်ငါ ငါ့အတ္တကိုငါ ရွံ့မုန်းတီးတတ်လာပြီ--
မတွေးချင်တော့ဘူးကွယ်-----
ငါ့ကို မုန်းတီးလိုက်ကြစမ်းပါ---
ငါ့ကို တိုက်ခိုက်လိုက်ကြစမ်းပါ---
ငါ့ဆီကို-- မင်းတို့ခံစားနေရတာနဲ့အမျှ
တန်ပြန်ဝဋ်တွေ လည်လိုက်ကြစမ်းပါ---
ငါ မခံနိုင်တော့လို့ပါ---ရူးသွားရင် ကောင်းမယ်ကွယ်-----------။


အပိုင်းအစတစ်ခု

ဒဏ်ရာဆိုတာကို မော့သောက်ဖို့
ကိုယ် ကို တိုင် ပုံသွင်းခဲ့တဲ့ အတ္တနေ့စွဲတွေအတွက်---
အတိတ်ဟာ လှပခဲ့ပေမယ့်လဲ
နင်းဖြတ်လာတဲ့ သက္ကရာဇ်တိုင်းမှာ
ခြေလှမ်းတွေက နာကျင်မှုတွေနဲ့
တစနဲ့တစ ပိုဝေး--သွေးအေးသွားသလိုပဲနော်----
ချပြချင်ပေမယ့် ထွက်ကျမလာတဲ့ စကားလုံးတွေ
အကြိမ်ကြိမ် ဆွံအနေမိတဲ့ နှုတ်ခမ်းဖျားမှာတင်
အငွေ့ပျံသွားတယ်-------
(ရှင်းပြရင်လဲ နင်နားလည်မှာမဟုတ်လို့ပါ)

လျှို့ဝှက်ထားပါရစေတော့
လောင်ကျွမ်းနေတဲ့ ငါ့ရင်ထဲမှာတင် ပြာကျသွားစေတော့ဟာ---
တစစ်စစ် နာကျင် ကိုက်ခဲနေတာထက်စာရင်
လောင်ကျွမ်းသွားတာမှ တော်သေးတယ်မဟုတ်လား--
အနာတစ်ခုကို အပ်ဖျားနဲ့ဆွနေသလို
နင့်စကားလုံးတွေကို ငါခံနိုင်ရည်မရှိတော့လို့ပါ---။

Saturday, January 26, 2013

ကဗျာ (2)

နှုတ်ခမ်းဖျားနဲ့ ထွက်ကျမရတဲ့ စကားပေါင်းများစွာရှိတယ်
ရင်ဘတ်တစ်ခုလုံးနဲ့မဆန့်တော့လောက်တဲ့ ခံစားချက်များစွာနဲ့
မနက်ဖြန်ကို ကျောပိုးသယ်ရင်း--
အဆိပ်တက်အိပ်မက်တွေအတွက် ရွက်လွှင့်နေသေးတယ်
လူဆန်ဆန် အပြုံးတစ်ခုအတွက်နဲ့
အသက်မဲ့ ငါ့နှုတ်ခမ်းတွေ အခုထိ အေးစက်ဆဲ-----

ကြိုး

မြန်နေတဲ့ နှလုံးခုန်ခြင်းတွေကြား
ငါ့အသက်ရှုသံတွေကို ငါ ပြန်ရှာဆဲ--
တုန်ရီနေတဲ့ လက်အစုံမှာ မနေ့က အတိတ်တွေ အပိုင်းအပိုင်းအစစနဲ့
မနက်ဖြန်အတွက် နာကျင်ခြင်းအရိပ်အငွေ့တွေ ယှက်သန်းနေတယ်
တစ်စုံတစ်ရာကို ရေရွတ်တိုင်လိုက်တိုင်းပဲ
ကျွံမိနေတဲ့ ငါ့ခြေအစုံဟာ--လှုပ်မရအောင် နွံနစ်မွန်းပြီကွယ်---
တစ်ကယ်တော့ သုံးလွန်းတင်တယ်ဆိုတာ ကြိုးအနေနဲ့ပဲကောင်းတာပဲ
ငါက ကြိုးတစ်ချောင်းမှ မဟုတ်ပဲ
တင်ခဲ့တဲ့ သုံးလွန်းစလုံးမှာ တစ်ကြိုးမဟုတ် တစ်ကြိုးတော့ ဒဏ်ရာရမှာပဲလေ--
ဒါပေမယ့် အဲ့ကြိုးတွေကို ယက်ခဲ့တဲ့ ငါကိုယ်တိုင် အဲ့ကြိုးတွေအတွက်
ဒဏ်တွေပိ တွေဝေနေဆဲ------------------

