welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, November 20, 2012

Game Maker 7.0

ဒီဆော့ဝဲလေးကတော့ Game Maker 7.0 လေးပါ
မိမိကိုယ်တိုင်ဂိမ်းတစ်ခုဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက် ပြန်မျှပေးလိုက်ပါတယ်--ဒီဆော့ဝဲလေးကတော့ Code ရေးစရာမလိုပဲနဲ့ Computer Game ဖန်တီးနိုင်မှာဖြစ်ပါတယ် သူ့ကိုလေ့လာသင်ယူရတာလည်း လွယ်ကူပါတယ်။ မိမိလိုအပ်တဲ့ ပုံစံကို ဆွဲထည့်ပြီး လိုသလို နေရာချ ဖန်တီးနိုင်ပါတယ်။ Profectional Game ပုံစံမျိုး အချိန်သိပ်မယူရပဲနဲ့လုပ်နိုင်ပါတယ်။
Game backgrounds တွေ၊ လှူပ်ရှားမှူ့ ရုပ်ပုံတွေ၊ သီချင်းတွေ၊ sound effets တွေ အထဲမှာပါပြီးသားဖြစ်တဲ့ အတွက်  ဖန်တီးရတာ လွယ်ကူမှာဖြစ်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် နဲနဲပါးပါးတော့ ကလိလို့ရတာပေါ့ဗျာ--ဟီး--ဟုတ်တယ်နော်
လိုချင်ရင်တော့ အောက်မှာ ကြိုက်ရာကနေဒေါင်းယူကြပါလို့-----

ဒီနေရာလေးမှ
(သို့မဟုတ်)
ဒီနေရာလေးမှာ

PC Game Air Flashback Full Version


ဒါလေးကတော့ PC Game Air Flashback Full Version လေးပါ
ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ကစားလို့ ကောင်းပါတယ် အပြင်မှာ ကိုယ်တိုင် လေယာဉ်မမောင်းရပေမယ့် ဒီထဲမှာ ကိုယ့်ဘာသာ မောင်းချင်ရာမောင်း ပစ်ချင်ရာပစ်ဗျာ ဘယ်သူ ဘာပြောမလဲးးးးးဟီးးးး ဆော့ဝဲကတော့အောက်မှာ ကြိုက်တဲ့လင့်ကနေဒေါင်းယူပါ ဖိုင်ဆိုဒ်က( 24.MB )ပဲရှိပါတယ်လို့ သတင်းကောင်းနော်--------

ဒီနေရာလေးမှာ

ဒီနေရာလေးမှာ
ဒီနေရာလေးမှာ 





Monday, November 19, 2012

ငါအကြားချင်ဆုံးအရာ

အိပ်ယာထချိန်မှာ နင့်အသံလေးကြားချင်တယ်
ဒီလိုပါပဲ ဝေးနေကြပေမယ့် ငါဟာ မနက်ခင်းကို
ဘာရယ်မဟုတ်ဘဲ နင်နဲ့အတူပဲဆိုတဲ့ အသိလေးနဲ့ နိုးထခြင်ရုံပါ--
အဲ့လိုပဲ ညအိပ်ယာဝင်တိုင်းလဲ
နင့်ဆီက good night ဆိုတဲ့အသံလေးကို ထပ်ကြားချင်မိသေးတယ်
ဘာမှတော့ မထူးဆန်းပေမယ့်
ငါနင့်ရဲ့အသံလေးကို စိတ်စွဲပြီး အိပ်စက်ချင်တယ်
အိပ်မက်အပိုင်းအစတွေထိတိုင် ငါတို့ လျှောက်သွားကြစို့ကွာ-

