welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Tuesday, January 24, 2012

သွား(နတ်ရွာမိုး)

သွား(နတ်ရွာမိုး)

ငတုံး (နီကိုရဲ)

ငတုံး

အိပ်မက်ကြမ်း [မောင်လှမျိုး(ချင်းချောင်းခြံ)]

ကျောက်ကြမ်းကြမ်းမှာမှ
ဖယောင်းပန်းလှလှပွင့်တယ်။

တောင်ထိပ်ရောက်ဖို့ တက်တာမဟုတ်ဘူး
တောင်ရှိလို့ တက်ပစ်လိုက်တာ။

ပြုတ်ကျလို့သေချင်သေ
ငုတ်တုတ်ထိုင်နေသူတွေကို
သနားတယ်။

အခြေအနေကောင်းမှ
လမ်းလျှောက်ထွက်ချင်သူတွေတော့
ရှိတတ်တာပေါ့။

ချစ်သူဆီကတောင်
“ဘာပဲဖြစ်ဖြစ် ချစ်မှာပဲ”…ဆိုတဲ့
စကားသတ္တိမျိုး၊
မကြားရမှတော့..
ဘာတွေကို..
မျှော်လင့်စရာ လိုတော့မလဲ။

ပိုင်မှဖမ်းတတ်တဲ့
အပိုင်ဖမ်းဇာတ်လမ်းတွေလောက်ကတော့
ခြင်ရိုက်တာထက် လွယ်ပါတယ်။

ချစ်ခြင်း၌
မည်သည့် ပိုက်ကွန်မျှ မရှိ။

မောင်လှမျိုး (ချင်းချောင်းခြံ)

မဖဲဝါ(ဒသကျော်စွာ)

မဖဲဝါ

နတ်နေကိုင်း(အကြည်တော်)

နတ်နေကိုင်း

Monday, January 23, 2012

ချစ်သူတို့အတွက် သီချင်းလက်ဆောင်



Cry on my shoulder song lyric
(Juliette) Hm... Oh...

If the hero never comes to you

If you need someone you're feeling blue

If you wait for love when you're alone

If you call your friends the light is hold

You can run away but you can't hide

Through the storm and through the lonely night

Then i show you there's a destiny

The best things in life they are free

But if you wanna cry, cry on my shoulder

If you need someone who cares for you

If you feeling sad your heart gets colder

Yes, I show you what will love can do


If your sky is grey, oh let me know

There's a place in heaven where we'll go

If heaven is a million years away

Oh, just call me and I make your day

When the night are getting cold and blue

When the days are getting hard for you

I will always stay here by your side

I promise you I'll never hide

Sunday, January 15, 2012

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးနိုင်ရန်

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ
အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် http://www.g.ho.st/
ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.

ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်

.Choose a G.ho.st ID နေရာမှာ မိမိကြိုက်နှစ်သက်ရာ အမည်ပေးပါ. လိပ်စာက ဥပမာ- phayekyaw@G.ho.st အဲလိုဖြစ်ရမှာလေ. Choose Password ကတော့ ကြိုက်သလိုပေးပါတော့နော်.
Existing email address နေရာမှာတော့ မိမိအသုံးပြုချင်တဲ့ မိမိရဲ့ Gmail ကို ရိုက်ထည့်ပါ. ရှိပြီးသားကိုနော်.
Enter the code shown နေရာမှာတော့ တစ်ဘက်ကပေးထားတာကို မှန်အောင်ရိုက်ထည့်ပါ. ပြီးရင် I'm over 13 years old and...စသည်ဖြင့် ရေးထားတဲ့ ရှေ့က ကွပ်လပ်လေးထောင့်တုန်းလေးမှာ အမှန်ခြစ်ပြီ Submit ကိုကလစ်လိုက်ပါ..တစ်ကယ်လို့ မရဘူးဖြစ်တက်ပါတယ်. ထိုအခါ မရသည့် အကြောင်းအရာရှေ့မှာ Star အနီလေး ပေါ်လာပါလိမ့်မယ်. ယင်းနေရာကိုပြန်ပြင်ဆင်ပါ...ဒီအဆင့်အဆင်ပြေသွားရင် မိမိ အပေါ်မှာ ထည့်ထားတဲ့ မေးကိုဖွင့်ပါ. မေးထဲမှာ မေးအသစ်ဝင်နေပါလိမ့်မယ်. ယင်းမေးကိုဖွင့်ပါ. အောက်ပါအတိုင်းတွေရင်

ယင်းအထဲက Click Here ကိုကလစ်လိုက်ပါ. လင့်အသစ်ထွက်လာပြီ. ပွင့်လာပါလိမ့်မယ်. ယင်းအထဲမှာ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.