ကဗျာ

တိတ်တဆိတ် ငါ့ရင်ထဲကို ၀င်ကြည့်လိုက်
မျက်ရည်တို့နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ရှိတယ်-
နှလုံးသားက အသုံးတော်ခံမို့ နင့်အလိုကျ ဖျော်ဖြေဆဲ
နှင်းတွေကြွေကျတဲ့ မနက်ခင်းတွေလေ--အေးစက်စက်နဲ့

ပေးဆပ်ခဲ့သမျှတိုင်း အရင်လို ပြန်မဖြစ်နိုင်တော့ရင်တောင်
အရင်က နွေးထွေးမှုမျိုး ပြန်တောင့်တမိချင်သေးတယ်ကွယ်-----

Sunday, January 6, 2013

သို့--အမရာ

ငါ့စိတ်တွေ နောက်ကျိရှုပ်ထွေးနေတာပဲ အမရာရယ်--
ခဏခဏသက်ပြင်းချသံတွေနဲ့
ငါ့ရင်ဘတ်ကြီးတစ်ခုလုံး
တဒုန်းဒုန်းတုန်ခါနေသေးတယ်----
ဘယ်သူမပြုမိမိမှုလို့ ဆိုတဲ့အတိုင်းပဲလေ
ငါကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ငါ့အပြစ်တွေအတွက်
င့ါရဲ့ သစ္စာမဲ့မှုတွေအတွက်
ငါ့ရင်ခွင်တစ်ခုလုံး စုပ်ပြတ်သတ်နေအောင်
အလူးအလဲပဲ--------။
နင်ကတော့ ခွင့်လွှတ်တဲ့အပြုံးတွေနဲ့ကြိုနေပေမယ့်လဲဟာ--
မသန့်တော့တဲ့ ငါ့စိတ်တွေထဲမှာ
နင့်စိတ်ဓါတ်ကို အရောင်မစွန်းထင်းစေရက်ခဲ့ဘူးကွယ်----
ငိုနေမိပေမယ့်လဲ ငါ့မျက်ရည်တွေက
ငါ့နှလုံးသွေးတွေကို သန့်စင်စေနိုင်တော့မှာ မဟုတ်သလို
ငါ့အပြစ်တွေကိုဘယ်လို ကျေနိုင်ပါတော့မလဲ-----
ငါ့ကိုယ်ငါ ဒဏ်ခတ်ဖို့
နင့်ကို နှုတ်ဆက်ခဲ့တယ် ဆိုတဲ့စကားတွေ
ပြောမထွက်--မပြောရက်ခဲ့ဘူးဟာ-----
ငါ ဘာလုပ်ရမလဲ---
သက်ရှိလောကကြီးထဲ ငါ့ရှင်သန်ခြင်းတွေ
အဓိပါယ်တွေ ကုန်ခန်းလုပြီကွယ်-----------------------။

နင်ရှိမယ်ဆိုရင်ပေါ့-----


ဘယ်သူတွေ ဘာတွေပဲပြောစေ
ငါ့အနား နင်ရှိနေမယ်ဆို--ဖြစ်တယ်
မနက်ဖြန်တိုင်းအတွက်
နောက်နေ့တွေ တစ်ရက်ပြီးတစ်ရက်အတွက်
တခြားဘာမှမလိုဘူး--နင်ရှိမယ်ဆို ဖြစ်တယ်---
စိတ်ကူးယာဉ်အိပ်မက်တွေအထိ
တောင်ပံဖြန်ပြီး ခရီးဆက်ကြစို့ကွယ်--
တိုက်ခိုက်လာတဲ့ ဆူးငြှောင့်တွေလဲ ကျော်လွန်ဖြတ်သန်း
လေဟုန်ထဲ နှစ်ယောက်ထဲ အတူပျံဝဲရင်း
အရာရာတိုင်းမှာ နင်ရှိနေဖို့ပဲ လိုတယ်----------။
နင်သာ အားအင်
နင်သာ အမှောင်တွေကို ထွန်းလင်းပေးမယ့် မီးအိမ်
နင်သာ အရာရာပါ ငါ့အတွက်
ဘာတွေပဲဖြစ်နေပါစေ--ဘာတွေပဲပြောနေကြပါစေ
နင်ရှိနေမယ်ဆို---အရာရာတိုင်းလဲ ဖြစ်တယ်------------။

