welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Friday, August 10, 2012

ကောသလမင်းကြီး အိမ်မက် ၁၆ချက်



ကောသလ
ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။ အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။ အဆိုပါ ၁၆ ချက်ကတော့ .  . .
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။

နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)
မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။မူရင်းဆိုဒ်လင့်ကတော့

စိတ်ကြိုက် Cursor ပြင်နည်း

                                                         
ကွန်ပျူတာတစ်လုံးမှာ ကာဆာ (Cursor) ကို အသုံးပြုကြတာ အလွန်များပြားပါတယ်။ ကိုယ်လိုရာကို ရွေးချယ်ဖို့၊ ထောက်ပြဖို့ သူလိုအပ်သလို စာရိုက်ရာမှာလည်း သူရှိနေမှ ဖြစ်မှာပါ။
ကာဆာတစ်ခုကို ကြိုက်တဲ့ပုံစံ ပြောင်းလဲနိုင်တဲ့ ဆိုက်ကwww.rw-designer.com/online-cursor-editor ပါ။ သည်ဆိုက်မှာ ပုံဆွဲတဲ့ Palette လေးတစ်ခု ပေးထားပါတယ်။ ကာဆာတွေကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဆွဲတာ၊ အရောင်ထည့်တာ၊ အလင်းမှောင်ထည့်တာ အားလုံးသည်နေရာမှာ ပြုလုပ်နိုင်ပါတယ်။ ပြီးသွားရင် နာမည် ပေးပြီး Download ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
ခဏအတွင်းမှာပဲ သင်လက်စွမ်းပြထားတဲ့ ကာဆာတစ်ခုကို ရရှိမှာပါ။ Control Panel ထဲက Mouse option ထဲကနေပြီး သင့်လက်ရာကာဆာကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
                                                                                    

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်း

 

                                                   
ဒီနေ့တော့  ဗုဒ္ဓဘာသာအများသိသင့်တဲ့ ဗုဒ္ဓဘုရားအကြောင်းလေးတခုကို တင်ပြပေးချင်ပါတယ်။ ဗုဒ္ဓ၀င် အကျဉ်းလေးပေါ့။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ပုံလေးတွေနဲ့ဆိုတော့ ကလေးတွေအတွက်လည်းအဆင်ပြေတယ်လေ။
 
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှိခိုးပါ၏။



တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။

ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။

အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
 
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ


ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ


အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း



အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း


အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း


အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ


နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။


ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ


အာဠာရ၊ဥဒကရသေ့နှစ်ဦးတို့၏ ဈာန်သမာပတ်များသည် မသေရာ အမြိုက်နိဗ္ဗါန်ကိုရောက်နိုင်သည်မဟုတ်ဟု သိမြင်တော်မူပြီး မိမိလန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင့်နိုင်ရန် ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် မှားယွင်းစွာ ကျင့်တော်မူပုံ




ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 


ဘုရားအလောင်းတော်ရဲ့ ချက်တော်မှ မြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ။ အရပ်လေးမျက်နှာမှ ပျံသန်းလာသော ညို၊နီ၊ရွှေရောင် ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ ဖြူဆွတ်သွားပုံ။ကိုယ်လုံးဖြူပြီး ဦခေါင်းမဲးသောပိုးရွများ ဒူးခေါင်းအထိ တက်လာကြပုံ။ မစင်အညစ်အကြေးများရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ လူးလည်းပေကျံမူ မရှိပုံတိုကို အိမ်မက် မြင်မက်တော်မူပုံ


ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ


မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ--ဗုဒ္ဓမြတ်စွာဘုရားအား အတိုင်းအဆမရှိကြည်ညိုပွားများနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ---။