Gmailနဲ့Gtalk သုံးသူတို့အတွက် မိမိကို ဘယ်သူ BLOCK ထားလဲ သိနိုင်မည့်ဆော့်ဝဲလ်လေး









အခုတင်ပေးတာတော့ ဂျီတော့ ကိုကို၊ မမ ၊ ညီ၊ ညီမလေးများအတွက်ဆော့ဝဲကောင်းလေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ဂျီတော့ထဲမှာ မိမိအကောင့်ကို ဘယ်သူ ဘလော့လုပ်ထားလဲ သိချင်ရင် အောက်မှာပေးထားတဲ့ဆော့ဝဲလေးကိုဒေါင်းပြီး Instrall လုပ်ပြီး ပုံမှာပြထားတဲ့ အဆင့်တွေ အတိုင်း ဆက်လုပ်သွားပါခင်ဗျာ. Configure Pidgin for Gtalk You’ll probably start with the below screen. Click the Add button. "Accounts -> Manage Account" will also bring you to the same screen. Let’s add Gtalk to Pidgin.
Clicking Add will allow you to add new Gtalk account. The following two screenshots show what you need to fill up for Basic and Advance tab, pay attention to those highlighted.
With all the settings properly entered, you should be able to connect to Gtalk and load your contacts successfully. Now let’s go find out who blocked you. 3. Who’s Blocking You? When someone blocked you in Gtalk (and other IMs), they appear offline just like your other contacts who are really offline. Right click, click on Get Info, and we’ll see how to differentiate them.
The following image is a comparison of 2 different contacts: Actual offline (left) and Blocked offline (right). If you are blocked, nothing will be display under Buddy Information. တကယ်လို့ BLOCK ထားရင်ပုံမပေါ်ဘူး BLOCK မထားရင် ပုံပေါ်ပါတယ်

ကြိုက်ရာလင့်ကနေ ဒေါင်းလုပ်လုပ်ကြပေတော့ဗျို့-----

http://www.mirrorcreator.com/files/RTYSJGQA/pidgin-2.10.6.rar_links
http://www.ziddu.com/download/20910263/pidgin-2.10.6.rar.html
http://filedefend.com/ne5qto0wrkti/pidgin-2.10.6.rar.html
http://www.load.to/fox3QytKwz/pidgin-2.10.6.rar


မူရင်းဆိုဒ်ကဒီမှာပါ

ကိုယ်ပိုင်ဖိုရမ်တစ်ခုပြုလုပ်ချင်သူ သူငယ်ချင်းများအတွက်






ကျွန်တော်ဒီနေ့  ကိုယ်ပိုင်ဖိုရမ်တစ်ခုပြုလုပ်ချင်သူ2ငယ်ချင်းများအတွက် ပြုလုပ်နည်း ( E Book ) နှင့် ( softwares ) ပါတင်ပေးလိုက်ပါတယ်ဗျာ  ကျွန်တော်တော့ဆိုဒ်လေးကိုလာရောက်လည်ပါတ်ကြတဲ့ သူငယ်ချင်း များလည်းလေ့လာလို့ ရအောင် ပြီးတော့ အွန်လိုင်းသုံးနေတဲ့ သူငယ်ချင်းများအားလုံးလည်း ကိုယ်ပိုင်ဆိုဒ်လေးတစ်ဆိုဒ်တော့ရှိသင့်တယ်လို့ ထင်ပါတယ် ဒါကြောင့် ဒီနည်းလေးကို စမ်းသပ်အသုံးပြုကြည့်ကြပါ e book ကတော့ ရာမညဖိုးလပြည့်ရေးထားတဲ့  စာအုပ်လေးပါ လေ့လာစေချင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ ဆော့ဝဲလ်ရောE book ထည့်ပေးထားပါတယ်ခင်ဗျာ အောက်မှာအဆင်ပြေမဲ့ လိုင်းကနေဒေါင်းယူနိုင်ပါတယ် မိတ်ဆွေများအားလုံးအဆင်ပြေပါစေ

http://www.crocko.com/1E63E783404442D1A8B37E5703342026/php.rar
http://www.load.to/hyOnQzIi4d/php.rar
http://www.mirrorcreator.com/files/NPVDQGCY/php.rar_links
http://bayfiles.com/file/sx49/k4zuE5/php.rar
http://freakshare.com/files/qoq0mx09/php.rar.html

