welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Thursday, November 15, 2012

pc မြန်စေရန်အလွယ်ကူဆုံးနည်းလမ်း(၈)ခု

(၁) Satrt > run ထဲမှာ Prefetch ရိုက်ထည့်လိုက်ပါ။ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၂) Start > run ထဲမှာ temp ကိုရိုက်ထည့်လိုက်ပါ။ အဲဒီ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၃) Start > run ထဲမှာ recent ကိုရိုက်ထည့်လိုက်ပါ။ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၄) Start > run ထဲမှာပဲ %temp% ကိုရိုက်ထည့်လိုပ်ပါ။ Folder ထဲမှ File အားလုံးကို Delete လုပ်လိုက်ပါ။

(၅) Start > run ထဲမှာ regedit ရိုက်ထည့်ပါ။ ပေါ်လာသော Folder ထဲမှာ HKEY_CURRENT_USER/ Control Pancel > Desktop ကိုရွေးပါ။ ပြီးလျှင် Menu Show Delay နှိပ်ပြီးပွင့်လာသော Box မှာ (400) or (200) ဖြစ်နေလျှင် (0) သို့ပြောင်းလိုက်ပါ။

(၆) Start > run > msconfig > Start up ပေါ်လာသော Box မှာ Programs File တွေကို Uncheck လုပ်လိုက်ပါ။ ပြီးလျှင် OK, Restart မချလည်းရပါတယ်။

(၇) Start > Control Panel > System > Advanced > Performance setting ပြီးလျှင် Adjust for best performance ရွေးလိုက်ပါ။ ခဏစောင့်ပါ။ ပေါ်လာသော Box မှာ OK နှိပ်ပါ။

(၈) Internet Speed မြန်ရန် run > system.ini ပေါ်လာသော notepad မှာ page buffer = 100,100 kbps, Load = 100000 kbps, Download = 100000 kbps, Back = 100,000 kb လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် Save ပါ။ ပြီးရင် Restart ချလိုက်ပါ။

ဒီနေရာလေးကနေ ကူးယူဖော်ပြတာပါ

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…


အသုံးပြုနည်းကတော့ ….

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com




4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။


ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။



ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာစင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး …

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

floder icon လေးတွေကိုမိမိတို့ပုံလေးတွေပြောင်းကြည့်ရအောင်


ဒါကတော့ကျွန်တော့် Destop ပေါ်မှာ၇ှိတဲ့ Icon လေးတွေကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးတွေပြောင်းပြီးထား
ချင်သူများအတွက်နည်းလမ်းလေးပါ။လုပ်နည်းလေးကတော့လွယ်ပါတယ်............

1.အ၇င်ဆုံး Start ကိုနှိပ်ပြီး Search Programs and Files ဆိုတဲ့ဘောက်လေးထဲမှာ Paint ကို၇ိုက်ပြီး Enter ခေါက်လိုက်ပါ။Start ကိုနှိပ်လိုက်တာနဲ့လဲ Paint ဆိုတာလေးကိုတွေ့ ပါလိမ့်မယ်။Paint ကိုဖွင့်လိုက်ပါ။


2.Paint ပေါ်လာ၇င် Open ကနေမိမိတို့ကြိုက်တဲ့ ပုံလေးကိုေ၇ွးလိုက်ပါ။Ctrl + O ကိုနှိပ်လိုက်၇င်လဲ၇ပါတယ်။


3.ဓာတ်ပုံပေါ်လာ၇င် Save as မှာ BMP နဲ့ Save လိုက်ပါ။Save as box ပေါ်လာ၇င် file name ကိုေ၇ှ့ကမိမိတို့
ကြိုက်တဲ့နာမည်ပေးပြီး .ico နဲ့ Save လိုက်ပါ။ဥပမာ - ( aaa.ico )


4.ပြီး၇င်ကျွန်တော်တို့ပြောင်းချင်တဲ့ Forder Icon လေးကို Right Click ထောက်ပါ။ပြီး၇င် Properties ကိုနှိပ်
လိုက်ပါ။ Customize ကိုသွားပါ။ Change Icon ကိုနှိပ်လိုက်ပါ။


5.Browser ထဲကနေပြီးကျွန်တော်တို့ခုနက Save ထားတဲ့ပုံလေးကိုေ၇ွးလိုက်ပါ။ပြီး၇င် OK ။ Apply ။ OK
ပေးလိုက်ပါ။ဒါဆို၇င် Forder Icon လေးကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးနဲ့ထားလို့၇သွားပါပြီ။






ဒီနေရာကနေ ကူးယူဖော်ပြတာပါ


download လုပ်ရာတွင် မြန်မြန်ဖြစ်စေဖို့

အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို ဆိုးပါတယ်။ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့ မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင် မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

(၁) Start မှ Run ကို ဖွင့်ပါ။
(၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။

၃) ပြီးလျှင် Administration Templates
(၄)Network မှတစ်ဆင့်

(၅)Qos Packet Scheduler ကို Select မှတ်ပါ။

(၆)ညာဘက်တွင် Limit reservable bandwith ကို Double Clicke လုပ်ပါ။

(၇)Box ပေါ်လာလျှင် Enable လုပ်ပါ။
(8) bandwith limit ကို 0 ပြောင်းလိုက်ပါ။ အိုကေပါ။