ဗိုင်းရပ်စ်အကြောင်း တစ်စေ့တစ်စောင်းသိစေဖို့

                                                             
ဗိုင်းရပ်ကို ဆေးပညာလောကတွင် အလွန် ကူးစပ်လွယ်သော ရောဂါပိုးမွားလို့ အဓိပ္ပါယ်ရပါတယ်။
ကွန်ပျူတာမှာတော့ ဗိုင်းရပ် ကဲ့သို့ ကူးစပ်ပြန့်ပွားလွယ်ကူပြီး ဖျက်ဆီးတတ်တဲ့ ကွန်ပျူတာ
ပရိုဂရမ်တစ်မျိုးကို ဗိုင်းရပ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ဗိုင်းရပ်သည် ကွန်ပျူတာအသုံးပြုသူ၏
ခွင့်ပြုချက်မရှိပဲ သူအလိုအလျှောက် ကော်ပီပွား၍ လျှင်မြန်စွာ ပြန့်ပွားနိုင်တဲ့ အစွမ်းအစရှိပါသည်။
အဓိကအားဖြင့် ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို့ Data အပြန်အလှန်ရယူခြင်းဖြင့်လည်းကောင်း၊
(သို့မဟုတ်) အင်တာနက်ပေါ်မှ တဆင့် Data များရယူခြင်းဖြင့်လည်းကောင်း၊ Data များကို
အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော Floopy Disk, CD/DVD, USB drive စသည့်
Data များကို အထုတ်အသွင်း ပြုလုပ်သော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်ပါသည်။
၁၉၇၀ ခုနှစ်အစောပိုင်းတွင်

“I’M THE CREEPER : CATCH ME IF YOU CAN.” ဆိုပြီး ARPANET ကို detected
လုပ်တဲ့ Creeper virus တစ်ခု စတင်ပေါ်ထွက်ခဲ့ပါသည်။ ဒါပေမဲ့ စတင်ဖန်တီးသူက
နောင်တတရားရစွာဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် Creeper virus ကို ပြန်လည်ဖျက်စီးခဲ့သည်ဟု
ခန့်မှန်းရပါသည်။
၁၉၈၂ ခုနှစ်တွင်လည်း Richard Skrenta ဆိုသူက သူ၏ Apple DOS 3.3 operating system
ကို floopy disk မှတဆင့် ဗိုင်းရက်စ် ကူးစပ်စေသောနည်းဖြင့် “Rother J” ဆိုသည့်
ဗိုင်းရက်စ်ကို ရေးသားခဲ့ပါသည်။ ပင်ကိုအားဖြင့် “Rother J” ဗိုင်းရပ်က စနောက်တဲ့ ဗိုင်းရက်စ်
တစ်ခုသာ ဖြစ်ခဲ့ပါသည်။ ပထမဆုံး first PC virus ဖြစ်တဲ့ (c)Brain ကိုတော့ ၁၉၈၆
ခုနှစ်တွင် Farooq Alvi ဆိုသည့် ညီအကိုနှစ်ယောက်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဒီလို
သမိုင်းကြောင်းတွေ အရ လေ့လာရမယ်ဆိုရင် ဗိုင်းရပ် ကို အပျော်ဖန်တီးခြင်းကနေ
ဖျက်ဆီးခြင်းဆိုတဲ့ ဘက်ကို ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်။

ဗိုင်းရက်စ် အခြေခံ သဘောတရား
ဗိုင်းရက်စ်တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်မှသာ ဗိုင်းရပ်
သတ်တဲ့အခါမှာ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်။ ဗိုင်းရပ် ဆိုတာကလည်း
ကွန်ပျူတာ program လေးတစ်ခုဖြစ်တဲ့အတွက် ဗိုင်းရပ် တစ်ခု ဖန်တီးရေးသားတော့မယ်ဆိုရင်
programing အပိုင်းကိုတော့ အနည်းငယ် နားလည် တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။
ထိုပြင် တိုက်ခိုက်မဲ့ (၀ါ) နှောက်ယှက်ချင်တဲ့ OS(operation system)
ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် OS တစ်ခုအတွက်
ရေးသားထားသော ဗိုင်းရက်စ်သည် အခြား OS တွင် အလုပ်လုပ်နိုင်ခြင်း(၀ါ) တိုက်ခိုက်နိုင်ခြင်း
မရှိပါ။ ဥပမာ.. ၀င်းဒိုးအတွက် ရေးသားထားသော .vbs (သို့) .exe အမျိုးအစား
virus တစ်ခုကို အခြား OS များဖြစ်သော Linux, Mac အစရှိသည့် OS များပေါ်တွင်
အလုပ်လုပ်မည် မဟုတ်ပါ။ ထိုကြောင့် မိမိ ဗိုင်းရပ် ရေးသားချင်လိုသည့် OS တစ်ခုရဲ့
အခြေခံ တည်ဆောက်ပုံကိုလည်း နားလည်ဖို့ လိုအပ်ပါသည်။
အထူးသဖြင့် Window, Linux , Mac တွင် Window ကို တိုက်ခိုက်ခံရတာ အများဆုံး
ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် window သည် လူသုံးအများဆုံး OS တစ်ခ
ု ဖြစ်သောကြောင့် ဖြစ်ပါသည်။ programmer အများစုသည်လည်း လူသုံးအများဆုံးဖြစ်တဲ့
Window ကိုသာ ဦးတည်တိုက်ခိုက်ကြတာ များပါတယ်။ ၀င်းဒိုးအတွက် ဗိုင်းရပ်
ကို notepad မှသည် Java, C++ ထိ နှစ်သက်ရာ software နဲ့ ရေးသားနိုင်ပါသည်။

