welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Monday, September 24, 2012

ထူးအယ်လင်း – ရှင်သန်နေသူအတွက် သီချင်းစာအုပ်

 
Vocalists: Htoo L Lin
Lyrics: San Pi, Aung Phyo, Myint Moe Aung, Phoe Tu, Htoo L Lin, Way La, Nyi Latt,
Nyi Nyi Maung

Thay Char Sin Sar
Bal Yin Khwin Mhar Lal
Htar Wa Ya Kha Yee Thel
Ah Chit Lo Khaw Tha Lar
Sate Ku Yin Eain
Shin Than Nay Thu Ah Twet
Nway Oo Ah Lwan
Ma Mae Nae
Min Ah Nar Mhar Par
Tan Ta Mi Tine

ထူးအယ်လင်းရဲ့ ရှင်သန်နေသူအတွက် သီချင်းစာအုပ်လေးပါ။တစ်ပုဒ်ချင်းစီကို ကလစ်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါသည်။မူရင်းဒီသီချင်းစာအုပ်ကို upload တင်သူရဲ့လင့်လေးကတော့  ဒီနေရာမှာပါဗျာ
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်---။

ထူးအယ်လင်း – ရှင်သန်နေသူအတွက်


သေချာစဉ်းစား
ဘယ်ရင်ခွင်လဲ
ထာဝရခရီး
အချစ်လို့ခေါ်သလား
စိတ်ကူးယဉ်အိမ်
ရှင်သန်နေသူအတွက်
နွေဦးအလွမ်း
မမေ့နဲ့
မင်းအနားမှာ
တမ်းတမိတိုင်း

ဒီနေရာတွင် album တစ်ခုလုံး ဒေါင်းလုပ်လုပ်နိုင်သည်။

တစ်ပုဒ်ချင်းဒေါင်းရန်

ဒီနေရာကိုကလစ်ပြီး သီချင်းနားဆင်နိုင်သည်။

မူရင်း upload တင်ပေးသူလင့်လေးပါ

Friday, September 21, 2012

အလွမ်းတွေအကြောင်း

အလွမ်းရောင်သန်းတဲ့--
ခရမ်းပြာရောင်ညနက်ထဲ----
မြင်မက်တဲ့ အိပ်မက်တွေထိတောင်---
နင်ဟာ---စိုးမိုးလွန်းလှတယ်ကွယ်----။
ဘာ့ကြောင့်များလဲ--
အဲ့ဒီအိပ်မက်တွေထဲမှာ--
တောက်ပတဲ့ အပြုံးတစ်ပွင့်ရယ်...
အေးမြတဲ့ မျက်ဝန်းတွေရယ်
သိမ်မွေ့တဲ့ အသက်ရှုခြင်းတွေရယ်နဲ့--
ငါ့ညတွေဟာ---နင်ရှိမှပြည့်စုံခဲ့တာ--။

ဒါပေမယ့်----တရေးနိုးချိန်တိုင်
ထစမ်းမိတဲ့ ငါ့ဘေးနားမှာ--နင်မရှိခဲ့ပေမယ့်
နင့်ကိုယ်သင်းရနံ့လေးတွေ ငါ့အသက်ရှုခြင်းတွေဆီသို့
လွင့်ပျံလာတယ်-----
အဲ့ဒါကို မပျက်စီးစေချင်သလို
အငွေ့ပျံပျောက်ဆုံးမသွားချင်တော့ဘူးဟာ---
ငါ ယစ်မူးနေချင်သေးတယ်---။

တကယ်တော့ နင်နဲ့မှ
မသင်ယူဘဲနဲ့ တတ်မြောက်နေခဲ့တဲ့
ငါ့အလွမ်းစာမျက်နှာတွေလေ---
ကိုယ်တိုင်ရေးထားတဲ့ အလွမ်းကဗျာတွေနဲ့
ရင်ဘတ်တစ်ခုထဲ အလွမ်းအငွေ့အသက်တွေ
ဖြတ်သန်းစီးဆင်းသွားသလို ပျံ့နှံ့ဆဲပါ---
အဲ့အလွမ်းတွေမှာ--မျှော်လင့်ခြင်းတစ်ချို့ရှိတယ်
သစ္စာတရားတစ်ချို့အတွက်--ရင်ဘက်ထဲက မနက်ဖြန်များစွာရှိတယ်
ယုံကြည်ခြင်းတွေနဲ့ အနာဂတ်နေ့တွေရှိတယ်
နင်မြင်နိုင်မလားကွယ်-----။