တံဆိပ် ( အကြည်တော် )


            ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ခလောက်နီရွာသား မောင်ကျော်ကြားမှာ အလွန်အကြွားထူသူဖြစ်၏။ သူ့တွင် စက်ဘီးရှိလျှင် ဆိုင်ကယ်ဖြစ်အောင် ပြောသည်။ သူ့တွင် ထော်လာဂျီရှိလျှင် ပါဂျဲရိုးဖြစ်အောင် ပြောနိုင်သူဖြစ်သည်။
            ယုတ်စွအဆုံး သူ့မိန်းမ ဂွတိုမကိုပင် နတ်သမီးတမျှ လှပသယောင် ပြောနိုင်စွမ်းရှိသည်။
            သူသည် မြို့ကြီးသို့ အရောက်အပေါက်လည်းများသူမို့ ဘယ်နေရာတွင် ဘာရပြီး ဘယ်နေရာတွင် ဘာပစ္စည်း များ ပေါချောင်ကောင်း ရနိုင်သည်ကို သိသည်။.


            ယခုလည်း မြို့သို့ရောက်ခိုက် ကျွန်တော့်ကိုခေါ်ပြီး သူတို့အိမ်တွင် အသုံးလိုသော ဒီဗီဒီနှင့်ဆောင်းဘောက်(စ်) လိုချင်ကြောင်း ပြော၍ အဖော်အဖြစ် လိုက်ပေးခဲ့ရခြင်း ဖြစ်၏။
            သူနှင့်ကျွန်တော် ပလာဇာအနှံ့ လိုက်လံကြည့်ရှုပြီးသောအခါ ဈေးသင့်၍ ပစ္စည်းစုံမည်ထင်သော ဆိုင်တစ်ဆိုင်ကို ရွေးဝင် လိုက်သည်။.
            “ဒါကတော့ ဂျပန်စက်ပေါ့၊ အသံထွက်ကောင်းတယ်..အကြမ်းလည်းခံတယ်..စပီကာက အစ တုန်ခါမှုမရှိတော့ အသံထွက် ကြည်တယ်..လူကြိုက်များတယ်”
            သေးသွယ်သော ဒီဗီဒီစက်နှင့် ဆောင်းဘောက်(စ်)ကို ဈေးသည်က ထုတ်ပြ၏။ ပုံစံလေးက မဆိုးလှပါ။ သေးငယ်သော်လည်း ကျစ်ကျစ်လစ်လစ်နှင့်မို့ မာရေကို မြင်နေရသည်။
“ဈေးနှုန်းကကော”
ကျွန်တော့်အမေးကို ဈေးသည်က..
            “သုံးသောင်းခွဲပါခင်ဗျ..တစ်နှစ်အာမခံပါတယ်..တစ်နှစ်အတွင်း သဘာဝအတိုင်း ပျက်စီးခဲ့ရင် ဒီကနေ အသစ်တစ်လုံး ပြန်လဲပေးပါတယ်” အာမခံကတ်လည်းပါ၍ ကျွန်တော်လွန်စွာ သဘောကျသွားသည်။ ရေရှည်သုံးလျှင် အသုံးခံမည့် စက်ကိုး။ ဒါကို မောင်ကျော်ကြားက သိပ်မကြိုက်။ နောက်တစ်လုံးပြခိုင်း၏။
             “ဒါက ကိုရီးယားစက်ပါ..သူလည်း လူသုံးများပြီး အကြမ်းခံပါတယ်”