ဗိုင်းရပ်က ဘာတွေကို ဖျက်ဆီးတာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ။

အခြေခံအားဖြင့် ကွန်ပျူတာကို သာမန်ထက်ပိုပြီး အလုပ်လုပ်စေမယ်။ memory
ကိုအချိန်ပြည့်ယူထားမယ်။ ကြာလာရင် memory overload ဖြစ်လာမယ်။
စက်ကြီးနှေးလာမယ်။ memory ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ တစ်ချို့ ဗိုင်းရပ်တွေကြတော့
တဖြည်းဖြည်း များလာပြီး သိမ်းဆည်းထားတဲ့ Data တွေကို ဖျက်ဆီးပစ်မယ်။
တစ်ချို့ဗိုင်းရပ် တွေက ချက်ချင်း မသိသာစေပဲ တဖြည်းဖြည်း တိုက်ခိုက်တတ်သလို၊
တစ်ချို့ဗိုင်းရက်စ်တွေက ကူးစပ်ပြီ ဆိုသည်နှင့် ချက်ချင်း သိသိသာသာ တိုက်ခိုက်တတ်ကြပါသည်။
အများအားဖြင့် ဗိုင်းရက်စ်တွေကို သူတို့ကို လွယ်လင့်တကူ ရှာဖွေ ဖျက်ဆီးနိုင်တဲ့
Task Manager , Folder Option နှင့် register တွေကို ဖျောက်ပစ်တတ်ကြပါတယ်။
တစ်ချို့ဆို commant prompt ကိုပါ ခေါ်မရအောင် ဖျောက်ထားတတ်ကြပါတယ်။
ထိုပြင် ထိုဗိုင်းရပ် အလုပ်လုပ်နေတာကိုလည်း ပိတ်မရအောင် ထည့်သွင်းစဉ်းစား ရေးသားထားတတ်ပါသည်။
ဗိုင်းရပ် တစ်ခုတွင် ပုံမှန်အားဖြင့် ပရိုဂရမ် ၂ ခု ပါရှိတတ်ပြီး တစ်ခုမှာ ဗိုင်းရပ် ပရိုဂရမ်ဖြစ်ပြီး
နောက်တစ်မျိုးမှာ ထို ဗိုင်းရပ်ကို အထောက်အပံ့ပေးသော ပရိုဂရမ် (support) တစ်ခုဖြစ်ပါသည်။
ထိုပရိုဂရမ်နှစ်ခုသည် တစ်ခုနှင့် တစ်ခုလည်း အပြန်အလှန် အထောက်အပံ့ ပေးနိုင်စေရန် စီစဉ်ထားပါသည်။
ထို ပရိုဂရမ်နှစ်ခုသည် အဆင့်ဆင့် ပွားနေပြီး backup လုပ်ထားမယ်။ ဗိုင်းရပ်ဖိုင်ကို ကျွန်တော်တို့
ပိတ်လိုက်တဲ့အချိန်မှာ support ဖိုင်က အခြား ဗိုင်းရပ်ဖိုင်ကို ရှာပြီး ထပ် run မယ်။ support
ဖိုင်ကို ဖျက်လိုက်ရင် ဗိုင်းရပ်ဖိုင်က အခြား support ဖိုင်တစ်ခုကို ပြန်ရှာပြီး ထပ် run ပေးမယ်။
တစ်ခုပိတ်ရင် တစ်ခုက ပြန်ဖွင့်ပေး စသည်ဖြင့် လှည့်ပတ် အလုပ်လုပ်နေ တတ်ပါတယ်။