ယင်းအထဲမှာ ဖြည့်ပါတော့ မိမိကြိုက်ရာအမည်ကို အစ အလယ် အဆုံး နှင့် နိုင်ငံ ပြီးရင် Finish ကိုပဲကလစ်လိုက်ပါ.အောက်ပါအတိုင်းပေါ်လာပါလိမ့်အုံးမည်

ဖတ်ကြည့်ပါ. တတ်သလောက်ပေါ့. ကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိပါ. 15 GB hard disk ရမည်. 10 GB mail box နဲ့ပေါ့. အကြမ်းဖျင်းလေ. ဘာမှလုပ်နေစရာမလိုပါဘူး Finish ပဲကလစ်ပါ. နောက်တစ်ပုံပေါ်လာပါလိမ့်မယ်.


ယင်းအထဲမှာ အောက်ဘက် ညာထောင့်က လေးထောင့်ကွက်ကို အမှန်ပေးပြီ ok လိုက်ပါတော့အောက်ပါအတိုင်း အွန်လိုင်းထက်က မိမိကိုယ်ပိုင် ကွန်ပျူတာတစ်လုံးရပါပြီ.ကဲမိတ်ဆွေ သင့်အွန်လိုင်းကွန်ပျူတာကို right click လုပ်ပြီ refresh လုပ်ကြည့်လိုက်ပါ. တစ်ကယ်အစစ်တိုင်းဖြစ်နေပါလိမ့်မယ်. ဒါဆိုသင်ဥာဏ်ရှိသလို သင့်အွန်လိုင်းကွန်ပျူတာကို ကလိပြီး အသုံးချပါတော့ခင်ဗျာ. ကျွန်တော်ကတော့ account တွေ pressword တွေမှတ်ရလွန်းလို့ notepad နဲ့သိမ်းပြီ အွန်လိုင်း က ကျွန်တော့်ကွန်ပျူတာမှာ သိမ်းထားလေရဲ့.....အွန်လိုင်းရှိတဲ့နေရာမှာ ကိုယ့်ကွန်ပျူတာလေးလည်း ရှိနေကြပါစေ. အဆင်ပြေနေကြပါစေ.
လိပ်စာလေးက . http://www.g.ho.st/

Saturday, January 14, 2012

virus ရှိ/မရှိ အလွယ်စမ်းကြည့်ကြရအောင်

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်....
တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင်တော့ virus ရှိနေပါပြီ...။

SmartDraw_2010_With_Keygen.rar (23 MB)

certificate လှလှလေးတွေ လုပ်ချင်သူများအတွက်ဆော့ဝဲလေးပါ။
နောက်ထပ် ကဏ္ဍမျိုးစုံပါပါသေးတယ်။ဖောင်ဒီဇိုင်းလေးတွေအများကြီးပါဘဲ။
တော်တော်ကောင်းပါတယ်။မိတ်ဆွေတို့ ဒေါင်းကြီး စမ်းကြည့်ပေါ့


ဒေါင်းရန်
http://www.mediafire.com/?10xoalrt2zhrzr6
http://www.ifile.it/t68gf5j/SmartDraw_2010_With_Keygen.rar
http://www.ziddu.com/download/13803636/SmartDraw_2010_With_Keygen.rar.html
http://www.zshare.net/download/86546486848a7c57/
http://www.mirrorcreator.com/files/HTGA2CWB/

facebook မှာ smile ပုံလေးတွေသုံးပြီးချက်နိုင်ဖို့....