လွမ်းတယ်--အရာအားလုံးထက်---
ငါ့အတွက် (နင့်ကိုလွမ်းတဲ့) အဲ့အလွမ်းတွေဟာ ပိုခမ်းနားတယ်
ငါ့ဘေးနား--နင်မရှိနေသေးပေမယ့်
ငါ့ဆီမှာ နင့်ကို လွမ်းခွင့်ရှိတာကိုပဲ ကျေနပ်နှစ်သိမ့်နေပါ့မယ်ဟာ----------။

Thursday, September 20, 2012

ပြန်လာပါတော့----

အလွမ်းဆိုတာကို တခုတ်တရ ထုပ်ပိုး
မနက်မိုးလင်းတာနဲ့ အလွမ်းတစ်ခု ထပ်တိုးလာတယ်
မြတ်နိုးတဲ့ နင်--ငါ့အနားမှာရှိမနေချိန်တိုင်းပဲ
ထိုင်းမှိုင်းနေတဲ့ ငါ့စိတ်တွေ
တည်နေရာမရှိ လေနှင်ရာလွင့်ရင်း
တိတ်တဆိတ် အိပ်ပျက်ခဲ့တဲ့
ငါ့ညတွေ ဘယ်လောက်တောင် ရှည်လျားခဲ့ကြသလဲ---။
ပြန်လာပါတော့ ချစ်သူရယ်----
နင် ပြန်လာချိန်ကို စောင့်မျှော်နေရင်း
စိုနေတဲ့မျက်ဝန်းတစ်ဖက်က မျက်ရည်တွေငိုငိုချနေတာ
လိုရာမရတဲ့ ကလေးငယ်တစ်ယောက်လိုလေ
ခဏခဏ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ပူဆာနေမိတယ်---
ပြန်လာပါတော့ကွယ်-----စောင့်နေရတဲ့ ငါ့ရင်ဘတ်ကြီးလဲ မောလို့နေပါပြီ
နင်--ပြန်လာချိန်တွေကို လက်ချိုးရေရင်း ထပ်တိုးလာတဲ့ ငါ့အလွမ်းတွေထဲမှာ
နင့်နာမည်လေးကို ခပ်တိုးတိုးလေး ရေရွတ်နေမိသေးတယ်--
ပြန်လာပါတော့ကွယ်------------ငါ တကယ်ကို အရမ်းလွမ်းလို့ပါ---------။


ADOBE PAGEMAKER 7.0





စာအုပ်အမည် = ADOBE PAGEMAKER 7.0
ရေးသားသူ = ကွန်ပျူတာလက်စွဲ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ်လင့်လေး = http://www.mediafire.com/?k8i91na8719xddh
 သိပ်မသုံးတတ်တဲ့သူငယ်ချင်းတွေအတွက်တော့အထောက်အကူရတာပေါ့---မူရင်းလင့်လေးပါ

ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း













စာအုပ်အမည် = ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း
ရေးသားသူ = အောင်နိုင်မော်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?5xfk2suddsc46e6
 အားလုံးကို မျှဝေပေးချင်လို့ ချစ်သူ့နှုတ်ခမ်းမှ ထပ်ဆင့်ကူးယူဖော်ပြခြင်းပါ မူရင်းတင်သူလင့်လေးကတော့ ဒီမှာပါ

နီကိုရဲ(ဒဏ်ရာရလိပ်ပြာအထူးကု)

ဝေမှူးသွင် (အစိမ်းရောင်ကစားနည်း)

သို့

ခလေးလေး-----
အဲ့လိုင့ါနှုတ်ခမ်းက လှုပ်ခတ်သွားတိုင်းပဲ
နင် ပျော်နေခဲ့တာ---
မောင်တဲ့ ချစ်ကို--အဲ့လိုခေါ်လိုက်တိုင်းပဲ
ချစ်စိတ်ထဲပျော်နေခဲ့တာတဲ့----
ဟုတ်တယ် ခလေးလေး----
နင်ပျော်ဖို့အတွက် ငါဟာ သီးသန့်ဆုခြွေတားတာ
အရာရာ နင်ပျော်ဖို့အတွက်ပဲ စဉ်းစားပေးနေခဲ့တာ---