              စက်က ကိုရီးယားနာမည်ကြီး တံဆိပ်တစ်ခုပါ။ ဂျပန်စက်ထက် အနည်းငယ်ပိုကြီးပြီး အရောင်အသွေးပိုစုံနေတာ တွေ့ရသည်။ သို့သော် ကြည့်ရတာက ဂျပန်စက်လောက် အားမရှိ။ အနည်းငယ်ပိုကြီးပြီး “ဖွယ်” နေသယောင် ထင်ရသည်။
             “ဈေးနှုန်းကကော”
              “သုံးသောင်းပါခင်ဗျ..ခြောက်လ အာမခံပါတယ်၊ ခြောက်လအတွင်း ပျက်စီးမှုဖြစ်ခဲ့ရင် အသစ်ပြန်လဲပေးပါတယ်”
              သူ့ဈေးနှင့်သူ့ပစ္စည်း မဆိုးဘူးဟုပင် သတ်မှတ်ရပေမည်။ ဥပမာ တစ်နှစ်သုံးရစေဦး။ ဒီစက်အတွက် တစ်နေ့ တစ်ဆယ်ပင်မကျ။ သုံးမယ်ဆို သုံးပျော်သောအဆင့်။
               ဒါကို မောင်ကျော်ကြားက မကြိုက်သေး။
              “စက်တွေရှိရင် ထပ်ပြပါဦး”  ဟု စောဒကတက်၏။
              နောက်ဆုံးတွင် ဈေးသည်က ပုံးကြီးတစ်ပုံး မလာ၏။ ပုံးကြီးကို ဖွင့်ချလိုက်သောအခါ အရောင်အသွေး ပြိုးပြိုး ပြက်ပြက်နှင့် ထင်သည်ထက် ကြီးမားနေသော စက်တစ်လုံးထွက်လာ၏။
           “ဒါကတော့ တရုတ်စက်ပါ..အာမခံကတ်တော့ မပါဘူး၊ ဒါပေမယ့် အိမ်မှာထားမယ်ဆိုရင်တော့ ခန့်ခန့်ထည်ထည်နဲ့ ကြည့်လို့ ပနံရပါတယ် ..တချို့လည်း သုံးကြပါတယ်”
            ထိုစက်ကြီးမြင်ရမှ အကြွားထူ မောင်ကျော်ကြား အားရသွား၏။
            “ကဲ ဒါကြီး ဖွင့်ပြပါဦး” ဟု ဆို၍ ဖွင့်ပြခိုင်း၏။
            ဖွင့်လိုက်သောအခါ ရောင်စုံမီး ပြိုးပြိုးပျက်ပျက်နှင့် အလှူအိမ်ထက် ရောက်သွားသလို ပေါ်လာသည်။ ကြီးမားသော ဆောင်းဘောက်(စ်)ကြီး မှ တအုန်းအုန်းနှင့် တုန်ခါလောက်အောင် ထုနေတော့သည်။
ရွာသားမောင်ကျော်ကြား အားရပြီး..
           “ဈေးနှုန်းက ဘယ်လောက်လဲ”
           “နှစ်သောင်းတည်းပါ..ဈေးသင့်ပါတယ်”
            ဘာဖြစ်ဖြစ် ရွာမှာ ပြန်ကြွားရ ပြီးရော ဆိုသော မောင်ကျော်ကြား ထိုစက်ကို ၀ယ်ယူ၍ ငွေချေသည်။. ထိုတော့မှ စက်ကို အသေအချာကြည့်၍ သတိထားမိသည်။