facebook မှာ ဒီလို smile ပုံလေးတွေ အသုံးပြုချင်သူများအတွက် လုပ်ပုံလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။
ပထမဆုံး အောက်က လင့်လေးကိုသွားပြီးတော့ facemoods plugin လေးကို download လုပ်လိုက်ပါ။အဲ့လင့်က အဆင်မပြေဘူးဆိုရင် တခြားဒေါင်းလုတ်ဆိုဒ်တွေကနေလဲတင်ပေးထားပါတယ်။
http://for-facebook.net/plugins/
http://www.mediafire.com/?z15a8umwz84h7b7
http://ifile.it/pio2awc/Facemoods.exe
http://www.zshare.net/download/97582155e0675803/
http://www.ziddu.com/download/17876900/Facemoods.exe.html

http://www.mirrorcreator.com/files/4ZE4LPVE/


ဒီ plugin လေး ကို ဒေါင်းပြီးပြီဆိုရင် run လိုက်ပါ။


run တဲ့အခါ အပေါ်ကပုံလေးလို ပေါ်လာတဲ့အခါ အမှန်ခြစ်လုပ်ထားတဲ့နေရာလေးတွေမှာ အမှတ်လေးတွေကို ဖြုတ်ပေးလိုက်ပါ။အဲ့နေရာတွေမှာ အမှတ်ခြစ်စရာမလိုပါဘူး။ပြီးမှ Agree & Continue လုပ်ပါ။browser ကို restart ချခိုင်းပါလိမ့်မယ်။အားလုံးပြီးရင် မိမိရဲ့ facebook အကောင့်ကို အသစ်ပြန်ဝင်လိုက်ပါ။

အပေါ်ကပုံထဲကအတိုင်း စာရေးတဲ့နေရာလေးမှာ smile ပုံလေးရောက်နေပါလိမ့်မယ်။နိုပ်လိုက်ရင်ဘေးက ဘောက်လေးထွက်လာပါမယ်။ဒါဆိုရင်အသုံးပြုလို့ရပါပြီ။အဲတစ်ခုတော့ရှိတယ်။ကိုယ်ဘက်ကဘဲ ဒီplugin ကို run
ထားတာဖြစ်တဲ့အတွက် တခြားတဖက်မှာ စာတွေဘဲပေါ်နေပါလိမ့်မယ်။ဂျီတော့မှာ smile ပုံတွေသုံးသလိုဘဲ ဟိုဘက်လူကလဲ run ထားမှ ပုံလေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေပါစေ။

လူမျက်နှာနှင့် တူသောငါး.....

ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်တွေကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း တောင်အမေရိကနိုင်ငံမှာ မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့ နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickens ကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန်ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက် ဒီလို ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီးနားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့ သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နူကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့်
ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်လို့..သုံးသပ်ကြကြောင်း

Friday, January 13, 2012

2012 ခုနှစ်အတွက် ဗေဒင်ပညာရှင်တို့၏ အမြင်



နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်တွင် ကူးပြောင်းသည့် အနာဂတ်နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး အစရှိသည်တို့သည် မည်သို့သော အခြေအနေများ ဖြစ်ပေါ်နိုင်ခြေ ရှိသည်ဆိုသည်ကို လူအများ စိတ်ဝင်စားမှု ရှိကြသည်။ ထို့အတွက် လက်ရှိအချိန် ကာလသည်လည်း ၂၀၁၁ခုနှစ်ကုန်ဆုံး၍ ၂၀၁၂ ခုနှစ်၏ နှစ်စကာလသို့ ကူးပြောင်းချိန်ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်ကာလအတွင်းတွင် အနာဂတ်နှစ်သစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအခြေအနေများ မည်သို့မည်ပုံ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ကို ဗေဒင်ပညာ၊ နက္ခတ်ပညာရပ်တို့ဖြင့် တွက်ချက်သုံးသပ်သည့် ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုနှင့် နက္ခတ်သိပ္ပံ နည်းပညာရပ်အား အသုံးပြု၍ တွက်ချက်သော နက္ခတ်ပညာရှင် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်းခဲ့ရာ . . .

ဆရာစံဇာဏီဘို (ဗေဒင်ပညာရှင်)

နိုင်ငံရေး

ငြိမ်းချမ်းရေးအတွက် တော်တော်လေး အားသွန်ခွန်စိုက်လုပ်ရမှာ ဖြစ်ပြီးမလုပ်ရင် အခြေအနေယိမ်း ယိုင်နိုင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ ပဋိပက္ခနည်းနိုင်ခြေရှိတယ်။