ဒါလေးတွေကိုလည်း သိထားရန် လိုအပ်ပါသည်။

Windows စစခြင်းမှာ virus တက်လာဖို့အတွက်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run
မှာ virus ရဲ့ ပတ်လမ်းကြောင်းကို သွားရောက် ထည့်သွင်းထားတတ်ပါသည်။


Folder Option

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\
Policies\ Explorer
မှာ ညာဘက်က DWord Value ဖြစ်တဲ့ NoFolderOptions ဆိုတာလေးထဲမှာ
0 ရှိနေရင်တော့ show ဖြစ်နေမှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ်နေမှာပါ။


Registery

HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\
Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableRegistryTools
ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင်တော့ ဖွင့်ခွင့်မရှိတော့ပါဘူး။


Task Manager

HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\
Policies\System မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableTaskMgr မှာ
0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ဖွင့်လို့မရတော့ပါဘူး။

Command Prompt

HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableCMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1
ဆိုရင်တော့ ပိတ်လိုက်ပါတယ်။

ဗိုင်းရပ်အကြောင်း ဆွေးနွေးပြောဆိုမယ်ဆိုရင် အန်တီဗိုင်းရပ်ကိုလည်း ချန်လှပ်ထားရန်
မသင့်တော်ပါဘူး။ အန်တီဗိုင်းရပ်တွေကတော့ ဗိုင်းရပ်တွေ အလုပ်လုပ်တတ်တဲ့ပုံစံ
သဘောတရားကို နားလည်သိရှိကာ ပိတ်ဆို့ကာကွယ်တဲ့ program အမျိုးအစား တစ်ခုဖြစ်ပါတယ်။
သာမန် သမရိုးကျ ဗိုင်းရပ်များကို မည်သို့ပင် အမည်ပြောင်းလဲ အလုပ်လုပ်နေပါစေ အန်တီဗိုင်းရပ်က
သိရှိပိတ်ဆို့ သတ်ဖြတ်နိုင်မှာ ဖြစ်ပါသည်။ သို့သော် တမူကွဲပြားသော သမရိုးကျမဟုတ်သည့်
ဗိုင်းရပ်များကိုတော့ အန်တီဗိုင်းရပ်က ကာကွယ် ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်
အန်တီဗိုင်းရပ် ကုမ္ပဏီ၏ ကျွမ်းကျင်မှု စကေးအပေါ်မူတည်၍ ကာကွယ်သတ်ဖြတ်နည်းကို
အချိန်တိုအတွင်း ဖြေရှင်းတတ်ကြသဖြင့် မိမိတို့ ကွန်ပျူတာတွင် အသုံးပြုထားသော
အန်တီဗိုင်းရပ်ကို အစဉ်အမြဲ Update ပေးခြင်းနည်းဖြင့် ဗိုင်းရပ်များ၏ အန္တရာယ်ကို
ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

ကျွန်တော်သိလို့ တတ်လို့တင်ပေးခြင်းမဟုတ်ပါ--ဒီနေရာ မှာဖတ်ကလို့ တင်ပေးခြင်းဖြစ်ပါတယ်-အားလုံးကိုကျေးဇူးများစွာနှင့်--

Free 3D Photo Maker ဆော့ဝဲလ်လေး


ကျွန်တော်တို့ ဓါတ်ပုံတွေကို အလွယ်ဆုံး 3D ပုံပြုလုပ်နိုင်ဖို့အတွက် Free 3D Photo Maker ဆော့ဝဲလေးလေးတစ်ခုတင်ပေးလိုက်ပါတယ်။  ဖိုင်ဆိုဒ်ကလည်းသိပ်ပြီးမကြီးပါဘူး-- 20 MB ပဲရှိပါတယ်။ လိုချင်သူများအတွက် အောက်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Windows Password Unlocker ဆော့ဝဲလ်လေး