“ဟေ့ကောင် မင်းစက်က ဘာတံဆိပ်မှလည်း မပါပါ့လား၊ အရှင်းကြီးနော်”
           ကျွန်တော့်အမေးကို ဈေးသည်က
           “ဟုတ်ပါတယ်ခင်ဗျ.. တရုတ်စက်တွေက ဒီအတိုင်းလာတာပါ၊ အဲ.. ဒါပေမယ့် ကျွန်တော်တို့ဆိုင်မှာ ကုန်ပစ္စည်း တံဆိပ်ချည်းပဲ သီးသန့်ရှိပါတယ် ခင်ဗျ၊ ဒီစက်တွေရဲ့ အားသာချက်က ပိုင်အိုးနီးယား တံဆိပ်ကပ်လိုက်ရင် ဒီစက်က ပိုင်အိုးနီးယား ဖြစ်သွားပြီး ဆပ်ဆောင်းတံဆိပ်ကပ်လိုက်ရင် ဆပ်ဆောင်း ဖြစ်သွားပါတော့တယ်”
            ဈေးသည်၏ ရှင်းပြစကားကို မောင်ကျော်ကြား ၀မ်းသာသွားသည်။
            “ဟန်ကျလိုက်လေဗျာ၊ ကျုပ်တို့ခလောက်နီ ရွာသားတွေက ဒီစက်နဲ့တထပ်တည်းဗျ၊ တထေရာတည်းပဲ”
            သူ့စကားကြောင့် မျက်မှောင်ကြုတ်မိ၏။
            “ဘာလို့လည်းကွ”
            ကျွန်တော့်အမေးကို မောင်ကျော်ကြား..
         “ဆရာပဲ စဉ်းစားကြည့်လေ၊ သူတို့စိတ်ထဲမှာ ဟောဒီ ဆောင်းဘောက်စ် ကြီးလို သူတို့ ခန္ဓာကိုယ်မှာ ဘာတံဆိပ်မှ မရှိဘူး။ ဒါကြောင့် ဆိုနီတံဆိပ်ကပ်လိုက်၊ သူတို့ဆိုနီဖြစ်သွားရော၊ အဲ..  ဆိုနီ အခြေအနေ မကောင်းလို့ အဲလ်ပဲလ် တံဆိပ် ပြောင်းကပ်လိုက်၊ သူတို့ အဲလ်ပဲလ် ဘက်က အဆင်သင့်ပဲဗျ။ ဒါကြောင့် ကျုပ်တို့ခလောက်နီရွာသားများကို ဟောဒီစက်နဲ့ တူတယ်လို့ ပြောတာ”
           သူပြောတော့လည်း နားထဲ ရှင်းသလို၊ မရှင်းသလို။
           “ဘာတံဆိပ်မှ မရှိတဲ့လူတွေ၊ ဆိုနီတံဆိပ်ကပ်ရင် ဆိုနီဖြစ်နေတဲ့လူတွေ၊ ဆိုနီအခြေအနေမကောင်းလို့ အဲလ်ပဲလ် တံဆိပ် ကပ်ရင် အဲလ်ပဲလ် ဖြစ်ရတဲ့ လူ့ပန်းသီးတွေ”
           နောက်တစ်နေ့တွင် ရွာပြန်သွားသော မောင်ကျော်ကြား ဖုန်းဆက်လာသည်။
           “ဆရာ.. တရုတ်စက်ဆိုတဲ့အတိုင်း တစ်ရက်တည်းနဲ့ စုတ်သွားပြီ”
                         အကြည်တော်

