welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Friday, February 17, 2012

ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး ဖန်တီးပေးနိုင်တဲ့ ဆော့ဝဲလ်






မိမိတို့ရဲ့ ပုံလေးတွေကို ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံမျိုး ဖန်တီးချင်သူတွေအတွက် ဆော့(ဖ)၀ဲ လေးပါ။ Animation GIF တင်မကပဲ AVI ဗီဒီယိုဖိုင် အနေနဲ့ပါ ထုတ်ပေးနိုင်ပါတယ်။ လူပုံတင် မကပဲ ရှုခင်းပုံလေးတွေ၊ စာသားတွေကိုပါ စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိတို့ရဲ့ ဆိုက်မှာ လှုပ်ရှားရုပ်ပုံလေးတွေ ထည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ Frame အရေအတွက်နဲ့ ရေလှိုင်းပုံစံတွေကို အမျိုးမျိုး သတ်မှတ်ပေးနိုင်ပါတယ်။ စမ်းကြည့်ပါဗျာ။ အရွယ်အစားက 435 KB ဖြစ်ပါတယ်။
ဒေါင်းလိုင်းကတော့အောက်မှာပေးထားပါတယ်ဗျာ
အဆင်ပြေပါစေ

download လုပ်ရန်

link and blink pro v 2.3.rar




ဒီဆော့်ဝဲလ်လေးကတော့ ကွန်ပြူတာရဲ့ web cam ရှေ့မှာ ကိုယ့်မျက်နှာလေး ပြလိုက်တာနဲ့  window ထဲ ကို အလိုလျောက်log in ဖြစ်သွားအောင် လုပ်ပေးနိုင်ပါတယ် .
ကိုယ်ကွန်ပြူတာကို ကိုယ်တစ်ယာက်တည်း ပဲ သုံးလို့ရအောင်ပါ။ တစ်ခြားတစ်ယောက်ဝင် ဖွင့်ဖို့ မလွယ်အောင်  လုပ်ထားတဲ့တစ်ခုပေါ့။
ဖိုင်ဆိုဒ်ကတော့(16.36MB)ပဲရှိပါတယ် ။
စမ်းသုံးကြည့်ချင်ရင်တော့ အောက်မှာဒါင်းလိုင်းပေးထားပါတယ်အဆင်ပြေပါစေဗျာ။

download လုပ်ရန်

Thursday, February 9, 2012

ချစ်သောပန်းကလေး(မင်းလူ)

Min Lu - Chit Thaw Pann Ka Lay

တစ်ခါတစ်ရံများ(ဝေမှူးသွင်)

Wai Hmu Thwin --Ta Kha Ta Yan Myar

နေရဲ့အင်္ကျီ(တာရာမင်းဝေ)

Tar yar Min Wai - Sun Clothes

ကြယ်သီချင်းနဲ့ လမင်းသံစဉ်(တာရာမင်းဝေ)

Tar Yar Min Wai - Star song and Moon music

သိုက်(မိုးဆက်လင်းထက်)

Moe Sat Lin Htat - Thite

တယ်လီဖုန်း(မိုးဆက်လင်းထက်)

Moe Sat Lin Htat - Telephone

အိပ်မက်ဖျော်တဲ့စက်(မိုးဆက်လင်းထက်)

Moe SatLlin Htat - Einmatphyaw

မနက်ဖြန်(မိုးဆက်လင်းထက်)

Moe Sat Sin Htat - Manatphyan

Wednesday, February 8, 2012

ဝေမှူးသွင်(စက္ကူပန်းတွေရဲ့သီချင်း)

Wai Mhuu Twin - - the song of paper flowers

မင်းလူ(အမုန်းအလိုမရှိ)

မင်းလူ(အမုန်းအလိုမရှိ)

အသဲကွဲ valentine

အလဲအကွဲ...ထိုးနှက်မယ့် စကားလုံးတွေအောက်မှာ
ငါ့ကမ္ဘာတစ်ခုလုံး ပျောက်ရှကြေမွသွားတယ်...
ကောက်ရစရာတောင် မရှိတော့လောက်အောင်
နှလုံးသားတစ်ခုလုံး ကြွေကျ
မနေ့ညက ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက်ကို
ဘယ်သူကများ မျက်ရည်တွေအတွက်
အားပေးအားမြောက်ဖြစ်စေလိမ့်မယ်လို့
ထင်မိမှာလဲ.........

