နားရွက်ကိုက်ဖြတ်ခံထားရပါတယ်။အဲဒီအခါတရားသူကြီးကသူတို့နှစ်ဦးရဲ့ပြဿနာကိုစစ်ဆေးပါတယ်။
တရားသူကြီး။ ။ကဲမင်းတို့နှစ်ယောက်ရဲ့ပြဿနာကိုရှင်းပြပါဦး၊ ဘယ်ကစဖြစ်သလဲ
ပထမလူ။ ။ဒီလိုဗျကျွန်တော်တို့နှစ်ဦးဟာအချစ်အကြောင်းဆွေးနွေးရာကစပါတယ်---
ကျွန်တော်ကအချစ်ဆိုတာပေးဆပ်ခြင်းပါ ။ကိုယ်ချစ်တဲ့သူကိုမပိုင်ဆိုင်ခဲ့ရင်တောင်မှ
တစ်သက်လုံးဆက်ချစ်သွားမဲ့ပေးဆပ်ခြင်းအချစ်ပါ။ဒါကိုသူကကိုယ်ချစ်တဲ့သူအိမ်ထောင်ကျသွား
ရင်တောင်မှဆက်ချစ်နေတာမို့ကြာကူလီအချစ်လို့ပြောပါတယ်။
ဒုတိယလူ။ ။ ကျွန်တော်ကသူ့ကိုအချစ်ဆိုတာရယူခြင်းလို့ပြောတာကိုသူကမင်းရဲ့အချစ်ကလူကိုမရရင်
မချစ်နိုင်တော့ဘူးဆိုတော့မေတ္တာမစစ်တဲ့တဏှာချစ်လို့ပြောပြီးကျွန်တော့နားရွက်ကိုကိုက်ဖြတ်လိုက်ပါတယ်။
ထိုအခါတရားသူကြီးကပထမလူကိုမေးပါတယ်
တရားသူကြီး။ ။မောင်မင်းသူ့နားရွက်ကိုကိုက်ဖြတ်လိုက်တာဟုတ်သလား
ပထမလူ။ ။မကိုက်ပါဘူး။သူ့နားရွက်ကိုသူပြန်ကိုက်လိုက်တာပါ
တရားသူကြီး။ ။ဟေ....သူ့နားရွက်ကိုသူဘယ်လိုပြန်ကိုက်လို့ရမလဲဟ
ပထမလူ။ ။မှန်ကြည့်ပြီးကိုက်ရင်ရပါတယ်
အဲဒီအခါထုံအလွန်းတဲ့တရားသူကြီးလည်းအိမ်ရောက်ရင်ငါ့နားရွက်ငါပြန်ကိုက်ကြည့်အုန်းမှ
ဆိုပြီး ဒီအမှုကိုနောက်နေ့မှစီရင်ချက်ချမယ်ဆိုပြီးရက်ချိန်းလိုက်ပါတယ်---။
တရားသူကြီးလဲအိမ်ရောက်တယ်ဆိုရင်ပဲမှန်ရှေ့သွားပြီးသူ့နားရွက်ကိုသူကိုက်ကြည့်ဖို့ကြိုးစားနေတုန်းသူ့ဇနီး
ဖြစ်သူအနားရောက်လာပါရော။ဒီအခါသူ့ဇနီးကအကျိုးအကြောင်းမေးပြီးသိတဲ့အခါ
ဇနီး။ ။ရှင်လုပ်ပုံကတော့လေ...ဒီပုံအတိုင်းဆိုထမင်းငတ်ဖို့ရှိမယ်ရှင်နုံအပုံနဲ့တော့
စီရင်ချက်ချတဲ့နေ့ကျွန်မကိုယ်တိုင်လိုက်မှဖြစ်တော့မယ်
အမှုစီရင်ချက်ချတဲ့နေ့ရောက်တော့ ဒီအမှုကိုဘယ်လိုစီရင်ရမလဲဆိုတာ
စဉ်းစားမတတ်ဖြစ်နေတော့မလှမ်းမကမ်းမှာဒါလေးတောင်အဖြစ်မရှိရကောင်းလားဆိုပြီးနှုတ်ခမ်းစူပြီးပွစိပွစိပြောနေတဲ့
ဇနီးလုပ်သူကိုကြည့်ပြီးစီရင်ချက်ချလိုက်ပုံကတော့
"ကဲ.......နားရွက်ကိုက်ခံရတဲ့သူက နားရွက်ကိုက်တဲ့သူကိုပြန်ပြီးမနားတမ်းအာဗွားပေးစေ"
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့