Wednesday, December 12, 2012

ချစ်သူဖတ်ဖို့

ချစ်တယ်--
နှာခေါင်းဖျားက ထွက်သက်ဝင်သက်တွေတိုင်းထက်
ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့အသက်ထက်
နှုတ်ခမ်းထက်က ထွက်ကျတဲ့ စကားလုံးအရေအတွက်များထက်
ပိုင်ဆိုင်ချင်တဲ့ ကိုယ့်ရဲ့ အိပ်မက်များထက်
ပို ပိုပြီး ချစ်တယ်----
သူ့ရဲ့ အသံ--သူရဲ့ဟန်
သူ့ရဲ့ရယ်သံ--သူ့ရဲ့ စကားချိုတွေနဲ့
သူပိုင်ဆိုင်တဲ့ သူ့ရဲ့ပုံစံအားလုံးကို ချစ်တယ်--
ချစ်တယ်ဆိုတာထက်
ချစ်တာကို ပြောဖို့ စကားလုံးတွေအခုထိ မလုံလောက်သေးဘူးဆို
ယုံကွယ်--------။

Monday, November 19, 2012

ငါအကြားချင်ဆုံးအရာ

အိပ်ယာထချိန်မှာ နင့်အသံလေးကြားချင်တယ်
ဒီလိုပါပဲ ဝေးနေကြပေမယ့် ငါဟာ မနက်ခင်းကို
ဘာရယ်မဟုတ်ဘဲ နင်နဲ့အတူပဲဆိုတဲ့ အသိလေးနဲ့ နိုးထခြင်ရုံပါ--
အဲ့လိုပဲ ညအိပ်ယာဝင်တိုင်းလဲ
နင့်ဆီက good night ဆိုတဲ့အသံလေးကို ထပ်ကြားချင်မိသေးတယ်
ဘာမှတော့ မထူးဆန်းပေမယ့်
ငါနင့်ရဲ့အသံလေးကို စိတ်စွဲပြီး အိပ်စက်ချင်တယ်
အိပ်မက်အပိုင်းအစတွေထိတိုင် ငါတို့ လျှောက်သွားကြစို့ကွာ-

ရိုးရှင်းသောအပိုင်းအစ

ရိုးရိုးလေးပါပဲ တစ်ခါတစ်ခါ
ဘာမဟုတ်ပဲ နင့်ကို ထိုင်သတိရနေဖူးတယ်--
ဘာရယ်မဟုတ်ဘဲ နင့်အကြောင်းတွေ ထိုင်တွေး
တိတ်တိတ်လေး ထိုင်ဆွေးနေခဲ့ဖူးတယ်-- 
အရမ်းလွမ်းလာတိုင်းပဲ...
နင့်နာမည်လေးကို ထပ်ခါထပ်ခါ
ခဏခဏ ချရေးနေခဲ့ဖူးတယ်--
ဒီလိုပါပဲ-- ဘာမှ မထူးဆန်းပေမယ့်
ရိုးသားစွာ
နင့်ကို ငါအရမ်းချစ်ခဲ့မိတယ်ကွယ်

Wednesday, November 7, 2012

သို့--သခင်

ညဟာ ခပ်ပါးပါးနွမ်းလျ
လွမ်းရတဲ့ ရက်တွေမှာ
တမ်းတစွာပဲ--တူတူထိုင်ကြည့်ဖူးခဲ့တဲ့
ကောင်းကင်ကြီးကို မော်ကြည့်နေခဲ့ဖူးတယ်--
ဝေးနေပေမယ့်လဲ----
အရာရာကို အသိနဲ့သတိတို့နဲ့ ထိန်းချုပ်မောင်းနှင်ဆဲပါ အမရာ----။