ရိုးရှင်းသောအပိုင်းအစ

ရိုးရိုးလေးပါပဲ တစ်ခါတစ်ခါ
ဘာမဟုတ်ပဲ နင့်ကို ထိုင်သတိရနေဖူးတယ်--
ဘာရယ်မဟုတ်ဘဲ နင့်အကြောင်းတွေ ထိုင်တွေး
တိတ်တိတ်လေး ထိုင်ဆွေးနေခဲ့ဖူးတယ်-- 
အရမ်းလွမ်းလာတိုင်းပဲ...
နင့်နာမည်လေးကို ထပ်ခါထပ်ခါ
ခဏခဏ ချရေးနေခဲ့ဖူးတယ်--
ဒီလိုပါပဲ-- ဘာမှ မထူးဆန်းပေမယ့်
ရိုးသားစွာ
နင့်ကို ငါအရမ်းချစ်ခဲ့မိတယ်ကွယ်

Sunday, November 18, 2012

ချစ်သူကိုနမ်းခြင်းဖြင့်ကျန်းမာရေးထောက်ကူပေးခြင်း

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
RefMy suboo.comမှတဆင့်ကူးယူဖော်ပြသည် ။    ။
မူလဆောင်းပါးကိုပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။မူလဆောင်းပါးဧ။်အနှစ်အရသာ
ပျောက်ပျက်သွားမည်ဖြစ်သောကြောင့်ကော်ပီဖော်ပြထားခြင်းဖြစ်ပါသည်။

သီချင်းစာသားတွေကိုဖော်ပြပေးတဲ့.. lyrics plugin






window XP, Vista & 7 မှာအကုန်ရပါတယ်..
Window media player , Winamp , itunes player တွေမှာပေါ်ပါတယ်.သီချင်းစာသားတွေကို..ဖော်ပြပေးပါတယ်..
မြန်မာသီချင်းတချို့ လဲပေါ်ပါတယ်။
Download links
 
 
 
 
 
Download : lyricsplugin for itunes player



ဒါလေးဟာ အင်္ဂလိပ် ရော မြန်မာပါ အကုန်ရပါတယ်
မြန်မာသီချင်းအများစုတော့မရဘူးလို့သိရပါတယ်
အားလုံးအတွက် ရှာတွေ့ထားတာလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်---

Saturday, November 17, 2012

ထူးအိမ်သင် ~~~ စုစည်းမှု- 2

ထူးအိမ်သင် ~~~စုစည်းမှု - 1

♫ ထူးအိမ်သင် ~~~စုံတွဲတေးသီချင်းများ ♫


ငြိမ်းချမ်းပါစေ (ထူးအိမ်သင် ၊ အောင်ရင် ၊ ဘိုဘို ၊ ညီပုလေး ၊ ဖိုးဖန်)

နှင်းဆီလှိုင်း Unplugged (ထူးအိမ်သင်၊ မာရဇ္ဇ၊ ညီငယ်၊ ချောစုခင်)

ပဉ္စဂံတေးစု ~(စိုင်းထီးဆိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ အောင်ရင်)



ခိုင်မြဲသောသစ္စာဖြင့် ~(ထူးအိမ်သင်+ဘိုဘို)

အိပ်မက်ကုန်သည် ~(ထူးအိမ်သင်+ချစ်ကောင်း+ဟယ်ရီလင်း)



သက်တန့်ကဗျာ ~(ထူးအိမ်သင်+စည်သူလွင်+တင်ဇာမော်)

♫ ထူးအိမ်သင် ~~~ ချစ်ခြင်းအားဖြင့် (၂၀၀၅)♫

♫ ထူးအိမ်သင် ~~~ တစ်နေ့စာအလွဲများ♫

ထူးအိမ်သင် ~~~ အစိမ်းရောင်ရက်စွဲများ

ထူးအိမ်သင် ~~~ အမှတ်တရဒဏ်ရာသီချင်းများ (1999)

ထူးအိမ်သင် ~~~ ၀န်ရိုးစွန်းမီး (1997)

ထူးအိမ်သင် ~~~ အမေ (သို့) မေတ္တာတော်ဘွဲ့ (1997)

ထူးအိမ်သင် - မြို့ပြလရောင်တမ်းခြင်း (1996)

ထူးအိမ်သင် ~~~ Unplugged Live (1996)

ထူးအိမ်သင် ~~~ စကားလုံးမရှိတဲ့ကောင်းကင် (1995)



ထူးအိမ်သင် ~~~ အရင်အတိုင်း (1992)

ထူးအိမ်သင် ~~~ အတ္တပုံဆောင်ခဲများ (၁၉၉၁)

ထူးအိမ်သင် ~~~ အကြင်နာအိပ်မက် (1991)




ထူးအိမ်သင် ~~~ သက်ငြိမ် ----(၁၉၈၉)

ထူးအိမ်သင် ~~~ မှော်ဆရာ အိပ်မက်-၁၉၈၈

commemt များ

Recent Comments Widget