ယုံကြည်ရာတွေပျက်သုဉ်း
တစ်သက်လုံးမကတောင် နှောင့်ယှက်နေမယ့်
ငါ့စိတ်အလျင်မှာ...
နင်ဟာ...အောင်နိုင်သူအပြုံးတွေနဲ့.....
နင့်အချစ်တွေအောက် ဒူးထောက်ကျရှုံးသူတစ်ယောက်ကို
လှောင်ရယ်နေနိုင်ရက်မလား......

စိတ်ကူးချိုချိုနဲ့ ရူးခဲ့ရတဲ့
ငါ့ရဲ့ valentine မှာ
ငါ့ဘေးနား နင်မရှိခဲ့ပေမယ့်
ငါ့နားက ထွက်သွားတဲ့ နင့်အရိပ်လေးဟာ...
ငါ့အတွက် လက်ကျန်အိပ်မက်ဆိုးပဲ ဖြစ်စေဦး...
တစ်သက်လုံး သိမ်းဆည်း မျှော်လင့်နေဦးမယ်.............။

ကျွန်တော်....တော့....မျှော်လင့်ခြင်း...လို့ နာမည်တပ်ထားတယ်..........

အရိုးသားဆုံးစိတ်ကူးတွေနဲ့ ရေးထိုးခဲ့တဲ့ ကမ္ဘာမှာ....
ဝိုးတ၀ါးမျှော်လင့်ခြင်းတွေ ... ဖျော့ဖျော့လေး မြင်လိုက်မိတယ်
မှင်သက်နေဆဲခဏ....
ဘ၀ရဲ့ အလှပဆုံး အိပ်မက်မြစ်တွေ နှလုံးသားနံရံတွေထိတိုင်
ဖြတ်သန်းစီးဆင်သွားကြတယ်..............
ကမ္ဘာမှာ.....အဖြူရောင်ကန့်သတ်ချက်တွေနဲ့....
ချစ်သူ့နယ်မြေဆီ....
အတ္တ...မာန တို့ ခြေချခွင့်မရှိစေရ.....
ပကတိ မုသားကင်းစင်စေမယ့်....ရစ်ပတ်ခြင်းတွေနဲ့
မြက်ခင်းစိမ်းတွေထဲ....တို့နှစ်ယောက်အတွက်
အိမ်ငယ်ထဲက..ပျော်ရွှင်စရာတွေကို (အချစ်စစ်က) ဖန်ဆင်းပေးခဲ့ပေါ့
ပြေလျော့မသွားမယ့် တို့ချစ်ခြင်းမှာ....လှိုင်းလေတွေထိတိုင် ထန်ခဲ့ဖူးတယ်....
ယုံကြည်ခြင်းတွေနဲ့ လက်တွဲတွေ ယနေ့ထိတိုင် ခိုင်မြဲဆဲ....
ကျန်တာတွေ ဘာများလိုအပ်တော့မလဲ...
အရိုးသားဆုံးစိတ်ကူးတွေနဲ့....သာယာဆုံးအိမ်လေးထဲမှာ
ကြင်နာချိုမြိန်တဲ့ စကားတွေရယ်..
တုန်ရီလှိုက်မော ယစ်မူးတွယ်ငြိစေမယ့် အဖြူရောင်အနမ်းတွေနဲ့
ကိုယ်ပိုင်ကမ္ဘာထဲမှာ ....ကိုယ်ပိုင် ဖန်တီးခြင်းတွေနဲ့......
တို့နှစ်ယောက် ရှေ့ဆက်လျောက်ရမယ့် ဘ၀ခရီးကို ဆက်ပြီး.....
လျောက်လှမ်းခွင့်လေးရှိချင်တယ်..........



