မမြင်မစမ်းနဲ့ ငါဟာဆင်ကန်းတောတိုး
ဝိုးတ၀ါးနဲ့ ဘ၀လမ်းတွေအလယ်
အတ္တတစ်ခုထဲအတွက်နဲ့.. လိုရာကို ဆွဲမခေါ်ရက်ခဲ့ဘူးကွယ်-----
မျက်ရည်စို နင်ငိုလိုက်တိုင်းပဲ
ရင်တစ်ခြမ်းမက နာကျင်ကိုက်ခဲသွားတယ်
ယုံပါကွယ်---အသက်ထက်မြတ်နိုးခဲ့တယ်ဆိုတာ---။
ဒါပေမယ့် ငါဟာ နွံတစ်ခုပါကွယ်
ဒုက္ခတွေထဲ နင့်ဘ၀လေး ကျွံဝင်သွားမှာစိုးတယ်---
တိုးတိုးလေး ငါရှိုက်ငိုရင်း နှုတ်ဆက်
နင်မမြင်အောင် င့ါမျက်ရည်တွေ သိုဝှက်ထားလိုက်တယ်-------။
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့