welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Thursday, December 29, 2011

valentine ရဲ့ အလွမ်းကဗျာ........


မနေ့ ညကစ
အတ္တတွေ နေကွယ်တာ
ဘယ်နေရာမှာ အဲ့အရိပ် သွားပျော်နေမလဲ...........
နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းတွေ ခြောက်ကပ်လွန်းလို့
valentine ရယ်.....
အဖော်မဲ့သူကို
ဘယ်သူက အားဖြစ်စေမလဲ....
စိုကာရွှဲ မျက်ရည်တွေသာ....
အချပ်လိုက် ပဲ့ကြွေခဲ့တာ
ဆောင်းညမှာ
နောက်တစ်ခါ ပြန်မလွမ်းမောချင်တော့ဘူး........
အတိတ်ရယ်
အရိပ်ရယ်
ခံစားချက်မဲ့ ၀ါကျတစ်ချို့ရယ်
ငါ့ဘေးနား အမြဲရှိနေပေးခဲ့တဲ့
သူ့ဓါတ်ပုံလေးနဲ့ အတူ
ရင်ဘတ်တစ်ခုကို မြေမြှပ်သင်္ဂြိုလ်ပစ်မယ်.......
နောင်တတွေနဲ့...
မိုးမလင်းသေးခင်ထိ
ခေါင်းငိုက်စိုက်ရင်း
valentine နဲ့ အတူ စိတ်ကူးထားတဲ့ အိပ်မက်လေး
အရောင်ပျယ်လွင့်တာ
အမှောင်ညတွေ မဆုံးသေးခင်အထိ
valentine နဲ့ ချောကလက်တွေရယ်
အလွမ်းတွေနဲ့သာ....
ငါ့.....ကို.....လေ....
ညည်းတွား ငိုကြွေးခွင့်ပြုပါတော့...........။
 
(နတ်ဆိုး)
 
 

commemt များ

Recent Comments Widget