Windows Password ကို ဘယ်လို unlock လုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
၁။    အရင်ဆုံး Windows Password Unlocker ကို  ဒေါင်းလုပ်ယူလိုက်ပါ။

၂။    အဲဒီ ဒေါင်းလုပ်ယူထားတဲ့ ဖိုင်ကို double click လုပ်ပြီး run လိုက်ရင် iso (image) ဖိုင်လေး    ရလာပါလိမ့်မယ်။

၃။    အဲဒီ iso (image) ဖိုင်လေးကို Burning software တစ်ခုခုကိုသုံးပြီး CD နဲ့ burn လိုက်ပါ။
၎။    ပြီးရင် Burn ထားတဲ့ CD ကို Windows Password ဖြုတ်ချင်တဲ့ကွန်ပျူတာမှာထည့်ပြီး reboot လုပ်လိုက်ပါ (Windows Installation အတိုင်း)။ 

၅။    အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ မိမိ reset လုပ်ချင်တဲ့ account အမျိုးအစားကိုရွေးပြီး reset လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။မူရင်းလင့်လေးကတော့ဒီနေရာကိုကလစ်ပါ

ဒေါင်းလုပ်လုပ်ရန်အတွက်

ရေအောက်တွင်ကိုယ်ပျောက်နိုင်သော ၀တ်စုံအကြောင်း









ပညာရှင်တို့က ကိုယ်ပျောက်ဝတ်စုံကို တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့တွင် ကြေညာခဲ့သော်လည်းယင်းသည် ရေအောက်၌သာ ကိုယ်ပျောက်နိုင်သည်ဟု ဆိုသည်။ အဆိုပါဝတ်စုံ၌ အပူပေးထားသော ကာဗွန်အမျှင်များကို အသုံးပြုထားပြီး အလင်းယိုင်ခြင်းဖြစ်စဉ်ကို အသုံးပြုလျက် ကိုယ်ပျောက်အောင် ပြုလုပ်ခြင်းဖြစ်သည်။ photothermal deflection ဟုခေါ်ဆိုသော
အကျိုးသက်ရောက်မှုကြောင့် ကြည့်မြင်သူ၏ မျက်လုံးဆီသို့လာသော အလင်းတန်းများကို သွေဖည်သွားစေကာ မြင်ကွင်းမှပျောက်ကွယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။သို့ သော် အမှန်တကယ်၌ ရေထဲ၌သာ ယင်းကဲ့သို့ ကိုယ်ဖျောက်နိုင်ကြောင်း သိရသည်။ အဆိုပါဝတ်စုံကို အမေရိကန်ပြည်ထောင်စု ဒေါလက်စ်တက္ကသိုလ်မှ သုတေသနပညာရှင်များက တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Angry Birds Online Game ကစားချင်သူများအတွက်


အွန်လိုင်းတွင် Angry Birds Game လေးဆော့လို့ရအောင်တင်ထားပေးပါတယ်။ ဆော့ချင်တဲ့
သူငယ်ချင်များ အောက်ကလင့်ခ်လေးမှာနှိပ်ပြီး ကစားနိုင်ပါတယ်။
ဂိမ်းကစားပြီး ပျော်ရွင်နိုင်ကြပါစေဗျာ