စီးပွားရေး

၂၀၁၂ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ စီးပွားရေးအခြေအနေက တော့ ကြာသာပတေးနံပဲ အရောင်းအ၀ယ် အားနည်းနိုင်မယ်။ မြေယာ ဥပဒေနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် မြေယာအရောင်းအ၀ယ်တွေ တန့်သွားပြီး မြေဈေးတန်ဖိုးတွေ ဆင်းသွားနိုင်တယ်။ ပြည်တွင်းက ပြည်ပပို့ကုန်တွေလည်း အားလျော့နိုင်ပါတယ်။ မြန်မာငွေ ဆက်မာနိုင်ပြီး နိုင်ငံတကာ ငွေကြေး ဈေးကွက်မှာတော့ ဒေါ်လာရော ယူရိုပါ ဈေးကျဆင်းနိုင်ပါတယ်။ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ကြတဲ့ သူတွေထင်သလောက် မအောင်မြင်နိုင်ဘဲ ခရီးသွားလုပ်ငန်းတွေ အားလျော့နိုင်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလက်မှုပိုင်း ဆိုင်ရာမှာ အားနည်းနိုင်ပြီး ပုဂ္ဂလိက ပိုင်းရော၊ အစိုးရပိုင်းမှာပါ ထုတ်လုပ်မှု ပိုင်းဆိုင်ရာစက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ ပြည်ပလုပ်ငန်း ရှာဖွေလုပ်တဲ့သူတွေ ပိုများပြီး Brain Drain ပြဿနာတွေ ပိုများလာနိုင်ပါတယ်။

လူမှုရေး

၂၀၁၂ခုနှစ်မှာလူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာနိုင်ပြီး အားကောင်းနိုင်တယ်။ ပါရာဒိုင်းကနေ အနုပညာဘက်ကို ကူးသွားနိုင်ပြီး သိပ္ပံနဲ့နည်းပညာ ရပ်ပိုင်းဆိုင်ရာတွေ ဦးမော့လာနိုင်တယ်။ စာပေ၊ ပညာရပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု အခြေအနေ ကောင်းမွန်လာပြီးဆေးဝါး ကုသမှုပိုင်းဆိုင်ရာမှာတော့ ဆက်လက်ပြီး အားနည်းနိုင်ပါသေးတယ်။ Human Resources (HR) ပိုင်းမှာလည်း ဆက်လက်ပြီး အားနည်းနိုင်ပါသေးတယ်။

ရာသီဥတု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး

၂၀၁၂ခုနှစ်က ၀ါငယ်ထပ်တဲ့နှစ် ဖြစ်တာကြောင့် ရေကြီးနိုင်တဲ့အတွက် ရာသီဥတုပိုင်း ဆိုင်ရာ အခြေအနေ အရပ်ရပ်ကို ဂရုစိုက်သင့်ပါတယ်။ မိုးက မိုးနှောင်းအထိ များနိုင်ပြီး မိုးစပါးကို တော်တော်လေး သတိထားပြီးစိုက်ကြရမယ်။ မွေးမြူရေး သားငါးကဏ္ဍမှာ တော့ကြက်၊ ငုံးနဲ့နွားတွေမှာ ကပ်ဆိုး အန္တရာယ်ရောဂါတွေ ကျနိုင်ပါတယ်။

ဦးဇေယျာကို(နက္ခတ်သိပ္ပံပညာရှင်)

နိုင်ငံရေး

၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ တိုင်းပြည်ကို ဦးဆောင်လာနိုင်တဲ့အတွက် အရင်နဲ့မတူတဲ့ ထူးခြားတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ ထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တယ်။ နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေ အနောက် အင်အားကြီးနိုင်ငံတွေကို လည်ပတ်မှုနဲ့ အတူ အနောက်အင်အားကြီးနိုင်ငံတွေ က အကြီးအကဲတွေလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်နိုင်တယ်။

စီးပွားရေး

အနောက်နိုင်ငံတွေနဲ့ သဟဇာတ ဖြစ်လာပြီး ပိတ်ဆို့နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပြန်လမ်းပွင့်လာ နိုင်တယ်။ အနောက်နိုင်ငံကနေ ဆုတ်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပြန်ပြီး ရင်းနှီးမြှုပ်နှံလာနိုင်တယ် ရွှေရောင်းဝယ် ဖောက်ကားမှုပိုင်းဆိုင်ရာ အားကောင်းစွာ လည်ပတ်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းတာကြောင့် ကြီးမားတဲ့ဈေးကွက် ဖြစ်လာနိုင်တယ်။

