welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Saturday, August 11, 2012

ဝင်းဒိုးXP ကို ၀င်းဒိုးမြန်မာပြောင်းသုံးကြည့်ရအောင်


 
Windows XPသုံးတဲ့ သူငယ်ချင်းများအတွက် ဒီဆော့ဝဲလ် လေး ကို အင်စတော ( install ) လုပ်လိုက်တာနဲ့
window system ရဲ့ တော်တော်များများဟာ မြန်မာ language ပြောင်းသွားပါတယ်။
သုံးကြည့်ချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ...။(မှတ်ချက်။  ။ ဒါဟာ Windows XP အတွက်သာ)
Password ကတော့>>> ayelwin ဖြစ်ပါတယ်။


 


http://www.edinooyin.com/profiles/blogs/0xp-0 မှ ပြန်လည်မျှဝေပါသည်။

Virus အကြောင်းသိကောင်းစရာ

                                                           


About Virus Value

Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)

ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။ ကကကွန် mail box မှာ ဗိုင်းစ်ရပ် အကြောင်းမေးလွန်းအား ကြီးလွန်း လို့ စာဖတ်ပြီး ပြောပြပေးတာပေါ့ဗျာ။ ကျွန်တော့်ဌာနက ဆရာကြီးတွေ၊ ကျွန်တော် ဗိုလ်ကြီးတွေ ဆီလဲ နဲနဲပါးပါး မေးမြန်းပြီး သိသလောက်ပြောပြ ပေးလိုက်တယ် General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm
worm ဆိုတာက virus နဲ့ဆင်တူအောင် ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

About Virus (No-2)

ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်.အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ
၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။
မူရင်းရေးသားသူရဲ့လင့်လေးကတော့ဒီနေရာမှာပါ