ရမ္မက်နဲ့ဆန္ဒကို ကိုယ်ကျင့်သိက္ခာနဲ့ထိန်းချုပ်ရင်း
ငါဟာလဲ ပုရိသထဲက ပုရိသတစ်ယောက်ပါပဲဟာ---
ဒါပေမယ့်--နင်ယုံပေးပါ--နင်ယုံပေးပါကွယ်---
မပြောင်းလဲတဲ့ ငါ့နှလုံးဝိညာည်မှာ
စီးဆင်းနေတဲ့ အစက်စက်သော သွေးစက်တိုင်းဟာ
နင့်နာမတော်ကို အထပ်ထပ်ရွတ်ဆိုလို့--
သခင့်အလိုကျဖြစ်စေမယ့်
အောင်ပွဲရ စစ်သူကြီးတစ်ယောက်လိုအပြုံးနဲ့
အဲ့ဒါတွေကိုလေ--- နင့်ကိုယ်စား ငါ့စိတ်ထဲကမောင်းထုတ်ပစ်နိုင်ခဲ့တယ်---
ယုံတော့ကွယ်---
နင်သာ--ငါ့ရဲ့သခင်--နင်သာ ငါ့ရဲ့အရှင်ပါ----။



Tuesday, November 6, 2012

သခင့်အပြန်


စိုနေတဲ့မျက်ဝန်းမှာ 
ငိုမိမှာကို တွေးကြောက်ခဲ့  
အဓိပ္ပါယ်မဲ့ရှင်သန်ခြင်းတွေနဲ့ 
မနက်ဖြန်ဆိုတာတွေကို ရိုက်ချိုးပြီး 
သခင့်ရင်ခွင် အပြေးခိုဝင်ချင်လိုက်တာ-----
သခင်မရှိတဲ့ ကံ့ကော်တောဟာ
ငါ့အတွက် ဘယ်လိုများ ပျော်ရွှင်စေလိမ့်မလဲ
ခြောက်ကပ်နေတဲ့ 
ကံ့ကော်ရွက်တို့ရဲ့ခြေသံတွေကြားမှာ 
တိတ်ဆိတ်စွာအတိတ်တွေကို ပြန်နမ်းရှိုက်နေရင်း--- 
သခင်ပြန်လာမယ့် မနက်ဖြန်တွေကို ပြေးကြိုကာမျှော်နေချင်သေးတယ်--------။

Friday, September 21, 2012

အလွမ်းတွေအကြောင်း

အလွမ်းရောင်သန်းတဲ့--
ခရမ်းပြာရောင်ညနက်ထဲ----
မြင်မက်တဲ့ အိပ်မက်တွေထိတောင်---
နင်ဟာ---စိုးမိုးလွန်းလှတယ်ကွယ်----။
ဘာ့ကြောင့်များလဲ--
အဲ့ဒီအိပ်မက်တွေထဲမှာ--
တောက်ပတဲ့ အပြုံးတစ်ပွင့်ရယ်...
အေးမြတဲ့ မျက်ဝန်းတွေရယ်
သိမ်မွေ့တဲ့ အသက်ရှုခြင်းတွေရယ်နဲ့--
ငါ့ညတွေဟာ---နင်ရှိမှပြည့်စုံခဲ့တာ--။

ဒါပေမယ့်----တရေးနိုးချိန်တိုင်
ထစမ်းမိတဲ့ ငါ့ဘေးနားမှာ--နင်မရှိခဲ့ပေမယ့်
နင့်ကိုယ်သင်းရနံ့လေးတွေ ငါ့အသက်ရှုခြင်းတွေဆီသို့
လွင့်ပျံလာတယ်-----
အဲ့ဒါကို မပျက်စီးစေချင်သလို
အငွေ့ပျံပျောက်ဆုံးမသွားချင်တော့ဘူးဟာ---
ငါ ယစ်မူးနေချင်သေးတယ်---။

တကယ်တော့ နင်နဲ့မှ
မသင်ယူဘဲနဲ့ တတ်မြောက်နေခဲ့တဲ့
ငါ့အလွမ်းစာမျက်နှာတွေလေ---
ကိုယ်တိုင်ရေးထားတဲ့ အလွမ်းကဗျာတွေနဲ့
ရင်ဘတ်တစ်ခုထဲ အလွမ်းအငွေ့အသက်တွေ
ဖြတ်သန်းစီးဆင်းသွားသလို ပျံ့နှံ့ဆဲပါ---
အဲ့အလွမ်းတွေမှာ--မျှော်လင့်ခြင်းတစ်ချို့ရှိတယ်
သစ္စာတရားတစ်ချို့အတွက်--ရင်ဘက်ထဲက မနက်ဖြန်များစွာရှိတယ်
ယုံကြည်ခြင်းတွေနဲ့ အနာဂတ်နေ့တွေရှိတယ်
နင်မြင်နိုင်မလားကွယ်-----။

