အမရာ
ညရဲ့ သတိရခြင်းတွေကြား ငါ အိပ်မရခဲ့တာကြာနေပါပြီ
ဟုတ်တယ်---အမရာ--အခြေအနေ--အဆင့်အတန်းတွေ
ဂုဏ်တွေမတူတာတွေနဲ့ ကန့်လန့်ဖြတ်ထားတဲ့
အဲ့ဖြတ်ပိုင်းတွေကို
ငါ--သိပ်ကြောက်နေခဲ့တာ---
ဟိုတစ်ချိန်က ဆိုးခဲ့တယ်ဆိုတာ မှန်ပေမယ့်
နင်နဲ့တွေ့တော့မှ တည်ငြိမ်ခဲ့တာတွေ
သဘောမတူခြင်းတွေကြား ငါတို့ ခဏခဏ
ခိုးတွေ့နေခဲ့ကြတာတွေ
ဘယ်လိုပဲပြောပြော ချစ်သူသက်တမ်းသုံးနှစ်ထဲ
ဝင်လာခဲ့တဲ့
ငါတို့ရဲ့ မြဲမြံတဲ့ တွဲလက်တွေကို ယုံကြည်ပေမယ့် လဲ
အနာဂတ်ရဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဝေးကွာခြင်းဟာ
ငါ့ရင်ကို
လှိုက်စားစေခဲ့တယ် အမရာ-------
နင်မရှိတဲ့နောက်ပိုင်း--ဟိုတုန်းကလို ငါ မပေဖြစ်ခဲ့ဘူး အမရာ
နင့်ကို
သတိရခြင်းတွေနဲ့ပဲ ငါ့စိတ်တွေကို မြှုပ်နှံထားခဲ့တာ
ယုံပါလို့
မပြောချင်ပေမယ့်လဲ
နင်ယုံကြည်အောင် နေပြနိုင်ဖို့ ငါကြိုးစားနေခဲ့တယ်
အမရာ-----
ခဏလောက် ငါ့ အလွမ်းတွေကို လာပြန်ပြီး
နှစ်သိမ့်ပေးပါလားဟာ----