Wednesday, January 11, 2012

၁၂လရာသီဖွားများအတွက် အဆောင်ကျောက်ဖက်ရှင်


















အခုရေးမဲ့အကြောင်းအရာက ၁၂လရာသီဖွားများအတွက် အဆောင်ကျောက်တွေ အကြောင်းပါ။ ကျောက်တွေတိုင်းမှာ ကိုယ်ပိုင် အစွမ်းသတ္တိများ ရှိကြပြီး ၀တ်ဆင်သူကို အကျိုးပေးတတ်ကြောင်း သိရပါတယ်.. ၁၂လရာသီဖွား အားလုံး အတွက်ဆိုတော့ ရတနာ ၁၂မျိုး ရှိနေတာမို့ ကျောက်မျက်ရတနာ တစ်ခုစီအကြောင်း အသေးစိတ်ရေးရင် ရှည်လျားထွေပြားမှာ စိုးတာကြောင့် တစ်မျိုးစီအကြောင်းကို ရှာဖွေစုဆောင်း ဖတ်ရှုထားသမျှ အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါတယ်။


ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်

ပထမဆုံး ဇန်န၀ါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်န၀ါရီလဖွားများအတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့ အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်… ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

၁. စိတ်ကိုအေးချမ်းစေခြင်း

၂.ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း

၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း

၎.၀တ်ဆင်ထားသူအား အန္တရာယ်တစ်ခုခုကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း)

၅.ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း

၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း

၈.ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း

၉.မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ

ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်းခေါ် ခရမ်းစွဲဖြစ်ပါတယ်.. ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်သည်ု နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..


ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ


၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း

၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း

၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း

၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း

၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း

၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ


မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ၀တ်ဆင် သုံးစွဲတတ်ကြပါတယ်.. မြပြာသည် ဥဿဖရားအပြာရောင်နှင့် ဆင်ဆင် တူသည့်အတွက် ၀ယ်ယူသည့်အခါတွင် အထူးသတိထားကာ ၀ယ်ယူသင့်သည်ဟု မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တူးဖော်ရရှိကြောင်း သိရပါတယ်..

မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ


၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို ၀တ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂.ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း

၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း

၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း

၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဧပြီလဖွားများအတွက် စိန်

ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ရှိပြီး ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက တောက်ပမှု အားအကောင်းဆုံး ကျောက်မျက် ရတနာလည်း ဖြစ်ပါတယ်.. စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ ၀တ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက စိန်ကို ၀တ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ကို ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့် ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်.. ၀တ်ဆင်သုံးစွဲသည့် သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို အနားစများ ပဲ့ထွက်ခြင်းဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့် စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်…


စိန်သည် ၀တ်ဆင်သူအား

၁.ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊

၂.တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြေက်အရွံ့များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း

၃.ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း

၎.မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မေလဖွားများအတွက် မြ

မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်... မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်...။


မြကျောက်သည် ၀တ်ဆင်သူအား


၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း

၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း

၃.စွမ်းအားကို တိုးမြင့်စေခြင်း

၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း

၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဇွန်လရာသီဖွားများအတွက် ပုလဲ

ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့သည် ပုလဲအတွက် မရှိမဖြစ်လိုအပ်သည်ဟု သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..


ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…

၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊

၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း

၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း

၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဇူလိုင်လဖွားများအတွက် ပတ္တမြား


ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။


ပတ္တမြားသည် ၀တ်ဆင်သူအား

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း

၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း

၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း

၎. မိတ်ဆွေတိုးပွားစေခြင်း

၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း

၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း

၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း

သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်းရှိသော ပြောင်ခေါင်းစိမ်း လို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊ စိမ်ရွှေဝါရောင်၊ အညိုနုရောင်နဲက သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်တွက် သံပုရာစိမ်းမှာ အကောင်းဆုံး အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်. ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်စေရန်အတွက် ဗနီကာအရည်မှာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်.. တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစားများသာ ထွက်ရှိပါတယ်.. တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာနိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။


ပြောင်ခေါင်းစိမ်းတွင်

၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း

၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာဖြစ်စေနိုင်ခြင်း ၊ ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း

၃.ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို မမက်အောင် ကာကွယ်ပေးနိုင်ခြင်း

၎. ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း

၅.ခနာကိုယ်အား ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း

၆.ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


စက်တင်ဘာဖွားများအတွက် နီလာ

စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့်၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်.. အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော နီလာများ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..


နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ


၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း

၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း

၃. ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း

၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း

၅. နီလာ ၀တ်ဆင်ထားသူသည် မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း

၆. ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ

အောက်တိုဘာလမွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့် ၅.၅မှ ၆.၅ အထိရှိသော အိုပယ်ကျောက်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်.. ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကိုလိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လှပစွဲမက်ဖွယ်ကောင်း လှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးတွင် ၄င်းအရောင်များ အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက်တောက်ပသော အပြာရောင်ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အ၀ါရောင်နှင့် အစိမ်းရောင်စဉ်များ၊ အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပြေးများ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍ အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး ထွက်သောနိုင်ငံဖြစ်သည်။



ကြောင်မျက်ရွဲနှင့်ပတ်သက်၍


၁.၀တ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကိုဝတ်ဆင်ထားသူသည် စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ လင်းလက်နေပြီး ၄င်းဝတ်ဆင်ထားသူသည် စိတ် လေးလံထိုင်းမှိုင်းနေပြီး မပျော်မရွှင် စိတ်ညစ်နေသည်ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန်ဖျော့တော့သွားစေနိုင်ခြင်း

၂.မျက်စိနှင့်ပတ်သက်သောရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် မျက်စိရောဂါများကို ပျောက်ကင်းသက်သာစေနိုင်ခြင်း

၃. သိဒ္ဓိများနှင့် ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နိုဝင်ဘာလဖွားများအတွက် ဥဿဖရား

နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရား ကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့်တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ အဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင် ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။


ဥဿဖရားတွင်


၁. ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း

၂. မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

၃. စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း

၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း

၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်

ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ် မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။


တာကွိုက်စ်ကျောက်သည်

၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံးခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း

၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း

၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း

၎. စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း

၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း

၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~ ပြီး ~~~~~~~~~~~~~~~~~~~


ဖတ်မိတာလေးကို ဗဟုသုတအဖြစ် ဘာသာပြန်ကာ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. မိမိမွေးဖွားရာ လရာသီနှင့် ကိုက်ညီသော အဆောင် ကျောက်မျက် ရတနာများကို လိုက်ဖက်စွာ ၀တ်ဆင်ရင်း ဖက်ရှင်ကျနိုင်ကြပါစေလို့ ......
ချော(အစိမ်းရောင်လွင်ပြင်)

Wednesday, January 4, 2012

အင်းယားအိပ်မက်

ဒီမနက်..........
အလွမ်းကဝေ...
ဝဿန်မိုးက စွေ တော့.....
အလုပ်ကို ရပ်
စိတ်ကူးနဲ့ ခရီးဆက်ရအောင်
ချစ်သူဆီ.......
အာရုံတွေ စေခဲ့ပေါ့............။


အာရုံထဲက အင်းလျားလမ်းမှာ
ချစ်တဲ့သူနဲ့ ထီးအတူဆောင်း
စကားတွေ ဖောင်ဖွဲ့ကာပြော....
မိုးတောထဲမှာ မိုးရေထိတော့
ချစ်သူ ကိုယ်လေးနွေးအောင်
ကျွန်တော့်လက်နဲ့ ထွေးခဲ့သေးတယ်.........။


အာကာပြင်မှာလည်း
အငြိုးကြီးကြီး လျှပ်စီးနဲ့
မိုးကြိုးတွေပစ်
သံစုံဟစ်တော့ အကြောက်ပြေအောင်
ကျွန်တော့်ရင်ခွင်  ချစ်သူခိုဝင်ခဲ့သေးတယ်.....။


ဒီလို အပျော်စိတ်တွေနဲ့ ကြည်နူးနေတုန်း
ဝုန်း...ကနဲ အသံ
ကြားရပြန်တော့
အမှတ်တမဲ့ ကြည့်လိုက်မိတယ်........
အော်........ကျွန်တော် ခုတင်ပေါ်က ကျနေပါလား........။


ဆိုးလိုက်တဲ့ကံ.....
ချစ်သူနှုတ်ခမ်း အချမ်းပြေအောင်
မလုပ်နိုင်ခဲ့ဘူး...........
အိပ်မက်ထဲမှာပေါ့....။       ။