Virus ဖိုင်လား Setup ဖိုင်လားသိဖို့

                                                                  
Virus လား Setup ဖိုင်လားခွဲခြားသိစေချင်လို့ ဒီ Post လေးကိုတင်လိုက်ခြင်းဖြစ်ပါတယ်။ notepad နဲ့ရေးတဲ့ Virus တွေကို ဘယ် Antivirus ကမှ မသိပါဘူး။ ဒါဆိုဘယ်လိုသိနိုင်မလဲ .exe , .bat ဖိုင်တွေကို icon changer လို software တွေသုံးပြီး icon ပြောင်းထားမယ်ဆိုရင် တကယ် software တစ်ခုလို့ထင်ပြီး run မိမှာပါ။ ဒါဆို Virus ဘာလဲဆိုတာလဲ သိပြီဖြစ်လို့၊ ဘာတွေရေးထားတာလဲ သိရင် run ပါ့တော့မလား။ notepad နဲ့ ရေးထားတဲ့ virus တွေ ကို ဘာတွေရေးထားတယ်ဆိုတာ သိနိုင်တဲ့နည်းပြောပြပါ့မယ်။
အောက်ပါအတိုင်း သူများပေးလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် ရေးတာပဲဖြစ်ဖြစ် ရလာတဲ့ virus ဖိုင် (.exe,.bat) နှစ်ခုလုံးကို R-Click လုပ်ကြည့်ပါ။ Open with မပေါ်ပါဘူး။ Run ပဲပါ ပါတယ်။ run ပြီဆိုတာနဲ့ virus စအလုပ် လုပ်ပြီ ဆိုတာတော့ လူတိုင်းသိပါတယ်။ (.bat ဖိုင်မှာတော့ R-Click လုပ်ရင် Edit ပါပါတယ်။ Edit နဲ့လည်းကြည့်နိုင်ပါတယ်။ )
notepad
အသစ်လေးတစ်ခု ယူပြီး virus ဖိုင် တစ်ခုကို Drag ဆွဲထည့်ကြည့်ပါ။ ဘာတွေရေးထားလဲဆိုတာ သူရေးထားတဲ့ အတိုင်း တစ်သွေမတိမ်းပေါ်ပါတယ်။
မြင်တဲ့အတိုင်းပါပဲ ( File တစ်ခု send ပေးလိုက်ရင် run ရမှာ ကြောက်တယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ အခုချိန်က စပြီး ပေးလာသမျှကို အားရ၀မ်းသာ ယူလိုက်ပါ။ ပညာတောင်ပိုရမှာပါ။ )
ကျွန်တော်လေ့လာမိသလောက် ဝေမျှခြင်းဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
မူရင်းဆိုဒ်လင့်လေးကတော့ ဒီနေရာလေးကိုကလစ်ပါ
 

ဖိုလ်ဒါ နဲ့ ဖိုင်လေးတွေကို လုံခြုံစွာသိမ်းနိုင်မယ့်ဆော့ဝဲလ်လေး

                                                        
ကျွန်တော်တို့ဖိုဒါတွေကို လုံလုံခြုံခြုံလေးသိမ်းချင်သူများ အတွက်ဖြစ်ပါတယ်။ ဒီကောင်းလေးက သူကိုဝင်တဲ့ အခါမှာအရင်ဆုံး Password ပေးပြီးဝင်ရပါတယ်။ ပြီးမှမိမိတို့ လော့ချထားချင်တာပဲဖြစ်ဖြစ် ၊ ဖျောက်ထားချင်တဲ့ ဖိုဒါကိုပဲဖြစ်ဖြစ် ရွေးပေးပြီး ထည့်ပေးထားယုံပါပဲ။ ဖိုဒါကို
လော့ထားယုံပဲထားမှာလား ၊ ဒါမှ မဟုတ်လော့ချပြီးတော့ ဖျောက်ထားမှာလား ၊ လော့တော့ချမထားဘူး ဖျောက်ပဲထားမှာလား ဆိုတာကိုတော့မိ မိတို့စိတ်ကြိုက် ရွေးလို့ရပါတယ်။ Password ကိုတော့မမေ့နဲ့ပေါ့ဗျာ စိတ်ဝင်စားမယ်ဆိုရင် အောက်ပါလင့်တွေမှာဒေါင်းနိုင်ပါတယ်--
အားလုံးကိုလေးစားစွာဖြင့် ဝေမျှပေးတာပါဗျာ--

ကွန်ပျူတာတွင် Mouse မရှိသည့်အခါမည်သို့လုပ်မည်နည်း


မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။
၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်
Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
 