Virus အန္တရာယ်ကင်းဝေးစေရန်

                                                              
ကွန်ပျူတာအတွင်းကို Virus တွေဝင်ရောက်ရာ၌ Virus အစစ်တင်မဟုတ်ပဲ Fake Virus ဟု ခေါ်ဆိုနိုင်သည့် Virus အတုများလည်းဝင်ရောက်နိုင်ပါသည်။ ထို Virus အတုများသည် ကွန်ပျူတာအ တွင်းဝင်ရောက်ပြီဆိုပါက ကွန်ပျူတာ System ကိုဆိုးရွားစွာထိခိုက်စေခြင်းမရှိသော်လည်း Virus ၀င် ရောက်နေကြောင်း Message များပေးပို့ပြီး အဆိုပါ Virus ကိုရှင်းလင်းနိုင်ရန် Software အသုံးပြုခအ တွက် ပိုက်ဆံများတောင်းယူတတ်ပါသည်။ အဆိုပါ Software များမှာလည်း တရားဝင် Software များ မဟုတ်ပဲ Hackaer များမှ ပြုလုပ်ထားသည့် Software များသာဖြစ်ပါသည်။ အဆိုပါ Software များကို အသုံးပြုရန်အတွက် ကွန်ပျူတာအသုံးပြုသူများကိုလှည့်စားပြီး Download ချခိုင်းစေပါသည်။ ထို Software များကို Install ပြုလုပ်ပြီး ကွန်ပျူတာကို Scan ပြုလုပ်သည့်အခါ Virus များစွာရှိနေ ကြောင်းဖော်ပြပြီး အဆိုပါ Virus ကိုရှင်းလင်းလိုပါက Software ကို Full Version အဖြစ်အသုံးပြုရန် Register လုပ်ခိုင်းပြီး ပိုက်ဆံကိုတောင်းယူတတ်သည်မှာ Fake Virus များ၏သဘောပင်ဖြစ်ပါသည်။ အောက်ဖော်ပြပါ Software များကတော့ Hacker များပြုလုပ်ထားသည့်
တရားမ၀င် Software အချို့ ပင်ဖြစ်ပါသည်။ အဆိုပါ Software များကို Install မပြုလုပ်ရန် သတိထားသည့်ပါသည်။
  • XP Antispyware
  • XP Antispyware 2011
  • XP Anti-Virus
  • XP Anti-Virus 2011
  • XP Total Security
  • XP Total Security 2011
  • XP Security
  • XP Security 2011
  • XP Internet Security
  • XP Internet Security 2011
  • XP Antimalware
  • XP Antimalware 2011
  • XP Guard
  • XP Home Security 2011
ကွန်ပျူတာတွင် Antivirus သို့မဟုတ် Internet Security Software တစ်ခုခုကို Instal ပြုလုပ် ထားသင့်ပါသည်။ သတိပြုရန်မှာ Antivirus သို့မဟုတ် Internet Security Software ကိုတစ်ခုထက် ပို၍ Install မပြုလုပ်သင့်ပါ။ တစ်ခုထက်ပို၍ Install ပြုလုပ်အသုံးပြုပါက ကွန်ပျူတာ System ကို ထိ ခိုက်စေနိုင်ပါသည်။ Antivirus ထက် Internet Security ကိုအသုံးပြုခြင်းက ပိုမိုကောင်းမွန်ပါသည်။ ဆိုလိုသည်မှာ Kaspersky Antivirus ထက် Kaspersky Internet Security ကပို၍ ကောင်းမွန်သည် ဟုပြောဆိုခြင်းဖြစ်ပါသည်။ မည်သည့် Software ကိုအသုံးပြုမည်ဆိုသည်ကို မိမိတို့အဆင်ပြေသည် နှင့်ရွေးချယ်အသုံးပြုရပါမည်။ Internet အခက်အခဲကြောင့် Antivirus သို့မဟုတ် Internet Security Software များ Update မဖြစ်သော်လည်း ထို Software များကိုဆက်လက်အသုံးပြုသင့်ပါသည်။ Update မဖြစ်၍ Virus အသစ်များကိုမကာကွယ်နိုင်သော်လည်း ၄င်း၏ Database အတွင်းရှိမှတ်သား ထားသည့် Virus များကိုမူကာကွယ်နိုင်စွမ်းရှိပါသည်။ Antivirus သို့မဟုတ် Internet Security Software များကိုတစ်ခုထက်ပို၍ မသုံးစွဲသင့်သော်လည်း အခြား Malware၊ Spyware၊ USB Protect Software များနှင့်မူ တွဲစပ်၍အသုံးပြုနိုင်ပါသည်။
ကွန်ပျူတာအတွင်း Virus ၀င်ရောက်ကူးစက်မှုအ များဆုံးဖြစ်သည့် Internet အသုံးပြုမှုနှင့် Flash Drive များအသုံးပြုမှုကို သတိနှင့်ကာကွယ်ရန်လို အပ်ပါသည်။ Internet အသုံးပြုရာတွင် မိမိသေချာမသိရှိသည့် Website များသို့ဝင်ရောက်ရာတွင် အဆိုပါ Website များမှ Link များကို Click ခြင်းမပြုမီ သေချာစွာကြည့်ရှုသင့်ပါသည်။ အသုံးပြုသူများကို စွဲဆောင်ထားသည့် Link များသည် Virus ကူးစက်ရန်အတွက် အလွယ်ကူဆုံးပင်ဖြစ်ပါသည်။ USB များမှ Virus ကူးစက်ခြင်းကို ကာကွယ် ရန်အတွက် ကွန်ပျူတာတွင် Auto run ကိုပိတ်ထားရန်လိုအပ်ပါသည်။ Auto run ကိုပိတ်ထားရန်အ တွက် Run တွင် regedit ကိုရိုက်၍ Registry Editor သို့ဝင်ရောက်ရပါမည်။ Registry Editor သို့ ရောက်ရှိပါက HKEY_LOCAL_MACHINE\ SYSTEM\ CurrentControlSet\ Services\ Cdrom သို့ အဆင့်ဆင့်ဝင်ရောက်ကာ Cdrom ကိုClick ၍ ညာဘက်ရှိ AutoRun ကို Right Click နှိပ်၍ Modify သို့ ၀င်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Value Data တွင် 1 အစား 0 ဟုပြောင်းလဲပေး၍ ကွန်ပျူတာကို Restart ပေးကာ AutoRun ကို ပိတ်ထားနိုင်ပါသည်။



ထို့နောက် Group Policy အတွင်းရှိ Autorun ကိုပိတ်ရပါမည်။ Run တွင် gpedit.msc ဟုရိုက်၍ Group Policy သို့ဝင်ရောက်ရပါမည်။ ထို့နောက် Computer Configuration\ Administrative Templates\ All Setings ကို Click ၍ ညာဘက်ရှိ Turn off Autoplay ကို Right Click မှတစ်ဆင့် Editor သို့ဝင်ရောက်ရပါမည်။