Wednesday, February 1, 2012

အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ် သို့ ဘာသာပြန်ပေးမည့် Software


ဂျပန်ရောက်မြန်မာလူငယ်တစ်ယောက်ဖြစ်သော ကိုစိုးမင်းမှရေးသားခဲ့သော.အင်္ဂလိပ်မှ မြန်မာ ၊ မြန်မာမှ အင်္ဂလိပ်သို့အပြန်အလှန်ဘာသာပြန်ပေးနိုင်သော software ကောင်းလေးတစ်ခုဖြစ်ပါတယ်.။ သုံးရတာအဆင်ပြေမှာပါ။
install လုပ်ရတာလဲအရမ်းလွယ်ပါတယ်.။ install လုပ်ပြီး စက္ကန့် အနည်းငယ်စောင့်ရပါလိမ့်မယ်။ ပြီးရင်တော့ သုံးလို့ရပါပြီ။ 5mb ခန့်သာရှိပါတယ်။ လိုချင်သူများ download လုပ်ရန် အား ကလစ်နှိပ်ပေးပါ...။

download လုပ်ရန်

သင်၏ချစ်သူအားပေးရန် software လေးပါ


သင့်ချစ်သူကို သင်ဘယ်လောက်ချစ်ကြောင်း သက်သေပြရန်အတွက် လက်ဆောင်ပေးရန် 
software လေးတစ်ခုပါ။ 1.13 MB ပဲရှိပါတယ်...
ထိုsoftwareလေးကို ကလစ်နှိပ်လိုက်သောအခါတွင် သီချင်းသံလေးထွက်လာ၍ 
အသဲပုံလေးများ I love you ဆိုသော စာတန်းလေးများ ပျံဝဲနေပါလိမ့်မည်......
စမ်းကြည့်ပါဦး.......
ကျွန်တော့်ဆီကို ရောက်ရှိနေတာလေးကို ပြန်မျှပေးခြင်းပါ......ချစ်သူနဲ့ လူတိုင်းအဆင်ပြေကြပါစေဗျာ........။
download လုပ်ရန် link လေးက အောက်မှာပါ...။ 

www.----.blogspot.com များသို့ မန်ဘာဝင်နည်း


ဘောင်ခတ်ထားသောနေရာအား ကလစ်နှိပ်ပါ
ထို့နောက်တွင် အောက်ပါ box အတိုင်း ပေါ်လာပါလိမ့်မယ်

အထက်တွင်ပြထားသော သုံးခုထဲမှ မိမိအကောင့်ဖွင့်ထားသောနေရာ ဥပမာ(google) အားကလစ်နှိပ်ပါ

အထက်ပါအတိုင်းပေါ်လာပါက မိမိတွင်ရှိနှင့်ပြီးသား အကောင့်ဖြင့် sign in လုပ်ပါ


ဘောင်ခတ်ထားသောနေရာအား ကလစ်နှိပ်ပါ

done ကို ကလစ်နှိပ်ပြီးသွားသောအခါတွင် သင်သည် မန်ဘာဖြစ်သွားပါပြီ


သင့်သူငယ်ချင်းများကိုဖိတ်ချင်ပါက options ကို ကလစ်နှိပ်ပြီး invite friend ကိုနှိပ်ပါ.......

ထို့နောက် အောက်ပါပုံများတွင်ပြထားသကဲ့သို့ လိုက်လုပ်ပါ...



သင်inviteလုပ်ပြီးသွားသောအခါတွင် အထက်ပါပုံအတိုင်းပေါ်နေပါလိမ့်မည် ထိုအခါတွင်
close ကိုနှိပ်လိုက်ပါ..........။
အဆင်ပြေကြပါစေဗျာ။

commemt များ

Recent Comments Widget