မှတ်ချက်။   ။ ကို စိုင်းမင်းညို ကဗျာလေးပါ.......။

နတ်သမီးအတွက် တစ်စုံတစ်ရာ

အလင်းည နတ်သမီး

ဖြာကျနေတဲ့ လရောင်အောက်မှာ


တစစီ လွင့်ဝေနေတဲ့

ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။

ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို

မလွတ်တမ်း ဖက်တွယ် ။

ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။


ဒီတိုက်ပွဲဟာ ငါတို့အတွက်

ဘ၀တစ်ခုဖြစ်တယ် ။

တိမ်တွေကြားမှာ စိတ္တဇတွေ

ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်

ဆောက် ကြ မယ် ။

တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။

ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး


ငိုကောင်း ငိုနေလိမ့်မယ် ။

မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့

သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်

ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့

ငါ့ကို ကြည့်နေတယ် ။

မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ

ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်

အစွမ်းအစ မရှိဘူး ။

မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို

သနားစရာ သတ္တ၀ါတစ်ကောင်လို

ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့

စီးကရက်မီးခိုးငွေ့တွေက

သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်


ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ

ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က

သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့

မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်

စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။

သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့


ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။

ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က

ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။

မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက

နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း

ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့

Rome မြို့ကြီး မီးလောင်နေတာကို

ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။

မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့

အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်


ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။

ညာဘက်လက်က ဓားကို ကိုင်ပါ ။

ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။

မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ

တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။

ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့


လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။

ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။

ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက

ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့

မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။


ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ

မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။

ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။

လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။



(မှတ်ချက်။    ။ကိုဆူးခက်မင်းရဲ့ ကဗျာလေးပါ...........။)

အသဲကွဲသစ်ပင် (သို့) ခြောက်သွေ့တော

....သခင်
တစ်ပါးသူရဲ့ ရင်ခွင်မှာ
အကြင်နာသစ်တွေနဲ့
ပလီပလာ ရယ်စရာတွေပြောပြီး
ပျော်နေရောပေါ့..................။
အတိက်က ရင်ခွင်ကိုတော့
တဆိတ်လောက် လှည့်ကြည့်ဖို့
ကောင်းပါတယ်လေ..................

အရင်က........
သခင်ပျော်ခဲ့တဲ့ ရင်ခွင်မှာ
အကြင်နာတွေ ဆိတ်သုဉ်း
အချစ်သင်ပင်တွေ ဘုံးဘုံးလဲလို့
သုဿာန်တစ်စပြင်လိုတောင်.......
.ခြောက်သွေ့နေပါပြီ ...သခင်ရယ်.........

သခင့်...အတွက်
သခင့်...လက်ချက်နဲ့
ကြေမွနေတဲ့ နှလုံးသားပြင်ပေါ်မှာ
အခုဆိုရင် ဘယ်အပင်မှ
မစိုက်ဖြစ်တော့ဘူး...........။

မှတ်ချက်။    ။ ကိုစိုင်းမင်းညို ရေးထားခြင်းပါ...........။

နင်သိပါစေ.....အမရာ........

အရင်လိုပါပဲ.......
ပြောင်းလဲနေတဲ့ နေ့ရက်ရှည်တွေကြားမှာ...
အခုထိတိုင် နှင်းငွေ့တွေ လတ်ဆက်ဆဲပါ.....
တစ်ခါက ရာသီစက်ဝန်းတို့ထဲ သတိရစိတ်ကို အစပျိုးရင်းနဲ့......
ဟော....ပြတင်းတံခါးရဲ့ အရှေ့ဘက်လွင်ပြင်ထဲ
နှင်းငယ်တွေလဲ တဖွေးဖွေးကြွေကျ.........
မေ့မရတဲ့အတိတ်ကာလမှာ နင်ဟာ အဓိက အခန်းကဏ္ဍကရှိနေခဲ့တယ်.......အမရာ......
ဟော့ဒီရင်ဘတ်ထဲကို ဘာဖြစ်လို့များ.......နင်......ဒဏ်ရာတွေထည့်ပေးချင်နေရသလဲကွယ်......

တစ်ခါက ညတွေကိုလွမ်းတယ်
ပျော်ခဲ့ဖူးသမျှ အခမ်းနားဆုံးနေ့စွဲတစ်ခုကို
ဖြစ်နိုင်ရင်လေ........နင်နဲ့ပါတ်သက်သမျှကို ရောချပြီး ရယ်မောမေ့ပစ်လိုက်ချင်တယ်........

