welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Sunday, August 26, 2012

ကဗျာ--

Photo: နင်ထွက်သွားမယ့်မနက်ကို မကြုံချင်လို့ 

မိုးမလင်းပါစေနဲ့ဆိုတဲ့  ငါ့ဆုတောင်းတွေမပြည့်ခဲ့ဘူးဟာ

အခုတော့ နွမ်းလျစွာလွမ်းရင်း-----ငါ့မနက်ဖြန်တွေ ဘယ်လိုများ 
အဓိပ္ပါယ်ရှိနိုင်တော့မလဲ

ပိုင်ဆိုင်တာဆိုလို့ငါ့မှာ နင့်တစ်ယောက်ထဲပါ အခုတော့ အရာအားလုံး 
သက်မဲ့သွားသလိုပဲ ဟာတာတာ ငါ့ရင်ဘတ်ကြီးထဲ အလွမ်းတွေနဲ့------

သတိရခြင်းနဲ့နတ်နေကိုင်းလေးတစ်ခု

Photo: သတိရခြင်းတွေ မြင်းပျိုတစ်ကောင်လိုကဆုန်ပေါက်ပြေးထွက်ခဲ့

အသိုက်မဲ့ငါ့ခြေလှမ်းတွေထိုင်းမှိုင်းလေးလံနေရင်း

နင်မရှိသော ညညတွေ လန့်လန့်နိုးနေတတ်ခဲ့တယ်------

ဆာလောင်နေတဲ့ငါ့ရင်ဘတ်ထဲမှာ---အလွမ်းတစ်စုံသာ အဟောင်းထည်လေးအတိုင်းပဲ---

သစ်လွင်တောက်ပမှုမရှိခဲ့ပေမယ့်---လှပတဲ့ ဘ၀ အိပ်မက်တွေအတွက် 
အကောင်းဆုံးချည်တိုင်လေးတစ်ခုပေါ့---

ရင်ဘတ်ထဲက အဲ့ဒီနတ်နေကိုင်းလေးမှာ 
ငါတို့နှစ်ဦးပျော်မြူးခဲ့ကြတဲ့နေ့ရက်တွေနဲ့

တစ်နေ့ပြန်ဆုံမှာပါဆိုတဲ့ ငါတို့ကတိတွေပါ

အခုတိုင် ချိတ်ဆွဲထားဆဲပါ----အမရာ----။

commemt များ

Recent Comments Widget