ဂန္တ၀င်ကဗျာတစ်ပုဒ်ကို
တစ်စုံသော ငါ့ဝိညာဉ် ပူးကပ်ရင်း
အသက်မဲ့ အဆက်ဆက်သော စကားတွေနဲ့
သူ့ရဲ့....မြေမြှုပ်မိုင်းတစ်လုံးကို
ရင်အုံထွင်းပစ်ခွင်းခံဖို့အထိ
စဉ်အဆက်ဆက် .....အဘယ်ပန္နက်ရဲ့
ရေဆက်ကြောင့်
မုသားသစ္စာဖြူတွေ တောင်းဆုခြွေခဲ့ကြအံ့..........။
မမျှော်လင့်သော မျှော်လင့်ခြင်းမှာ
အကြွေပန်းတို့လဲ ဝေနေသလို...
တစ်ခုသော တစ်ခဏနဲ့ပဲ
ငါဟာ....ငါ မဟုတ်တော့သလိုပဲ
တိမ်စိုင်တွေလဲ ပျယ်ပျက်သွားကြတယ်........
အချစ်ဆိုတာ မှင်မရှိတဲ့ ဘောပင်တစ်ချောင်းဆိုရင်
ငါ့အလွမ်း စာမျက်နှာမှာ အဲ့အလွမ်းဆိုတဲ့အရာ.......
ဘယ်ထင်ကျန်ရစ်ခဲ့ပါ့မလဲ.....
အဲ့ဒီလိုနဲ့ပဲ
ငါ့မုသားတွေ ဆွတ်ဆွတ်ဖြူခဲ့တာ
အိပ်မက်မြူတွေအထိေ၀၀ါးရင်း
ငါ....ဟာ.....ငါ ပြန်ဖြစ်လာခဲ့တဲ့အချိန်မှာပဲ
င့ါမျက်ဝန်းထဲ.........
အပြာရောင် အလွမ်းမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားတယ်.................
.......ရင်အုံထဲ
ပူကနဲ..........မျက်ရည်တွေလဲ ......စိုကနဲ....................။
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့