တစ်စုံတစ်ရာရယ်
ရယ်သံချိုပျယ်လွင့်လို့
နိုးထခြင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ
တိတ်ဆိတ်ခြောက်သွေ့သော
ပြယုဂ်တစ်ခုရှိမယ်......
အလွမ်းတကာ့ အလွမ်းတွေနဲ့
အကြင်သူသာ ငိုကြွေးရလတ္တံ့ဆိုတဲ့
စကားတစ်စုရဲ့ ဦးတည်ရာဟာ
ငါ့တစ်ယောက်သာလား.....
မတည်မြဲခြင်းသဘောတွေနဲ့
အရာရာ အရင်တိုင်းပဲ
မပြောင်းလဲသေးတာ
ကံ့ကော်ကြွေသံ က စပေမယ့်
ဟန်ဆောင်ခြင်းမှာ အပြုံးတုတွေ လိုက်ဖက်လွန်းပေလို့ပဲလား
နှင်းဆီနီတွေ ဆူးတ၀င့်ဝင့်နဲ့
လှည့်စားရက်လေခြင်းဆိုတဲ့ အသိကို
သတိနဲ့ထိန်းချုပ်ဖို့
အရာရာ အရင်အတိုင်းပဲ
ပြောင်းလဲခြင်းတစ်ချို့ရှိကြပေမယ့်
မပြောင်းလဲသေးတာ
ငါ့သစ္စာတရားက အစ
ကံကော်တန်းက ခရေဖြုရနံ့တွေအသိပါ...
ငိုနေတတ်သူကို စာနာလို့
နိုးထခြင်းတိုင်း သတိတရနဲ့
အမှတ်တရတွေကို သယ်လာပေးတာ
ကံ့ကော်တန်းက..
အိပ်မက်တစ်ပုဒ်စာပါဟာ......။
ရယ်သံချိုပျယ်လွင့်လို့
နိုးထခြင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ
တိတ်ဆိတ်ခြောက်သွေ့သော
ပြယုဂ်တစ်ခုရှိမယ်......
အလွမ်းတကာ့ အလွမ်းတွေနဲ့
အကြင်သူသာ ငိုကြွေးရလတ္တံ့ဆိုတဲ့
စကားတစ်စုရဲ့ ဦးတည်ရာဟာ
ငါ့တစ်ယောက်သာလား.....
မတည်မြဲခြင်းသဘောတွေနဲ့
အရာရာ အရင်တိုင်းပဲ
မပြောင်းလဲသေးတာ
ကံ့ကော်ကြွေသံ က စပေမယ့်
ဟန်ဆောင်ခြင်းမှာ အပြုံးတုတွေ လိုက်ဖက်လွန်းပေလို့ပဲလား
နှင်းဆီနီတွေ ဆူးတ၀င့်ဝင့်နဲ့
လှည့်စားရက်လေခြင်းဆိုတဲ့ အသိကို
သတိနဲ့ထိန်းချုပ်ဖို့
အရာရာ အရင်အတိုင်းပဲ
ပြောင်းလဲခြင်းတစ်ချို့ရှိကြပေမယ့်
မပြောင်းလဲသေးတာ
ငါ့သစ္စာတရားက အစ
ကံကော်တန်းက ခရေဖြုရနံ့တွေအသိပါ...
ငိုနေတတ်သူကို စာနာလို့
နိုးထခြင်းတိုင်း သတိတရနဲ့
အမှတ်တရတွေကို သယ်လာပေးတာ
ကံ့ကော်တန်းက..
အိပ်မက်တစ်ပုဒ်စာပါဟာ......။
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့