Photo Frame Master


Photo Frame Master 1.3.0 | 22.87 MB

ဒီဆော့ဝဲလ်လေးကတော့ ဓါတ်ပုံတွေကို အလှဘောင်တွေ အသုံးပြုပြီး အလှဆင်ချင်တဲ့သူတွေ အတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပဲ ဖြစ်ပါတယ်....ဓါတ်ပုံကို မိမိစိတ်ကြိုက် အလင်းအမှောင်တွေကိုပါ ညှိပေးနိုင်တဲ့ အပြင် clip object တွေကိုပါ ဖြည့်စွက်အလှဆင်နိုင်ပါတယ်။ စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါ ထည့်သွင်းပေးထားပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။
Photobucket
Ifile | Mediafire
ကြိုက်နှစ်သက်ရာနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်--အားလုံးအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်ဗျာ

မလိုချင်တဲ့ MAILS တွေကို ကိုယ့်ဆီ လုံးဝဆက်သွယ်လို့မရအောင် Block လုပ်နည်း




  Gmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2.  Settings ကိုနှိပ်ပါ
3. Filters ကိုနှိပ်ပါ
4. “Create a new filter“, ကိုနှိပ်ပါ
5. Email From မှာကြည့်ပြီး မလိုတဲ့မေးလ်တွေကို ထည့်ပါ ဒီနေရာမှာ ကြည့်ကျက်လုပ်လိုက်ပေါ့နော် အသေးစိတ်ပြောဖို့ မလိုအပ် ဘူးထင်လို့ပါ ဒိုမိန်းလဲရတယ်နော် မေ့မှာစိုးလို့
6.  Next Step ကိုနှိပ်ပါ blocked emails တွေကို select  လုပ်ပါ  Delete လုပ်ပေးလိုက် blocked email တွေ အားလုံး trash ဖိုင်ထဲရောက်သွားပါမယ် unblock လုပ်ချင်ရင် filter လုပ်ထားတာကို ဖျက်ပစ်လိုက်ရင်ရပါပြီor Yahoo mail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. ညာဘက်မှာ option Filters ကိုရွေးပါ   create (သို့) edit filters ကို နှိပ်ပါ
5.  Add ကိုနှိပ်ပါ
6.နောက် screenမှာ,  block ချင်တဲ့ email address ပုံစံအောက်မှာ filter နာမည်ပေးချင်ပေးပေါ့
 Move the message to: Trash ပြီးရင် Save Changes
Hotmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. Safe ကိုနှိပ်ပါ Junk e-mail အောက်မှာ blocked senders link ရှိပါတယ်
5. Blocked senders ကိုနှိပ်ပါ
6. blocked e-mail address အောက်မှာ သင်မလိုချင်တဲ့ မေလ်းကိုထည့်ပါ သို့မဟုတ် domain field ပေါ့ဗျာ--ဒါဆို အိုကေပါပြီ--
ဆရာလုပ်ချင်လို့မဟုတ်ပါဘူးဗျာ--မသိသေးတဲ့လူများအတွက် ပြန်လည်ဝေမျှပေးခြင်းပါ--
လေးစားခြင်းများစွာနဲ့
မူရင်းဆိုဒ်လင့်လေးကတော့ ဒီနေရာကိုကလစ်ပြီးသွားဗျာ--

Photoshop ရဲ့ Format များအကြောင်းတစေ့တစောင်း သိစေချင်

Photoshop ရဲ့ Format အကြောင်းနည်းနည်းရှင်းပြချင်လို့ပါ။
Photoshop ဟာ file format များစွာကိုsupport ပေးထားပါတယ်။ အခုပြောမှာက အသုံးများတဲ့ format တချို့ပါ။ 