ယုံပါ ခလေးရယ်---
သက္ကရာဇ်တွေပြောင်းသွားပေမယ့်
မပြောင်းလဲနိုင်တဲ့ ငါ့ရင်ဘတ်ထဲကို ဘယ်အချိန်ဆို
နင်တစ်ချက်လောက်ကြည့်လိုက်
ထွက်ကျလာတဲ့ စကားလုံးအပိုင်းစဆိုတာ
တစ်ခုထဲပဲ------ချစ်တယ်ဆိုတဲ့အဓိပါယ်ဖွင့်ဆိုချက်တွေအတွက်
ချစ်လေးဆိုတဲ့ နင့်နဲ့ငါ့ကြား သတ်မှတ်ထားတဲ့ နာမတစ်ခုတည်းပါ--
ချစ်တယ်---ခလေးလေးရယ်
အခုချိန်ဟာ ရည်ရွယ်ချက်တွေအတွက်နဲ့ဝေးနေကြပေမယ့်
ပြန်ဆုံမယ်ဆိုတဲ့နေ့ရက်ကို ငါတို့လက်ချိုးရေကြစို့-------
မဝေးတော့မယ် အနာဂါတ်နေ့ရက်တွေအတွက်
ငါတို့ရဲ့ ချည်နှောင်ဖွဲ့ရစ်ခြင်းတွေတိုင်းမှာ
သိမ်မွေ့စွာ နူးညံ့နက်ရှိုင်းနေကြတယ်
အိပ်မက်တွေ လက်တွေ့ဖြစ်လာခြင်းတွေရဲ့
သစ်လွင်တောက်ပမယ့် အနာဂါတ်တွေနဲ့
ဘ၀ဆိုတဲ့တိုက်ပွဲတွေကို တူတူရင်ဆိုင်ကြစို့--။

သို့---ချစ်သောသူသို့---

လွမ်းလိုက်တာချစ်သူရယ်
အရမ်းလွမ်းတိုင်းပဲ--တူတူထိုင်ကြည့်ခဲ့ဖူးတဲ့ကောင်းကင်ကြီးလေ
အလွမ်းမျက်ရည်တွေနဲ့ ကြယ်တွေတဖြုတ်ဖြုတ်ကြွေလို့----
ငါ့မျက်ရည်ခိုးတွေဝေလို့-----။

ကြယ်အကြွေကိုစောင့်ပြီး
ဆုမတောင်းရက်ခဲ့ဘူးကွယ်
ပိုင်ဆိုင်လိုချင်တဲ့ စိတ်အတ္တကြောင့်
ကောင်းကင်ကြီးအလင်းမဲ့မှာစိုးတယ်------။

ကြယ်ကြွေဆုတောင်းတွေပြည့်တယ်ပဲထားဦး
ကိုယ်ဆုတောင်းဖို့အတွက် ကြယ်ချွေချခံခဲ့ရတဲ့ကောင်းကင်ကြီး
ဘယ်လောက်များ အသဲနာကျဉ်လိုက်မလဲ---------။
အဲ့လိုပဲ--ရိုးရိုးလေးတွေးရင်း
တစ်ခါတစ်ခါ နင့်ကိုထိုင်သတိရနေဖူးတယ်----
နင့်အကြောင်းတွေတွေးရင်း နင့်ကိုလွမ်းတဲ့စိတ်တွေနဲ့
မျက်ရည်တွေ ကျနေခဲ့ဖူးတယ်----။
ပိုင်ဆိုင်လိုစိတ်အတ္တတွေနဲ့မှ ချစ်ခဲ့တာမှမဟုတ်ပဲကွယ်---------။
အချစ်သာ စစ်မှန်မယ်ဆို ငါတို့ပြန်ဆုံကြဦးမှာပါ-----။

ဒဏ်ရာ--

အိပ်မက်က လန့်နိုးသလိုမျိုး
အတိတ်ဟာ တဆတ်ဆတ်တုန်ခါ
ဒဏ်ရာဟာ--ငါ့အတွက် မနက်ဖြန်ပဲလား---
မျက်ရည်တွေကြားကရှင်သန်မှုမျိုးနဲ့...

အမှတ်တရတွေေ၀၀ါးနေဆဲ---
မနေ့ကထိ အကောင်းတိုင်းရင်ဘတ်ကြီးထဲမှာ
ဒီနေ့--ဒဏ်ရာအိပ်မက်ဆိုးတွေနဲ့---နာကျင်သူငါလေ---
ဘယ်လိုမှ တွေးမထင်ရက်ခဲ့အောင်
ယုံကြည်လွန်းခဲ့သူပါဟာ----။
အချစ်ကိုကိုးစားခဲ့မိတာ
ခံစားချက်ကို အလိုလိုက်ခဲ့မိတာ
ငါ့အတွက် အနာတရဒဏ်ရာတွေပဲရရှိခဲ့လေသလား---
ပြောင်းပြန်ဖြစ်သွားတဲ့ မျှော်လင့်ချက်တွေထဲမှာ
အချစ်နဲ့တည်ဆောက်ထားတဲ့ ငါ့ကမ္ဘာတစ်ခု လဲပြိုကျသွားတယ်---။

commemt များ

Recent Comments Widget