ဒါပေမယ့်လေ......
အချစ်ဆိုတာ......မျှော်လင်ခြင်းနဲ့ မှ အသက်ဝင်မယ်ဆိုရင်
မျှော်လင့်ချက်မဲ့ ငါ့ဘ၀အတွက် အချစ်ဆိုတာ ဘယ်လိုဖွင့်ဆိုရမလဲ.........

ငါ့အလွမ်းတွေကို နင်သိနိုင်ပါ့မလား.....အမရာ...........။



Tuesday, January 3, 2012

ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်များ........(လွပ်လပ်ရေးနေ့)











ယနေ့လို..........လွပ်လပ်ရေးနေ့တွင်
တိုင်းပြည်လွပ်လပ်ရေးရရန် အသက်စွန့်ကြိုးပမ်းခဲ့ကြသော ...........
အာဇာနည်ကိုးဦးအား ဂုဏ်ပြုကန်တော့ကြပါစို့...........................။


ဗိုလ်ချုပ်အောင်ဆန်း.........

       




 

Monday, January 2, 2012

အဟောင်းကအတိတ်....

စိတ်အတောင်ဖြန့်ရင်း
အတ္တကင်းရာသို့
မျက်ရည်စွန်းတဲ့အနမ်းတွေကို ခွာချထားခဲ့ချင်တယ်....

သံယောဇဉ်ဒီနွံထဲ..
ရဲရဲတောက်ကူးခတ်တုန်း
ကျွံကျခဲ့တဲ့ ငါ့ဘ၀ကို ဘယ်သူက
ထပ်တူပြုနာကျင်နိုင်မှာလဲ................

ရဲဝံ့တယ်ဆိုပေမယ့်
ချစ်သူနှုတ်ခမ်းက အမုန်းစကားထွက်ကျမှာကို
အကြောက်ခဲ့ဆုံးပဲ..........

အိပ်မက်တွေထဲပြောင်းပြန်စီးဆင်းရင်း
ညတွေထဲ တိုးတိုးဝင်ဝင်နက်လာခဲ့......

နာကျင်ဆဲ အဟောင်းကအတိတ်ရဲ့
အရိပ်တွေဟာ
အိပ်မရတဲ့ညတွေနဲ့
မျက်ရည်တွေအတွက်
အဖော်ပြုပေးနေလေတယ်............။

အဖြူရောင်မုသားသစ္စာ......

ဂန္တ၀င်ကဗျာတစ်ပုဒ်ကို
တစ်စုံသော ငါ့ဝိညာဉ် ပူးကပ်ရင်း
အသက်မဲ့ အဆက်ဆက်သော စကားတွေနဲ့
သူ့ရဲ့....မြေမြှုပ်မိုင်းတစ်လုံးကို
ရင်အုံထွင်းပစ်ခွင်းခံဖို့အထိ
စဉ်အဆက်ဆက် .....အဘယ်ပန္နက်ရဲ့
ရေဆက်ကြောင့်
မုသားသစ္စာဖြူတွေ တောင်းဆုခြွေခဲ့ကြအံ့..........။

မမျှော်လင့်သော မျှော်လင့်ခြင်းမှာ
အကြွေပန်းတို့လဲ ဝေနေသလို...
တစ်ခုသော တစ်ခဏနဲ့ပဲ
ငါဟာ....ငါ မဟုတ်တော့သလိုပဲ
တိမ်စိုင်တွေလဲ ပျယ်ပျက်သွားကြတယ်........

အချစ်ဆိုတာ မှင်မရှိတဲ့ ဘောပင်တစ်ချောင်းဆိုရင်
ငါ့အလွမ်း စာမျက်နှာမှာ အဲ့အလွမ်းဆိုတဲ့အရာ.......
ဘယ်ထင်ကျန်ရစ်ခဲ့ပါ့မလဲ.....

အဲ့ဒီလိုနဲ့ပဲ
ငါ့မုသားတွေ ဆွတ်ဆွတ်ဖြူခဲ့တာ
အိပ်မက်မြူတွေအထိေ၀၀ါးရင်း
ငါ....ဟာ.....ငါ ပြန်ဖြစ်လာခဲ့တဲ့အချိန်မှာပဲ
င့ါမျက်ဝန်းထဲ.........
အပြာရောင် အလွမ်းမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားတယ်.................
.......ရင်အုံထဲ
ပူကနဲ..........မျက်ရည်တွေလဲ ......စိုကနဲ....................။

commemt များ

Recent Comments Widget