သူငယ်ချင်းတွေကို g-talk မှာသီချင်းဖွင့်ပြချင်ရင်

ကိုယ်သုံးနေတဲ့ Gtalk ကိုချက်တင်အတွက်တင်မကဘဲ သီချင်းလေးတွေပါ တစ်ခါတည်း ဖွင့်ပြချင်ကြဘူးလား။ စကားထက် သီချင်းလေးတွေက ထိရောက်တယ်နော်။ လုပ်နည်းပြောပြမယ်
For Windows 7 ၀င်းဒိုးရဲ့ ညာဘက်အောက်(notification area)မှာ

Speaker ပုံလေးနဲ့ အသံအတိုးအကျယ် လုပ်တဲ့ နေရာလေးမှာ Right Click နှိပ်>>Recording Devices ကိုသွား

ပေါ်လာတဲ့ box ထဲက လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး Show Disabled Devices ဘေးနားမှာ Enable အမှန်ခြစ်လေးပေးလိုက်ပါ။
ပေးလိုက်ပြီးတာနဲ့ Disabled လုပ်ထားတဲ့ devices လေးတွေ ပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့ devices တွေထဲကနေမှ

Stereo Mix ကို right click ခေါ်ပြီး Enable ပေးလိုက်မယ်ဆိုရင် မှိန်နေရာကနေ လင်းလာပါလိမ့်မယ်။ သူ့ ဘေးနားမှာ အစိမ်းရောင်အမှန်ခြစ်ကလေးပေါ်လာပါလိမ့်မယ်။ ဒါဆိုပြင်ဆင်တာ ပြီးပါပြီ။
Gtalk ကိုဝင် ဖွင့်ပြချင်တဲ့ သူကို သီချင်းဖွင့်ပြမယ်။ ဖုန်းခေါ်လိုက်မယ် answer လုပ်လိုက်ပေါ့...လို့ ပြော။ သူ့ ဘက်က answer လုပ်လိုက်လို့ လိုင်းမိပြီဆိုတာနဲ့ (အတုံးပြည့်ရင် ပိုကောင်းပါလိမ့်မယ်) ကိုယ့်ဘက်က ဖွင့်ချင်တဲ့ ဆော့ဝဲသုံးပြီးဖွင့်ပြလိုက်ရင် အဆင်ပြေသွားပါပြီ-------

window အမြန်တက်နည်း

မိမိရဲ့ စက် စတင်ဖွင့်တဲ့အခါ Window မြန်မြန်တက်လာတာကို ကွန်ပျူတာသုံးတဲ့ လူတိုင်းဖြစ်ချင်နေတဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို ကျွန်တော် သိသလောက် မျှဝေလိုက်ပါတယ်။ Window မြန်မြန်တက်ချင်ရင် အောက်ပါနည်း အတိုင်း ပြုလုပ်ကြပါ။ ထိုက်သင့်သလောက်တော့ မြန်လာပါလိမ့်မယ်။

၁) အရင်ဦးစွာ Run တွင် regedit ကို ရိုက်ဖွင့်ပါ။

၂) regedit ထဲကို ရောက်ပါက HKEY LOCAL _ MACHINE ကို ရွေးပါ။
၃) ထိုမှ တဆင့် System > CurrentCo ntrolSet > Control > Session Manager > Memory Management ကို    ရောက်အောင် သွားပါ။
၎) Prefetch Parameters ကို Select မှတ်လိုက်ပါက ညာဘက်တွင် Enable Prefetcher ကို ရှာပါ။
၅) တွေ့ပါက Double Click နှိပ်ပါ။ Value Data တွင် 5 ပေးလိုက်ပါ။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ မြန်လာပါလိမ့်မည်။ အားလုံး အဆင်ပြေကြပါစေ။

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။ 

အကျဉ်းထောင်တွေထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာ ကြေညာခဲ့ပါတယ်။ 



အခုလို အကျဉ်းသားပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာမှာ လူအများမျှော်လင့်သလို သမ္မတ အိုဘားမားလည်း မျှော်လင့်နေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူ၊ သို့မဟုတ် ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံရသူများ ဆိုတာ အရေအတွက် ဘယ်လောက်ပါလာမလဲ ဆိုတာ သဲသဲ ကွဲကွဲ မရှိပါဘူး။ 

 နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ၀န်း ကျင် ကျန်ရှိနေကြပါတယ်။ 


ဒီအထဲမှာ ကိုလက်ျာထွန်းတို့လို၊ ဦးမြင့်အေးတို့လို သူတွေပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ 


အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု ဘယ်လို ရှိတယ်ဆိုတာ ကို စောင့်ကြည့်  သွားကြရမှာဖြစ်ပါတယ်။

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား

ရန်ကုန် ၊ သြဂုတ် ၁၉

မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး
ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လ
မ်းနှင့် ၃၆ လမ်းကြားရှိ
ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။


ယင်းပေါက်ကွဲမီးလောင်းမှု ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက “
ဖောင်း ဆိုတဲ့အသံအကျယ်ကြီး ထွက်လာပြီး မီးထလောင်တော့တာပဲ” ဟု ဆိုသည်။

မီးသတ်ဦးစီးအရာရှိတစ်ဦးကမူ “ ဇ၀က်သာ (အမိုးနီးယား) တွေ
စွန့်ပစ်တာများလို့ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားတာပါ” ဟု
မှတ်ချက်ပေးသည်။

ဇ၀က်သာ (အမိုးနီးယား) နှင့် ယမ်းစိမ်းတို့သည် နိုက်ထရိုဂျင်ဓါတ်ဖြစ်ပြီး
ရေမှာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် ဖြစ်နေခြင်းကြောင်း ၄င်းတို့
ထိတွေ့ပါက ပေါက်ကွဲတတ်ကြောင်း ဓါတုဗေဒ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

the voice weekly

commemt များ

Recent Comments Widget