လွမ်းတယ်--အရာအားလုံးထက်---
ငါ့အတွက် (နင့်ကိုလွမ်းတဲ့) အဲ့အလွမ်းတွေဟာ ပိုခမ်းနားတယ်
ငါ့ဘေးနား--နင်မရှိနေသေးပေမယ့်
ငါ့ဆီမှာ နင့်ကို လွမ်းခွင့်ရှိတာကိုပဲ ကျေနပ်နှစ်သိမ့်နေပါ့မယ်ဟာ----------။

Thursday, September 20, 2012

ပြန်လာပါတော့----

အလွမ်းဆိုတာကို တခုတ်တရ ထုပ်ပိုး
မနက်မိုးလင်းတာနဲ့ အလွမ်းတစ်ခု ထပ်တိုးလာတယ်
မြတ်နိုးတဲ့ နင်--ငါ့အနားမှာရှိမနေချိန်တိုင်းပဲ
ထိုင်းမှိုင်းနေတဲ့ ငါ့စိတ်တွေ
တည်နေရာမရှိ လေနှင်ရာလွင့်ရင်း
တိတ်တဆိတ် အိပ်ပျက်ခဲ့တဲ့
ငါ့ညတွေ ဘယ်လောက်တောင် ရှည်လျားခဲ့ကြသလဲ---။
ပြန်လာပါတော့ ချစ်သူရယ်----
နင် ပြန်လာချိန်ကို စောင့်မျှော်နေရင်း
စိုနေတဲ့မျက်ဝန်းတစ်ဖက်က မျက်ရည်တွေငိုငိုချနေတာ
လိုရာမရတဲ့ ကလေးငယ်တစ်ယောက်လိုလေ
ခဏခဏ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ပူဆာနေမိတယ်---
ပြန်လာပါတော့ကွယ်-----စောင့်နေရတဲ့ ငါ့ရင်ဘတ်ကြီးလဲ မောလို့နေပါပြီ
နင်--ပြန်လာချိန်တွေကို လက်ချိုးရေရင်း ထပ်တိုးလာတဲ့ ငါ့အလွမ်းတွေထဲမှာ
နင့်နာမည်လေးကို ခပ်တိုးတိုးလေး ရေရွတ်နေမိသေးတယ်--
ပြန်လာပါတော့ကွယ်------------ငါ တကယ်ကို အရမ်းလွမ်းလို့ပါ---------။


သို့

ခလေးလေး-----
အဲ့လိုင့ါနှုတ်ခမ်းက လှုပ်ခတ်သွားတိုင်းပဲ
နင် ပျော်နေခဲ့တာ---
မောင်တဲ့ ချစ်ကို--အဲ့လိုခေါ်လိုက်တိုင်းပဲ
ချစ်စိတ်ထဲပျော်နေခဲ့တာတဲ့----
ဟုတ်တယ် ခလေးလေး----
နင်ပျော်ဖို့အတွက် ငါဟာ သီးသန့်ဆုခြွေတားတာ
အရာရာ နင်ပျော်ဖို့အတွက်ပဲ စဉ်းစားပေးနေခဲ့တာ---