Photoshop (*.PSD)
ဒီအမျိုးအစားဟာ Photoshop ရဲ့ default format ပါ။ file ကိုပြုပြင်စရာတွေရှိသေးတယ် (ဥပမာ text တွေ layer အရွေ့အပြောင်းတွေ) ဆိုရင်ဒီ format နဲ့ save ထားဖို့လိုပါတယ်။ ဒါမှပြန် edit လုပ်ရတာလွယ်မှာပါ။
အရင် Photoshop 7.0 မှာ file size ဟာ 30,000 pixel by 30,000 pixel ထိရပါတယ်။ အခု Photoshop အသစ်ဖြစ်တဲ့ CS or CS2 မှာတော့ file size ဟာ 300,000 x 300,000 pixels ထိလုပ်ဆောင်နိုင်ပါပြီ။ file type ကတော့ (*.PSB) ပါ။
JPEG
Joint Photographic Experts Group ဆိုတဲ့အဖွဲ့တစ်ခုရဲ့ file compression algorithum ကိုခေါ်ထားတာပါ။ file format မဟုတ်ပါဘူး။ တကယ့် file format အမှန်က JFIF (JPEG File Interchange Format) ပါ။ ဒါပေမယ့် JPEG ဆိုတဲ့ နံမည်ပဲတွင် ကျယ်လာခဲ့ပါတယ်။ အရောင်စနစ်အနေနဲ့ RGB,CMYK,Grayscale တွေသုံးလို့ရပါတယ်။ ဒါပေမယ့် သူက transparency ကိုတော့ support မလုပ်ပါဘူး။ File တစ်ခုကို JPEG format နဲ့ပြောင်းချင်ရင် အဲဒီ file ကိုဖွင့်ပြီး Save As လုပ်ပေးလိုက်ရုံပါပဲ။ file type မှာတော့ JPG ပေးလိုက်ပေါ့။
JPEG Option dialog box မှာ file ကို ဘယ်လို quality လိုချင်တယ်ဆိုတာလဲစိတ်ကြိုက်ပေးနိုင်ပါတယ်။ 0 က quality အနိမ့်ဆုံးနဲ့ file size အသေးဆုံးပါပဲ။ 12 ကတော့ quality အကောင်းဆုံးနဲ့ file size အကြီးဆုံးပါပဲ။ File တစ်ခုကို size လျှော့ချင်တဲ့အခါမှာ ဒီလိုလုပ်လို့ရပါတယ်။ ဒါပေမယ့် JPEG file တစ်ခုကို JPEG file အဖြစ်ထပ် save as လုပ်တာဟာ quality ကိုထပ်ကျစေပါတယ်။
JPEG 2000 (*.JPF)
ဒါက JPEG ရဲ့နည်းပညာနောက်ဆက်တွဲတစ်ခုပါ။ သူ့ကို Acrobat Reader မှာလဲဖွင့်ကြည့်လို့ရလာပါတယ်။ Acrobat file တွေဟာ cross-platform format ပါ။ operation system အများစုနဲ့အဆင်ပြေပါတယ်။

CompuServer GIF
GIF (Graphics Interchange Format) ဟာ web page တွေအတွက်အသုံးများပါတယ်။ transparency support လုပ်ပါတယ် အရောင်ကတော့ RBG, Index mode တွေပါ ၂၅၆ ရောင်ထိလဲကန့်သတ်ထားပါသေးတယ်။ Animation ပုံလေးတွေလဲဖြစ်နိုင်ပါတယ်။ Animated GIF ကိုတော့ Image Ready နဲ့ပြုလုပ်ရတာပါ။

TIFF (*.TIF)
Tagged Image File Format (TIFF) ဟာဆိုရင် digital printing services အများစုကလက်ခံနိုင်တဲ့ format ပါ။ scanner နဲ့ digital camera များမှာလဲသုံးပါတယ်။ အရေင်အနေနဲ့တော့ CMYK, RGB,Lab, Indexed color, Grayscale, နဲ့ Bitmap တွေအသုံးပြုနိုင်ပါတယ်။

Photoshop EPS
Adobe ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post script ကဆင်းသက်လာတာပါ။ Encapsulated Postscript (EPS) ပါ။ text , graphics တွေရောပြီးပါဝင်နိုင်ပါတယ်။
 
မူးရင်လင့် ။ ။ဒီနေရာကိုနှိပ်ပါ

အပျို၊အပျိုစစ်နှင့် အပျိုစင်...........ခွဲခြားသိစေနိုင်ရန်

အပျို၊အပျိုစစ်နှင့် အပျိုစင်...........
အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။
ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။
အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။
အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။
~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။
“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

အမျိုးသမီးတစ်ယောက်ရေးထားတာပါဗျာ -----။
ဒီလိုသိသင့်စရာ မှတ်ထိုက်စရာလေးကို အားလုံးသိအောင်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်
မူရင်းလင့်ကတော့ဗျာ--ဒီနေရာကိုကလစ်နှိပ်ပါ

commemt များ

Recent Comments Widget