အတိတ်တချို့
နှင်းမြူဖုန်းတဲ့ မြို့ဆီ
အလွမ်းပန်းချီ အိပ်မက်တွေဝေသီခဲ့
မြို့ကလေးရဲ့ကောက်ကြောင်းတွေ
ဟိုဝေ့ သည်ပတ် လို့
စုတ်ချက်တွေဖြန့်ကျက်
ဆေးစက်တွေဖြန်းပက်ကာ လှချင်တိုင်းလှ
တစ်ချိန်က
ခမ်းနားတဲ့ယဉ်ကျေးမှုတွေနဲ့
ချယ်ရီရဲ့ရနံ့တွေ
ရင်ထဲကိုလာလာထိကြ
တောင်စွယ်ရိုင်းတွေက
မြို့ကလေးရဲ့အရိုးခံစိတ်တွေကို
သက်သေထူလို့နေပေါ့
ထင်းရှူးပင်
ချယ်ရီရနံ့
စိတ်တွေလွင့်ပျံ့နေတုန်းပဲ
ဟောကြည့်
သုဓနုရဲ့မြှားချက်တွေ တဒိုင်းဒိုင်းနဲ့
ရင်ထဲကိုလာလာထိပေါ့
ကဗျာဟာလှလို့နေတုန်း ... ။
မိုးဆက်ရဲ့ မူရင်း facebook လင့်ဆီသို့
နှင်းမြူဖုန်းတဲ့ မြို့ဆီ
အလွမ်းပန်းချီ အိပ်မက်တွေဝေသီခဲ့
မြို့ကလေးရဲ့ကောက်ကြောင်းတွေ
ဟိုဝေ့ သည်ပတ် လို့
စုတ်ချက်တွေဖြန့်ကျက်
ဆေးစက်တွေဖြန်းပက်ကာ လှချင်တိုင်းလှ
တစ်ချိန်က
ခမ်းနားတဲ့ယဉ်ကျေးမှုတွေနဲ့
ချယ်ရီရဲ့ရနံ့တွေ
ရင်ထဲကိုလာလာထိကြ
တောင်စွယ်ရိုင်းတွေက
မြို့ကလေးရဲ့အရိုးခံစိတ်တွေကို
သက်သေထူလို့နေပေါ့
ထင်းရှူးပင်
ချယ်ရီရနံ့
စိတ်တွေလွင့်ပျံ့နေတုန်းပဲ
ဟောကြည့်
သုဓနုရဲ့မြှားချက်တွေ တဒိုင်းဒိုင်းနဲ့
ရင်ထဲကိုလာလာထိပေါ့
ကဗျာဟာလှလို့နေတုန်း ... ။
မိုးဆက်ရဲ့ မူရင်း facebook လင့်ဆီသို့
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့