ယုံပါ ခလေးရယ်---
သက္ကရာဇ်တွေပြောင်းသွားပေမယ့်
မပြောင်းလဲနိုင်တဲ့ ငါ့ရင်ဘတ်ထဲကို ဘယ်အချိန်ဆို
နင်တစ်ချက်လောက်ကြည့်လိုက်
ထွက်ကျလာတဲ့ စကားလုံးအပိုင်းစဆိုတာ
တစ်ခုထဲပဲ------ချစ်တယ်ဆိုတဲ့အဓိပါယ်ဖွင့်ဆိုချက်တွေအတွက်
ချစ်လေးဆိုတဲ့ နင့်နဲ့ငါ့ကြား သတ်မှတ်ထားတဲ့ နာမတစ်ခုတည်းပါ--
ချစ်တယ်---ခလေးလေးရယ်
အခုချိန်ဟာ ရည်ရွယ်ချက်တွေအတွက်နဲ့ဝေးနေကြပေမယ့်
ပြန်ဆုံမယ်ဆိုတဲ့နေ့ရက်ကို ငါတို့လက်ချိုးရေကြစို့-------
မဝေးတော့မယ် အနာဂါတ်နေ့ရက်တွေအတွက်
ငါတို့ရဲ့ ချည်နှောင်ဖွဲ့ရစ်ခြင်းတွေတိုင်းမှာ
သိမ်မွေ့စွာ နူးညံ့နက်ရှိုင်းနေကြတယ်
အိပ်မက်တွေ လက်တွေ့ဖြစ်လာခြင်းတွေရဲ့
သစ်လွင်တောက်ပမယ့် အနာဂါတ်တွေနဲ့
ဘ၀ဆိုတဲ့တိုက်ပွဲတွေကို တူတူရင်ဆိုင်ကြစို့--။

သို့---ချစ်သောသူသို့---

လွမ်းလိုက်တာချစ်သူရယ်
အရမ်းလွမ်းတိုင်းပဲ--တူတူထိုင်ကြည့်ခဲ့ဖူးတဲ့ကောင်းကင်ကြီးလေ
အလွမ်းမျက်ရည်တွေနဲ့ ကြယ်တွေတဖြုတ်ဖြုတ်ကြွေလို့----
ငါ့မျက်ရည်ခိုးတွေဝေလို့-----။

ကြယ်အကြွေကိုစောင့်ပြီး
ဆုမတောင်းရက်ခဲ့ဘူးကွယ်
ပိုင်ဆိုင်လိုချင်တဲ့ စိတ်အတ္တကြောင့်
ကောင်းကင်ကြီးအလင်းမဲ့မှာစိုးတယ်------။

ကြယ်ကြွေဆုတောင်းတွေပြည့်တယ်ပဲထားဦး
ကိုယ်ဆုတောင်းဖို့အတွက် ကြယ်ချွေချခံခဲ့ရတဲ့ကောင်းကင်ကြီး
ဘယ်လောက်များ အသဲနာကျဉ်လိုက်မလဲ---------။
အဲ့လိုပဲ--ရိုးရိုးလေးတွေးရင်း
တစ်ခါတစ်ခါ နင့်ကိုထိုင်သတိရနေဖူးတယ်----
နင့်အကြောင်းတွေတွေးရင်း နင့်ကိုလွမ်းတဲ့စိတ်တွေနဲ့
မျက်ရည်တွေ ကျနေခဲ့ဖူးတယ်----။
ပိုင်ဆိုင်လိုစိတ်အတ္တတွေနဲ့မှ ချစ်ခဲ့တာမှမဟုတ်ပဲကွယ်---------။
အချစ်သာ စစ်မှန်မယ်ဆို ငါတို့ပြန်ဆုံကြဦးမှာပါ-----။

ဒဏ်ရာ--

အိပ်မက်က လန့်နိုးသလိုမျိုး
အတိတ်ဟာ တဆတ်ဆတ်တုန်ခါ
ဒဏ်ရာဟာ--ငါ့အတွက် မနက်ဖြန်ပဲလား---
မျက်ရည်တွေကြားကရှင်သန်မှုမျိုးနဲ့...

အမှတ်တရတွေေ၀၀ါးနေဆဲ---
မနေ့ကထိ အကောင်းတိုင်းရင်ဘတ်ကြီးထဲမှာ
ဒီနေ့--ဒဏ်ရာအိပ်မက်ဆိုးတွေနဲ့---နာကျင်သူငါလေ---
ဘယ်လိုမှ တွေးမထင်ရက်ခဲ့အောင်
ယုံကြည်လွန်းခဲ့သူပါဟာ----။
အချစ်ကိုကိုးစားခဲ့မိတာ
ခံစားချက်ကို အလိုလိုက်ခဲ့မိတာ
ငါ့အတွက် အနာတရဒဏ်ရာတွေပဲရရှိခဲ့လေသလား---
ပြောင်းပြန်ဖြစ်သွားတဲ့ မျှော်လင့်ချက်တွေထဲမှာ
အချစ်နဲ့တည်ဆောက်ထားတဲ့ ငါ့ကမ္ဘာတစ်ခု လဲပြိုကျသွားတယ်---။

commemt များ

Recent Comments Widget