ထို့နောက် Turnoff Auto Play Box တွင် Disable ကိုရွေးချယ်ပေး၍ OK ပေးရပါမည်။ ထို့အတူပင် User Configuration\ Administrative Templates\ All Setings ကို Click ၍ ညာဘက်ရှိ Turn off Autoplay ကို Right Click မှတစ်ဆင့် Editor သို့ဝင်ရောက်ကာ အထက်ပါအတိုင်း Auto run ကို Disable ပေးရပါမည်။ ထိုသို့ကွန်ပျူတာ Auto run ကို ပိတ်ထားရခြင်းမှာ Flash Drive များ ကွန်ပျူတာတွင် တပ်ဆင်ရာ၌ Virus များအလိုအလျောက်ကူးစက်ခြင်းကိုကာကွယ်ရန်အတွက်ဖြစ်ပါ သည်။ Virus အများစုသည် ကွန်ပျူတာ System ၏ Autoplay Function ကိုအသုံးချကာ ကူးစက်ပျံ့ ပွှားစေသောကြောင့်ဖြစ်ပါသည်။ Flash Drive များတပ်ဆင်အသုံးပြုရာတွင်လည်း Flash Drive များ အတွင်းသို့ Click နှိပ်၍တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခြင်းမျိုးထက် My Computer ကိုဖွင့်ပြီး View Menu တွင် Explore ကို Folder ဟု ရွေးချယ်ပေးမည်ဆိုပါက TreeView Panel ပေါ်လာမည်ဖြစ်ပါသည်။ TreeView Panel မှတစ်ဆင့် Single Click  ဖြင့်တစ်ဆင့်ခြင်း  ၀င်ရောက်ခြင်းသည် Flash Drive အတွင်းရှိ Virus များကို Click မိခြင်းကြောင့် ကူးစက်ခြင်းကိုကာကွယ်စေနိုင်ပါသည်။ ထို့အတူပင် မိမိတို့၏ Memory Stick ထဲတွင် autorun.inf ဖိုင်တစ်ခုကြိုတင်ဆောက်ထားပြီး အဆိုပါ autorun.inf ဖိုင်ကို Read Only ပေးထားမည်ဆိုပါက ဗိုင်းရပ်စ်ရှိသည့် စက်၌တပ်ဆင်အသုံးပြုရာတွင် ကွန်ပျူတာအတွင်းမှဗိုင်းရပ်စ်သည် Memory Stick သို့ ကူးစက်သွားသော်လည်း autorun.inf ဖိုင်ရှိပြီးသားဖြစ်နေသည့်အတွက် အဆိုပါ Memory Stick ကို အခြား ကွန်ပျူတာတွင်တပ်ပြီး အသုံးပြုမည်ဆိုပါက ဗိုင်းရပ်စ်သည်ကူးစက်ပျံ့ပွှားမည်မဟုတ်ပါ။ ထို့ကြောင့်  Memory Stick များဖြင့် Virus များကူးစက်ခြင်းကို အတန်အသင့်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Memory Stick အတွင်း Autorun.inf ပြုလုပ်ထားရန်အတွင် notepad ကိုဖွင့်၍မည်သို့မျှရေးသားခြင်းမပြုပဲ Stick ထဲမှာ autorun.inf အမည်ပေး၍သိမ်းဆည်းရပါမည်။ ထိုဖိုင်ပေါ်တွင် right click နှိပ်ကာ properties သို့ဝင်ရောက်၍ Read-Only ကိုရွေးချယ်ကာ Autorun.inf ဖိုင်ကိုတည်ဆောက်ထားနိုင်ပါသည်။
          ထိုသို့ကာကွယ်မှုများပြုလုပ်ထားသည့်အပြင် USB Disk Security ကဲ့သို့ Software များကို အသုံးပြု သင့်ပါသည်။ Antivires Software များနှင့်တွဲဖက်အသုံးပြုနိုင်ပြီး USB Drive များမှ Virus များကို အဓိကထား ကာကွယ်ပေးပါသည်။ USB Disk Security Software ကို အောက်ဖော်ပြပါ Link တွင် Download ချနိုင်ပြီး Full Version အဖြစ်အသုံးပြုနိုင်ရန် Serial Key ပါရှိပါသည်။ ပထမဦးစွာ Software ကို Install ပြုလုပ်ပေးရပါ မည်။ ထို့နောက် Full Version အဖြစ်အသုံးပြုရန် Serial Key ထည့်သွင်းပေးရပါမည်။ Information မှ License Status ရှိ Register ကို Click ၍ Name တွင် နှစ်သက်ရာအမည်ကိုထည့်သွင်းကာ Serial Key တွင် Notepad အတွင်းရှိ Serial Key ကိုထည့်သွင်း၍ OK ပေးပြီးနောက် Full Version အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါ သည်။ အသုံးပြုရန်မှာ USB Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်လိုက်သည်နှင့် အဆိုပါ USB Drive အတွင်းရှိ Virus များကို စစ်ဆေး၍ရှင်းလင်းပေးသွားမည်ဖြစ်ပါသည်။


Download ချရန်

ထိုသို့ကာကွယ်မှုများပြုလုပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာအတွင်း ၀င်ရောက်ကူးစက်နေသည့် Malware၊ Spyware၊ Ttojan အစရှိသည်တို့ကို ရှင်းလင်းရန်အတွက် Antivirus Software များနှင့်တွဲစပ်၍အသုံးပြုနိုင်သည့် Malware Cleaner Software များကိုအသုံးပြုနိုင်ပါသည်။ ကွန်ပျူ တာအတွင်းရှိ Malware၊ Spyware၊ Ttojan အစရှိသည်တို့ကို ရှင်းလင်းရန်အတွက် Malwarebytes Anti Malware ကိုအသုံးပြုနိုင်ပါသည်။ Full Versin အဖြစ်အသုံးပြုနိုင်ရန်အတွက် Serial Key ပါရှိပါသည်။ အောက် ဖော်ပြပါ Link တွင် Download ချရန် Install ပြုလုပ်ပေးရပါမည်။ Install ပြုလုပ်ပြီးနောက် Serial Key ထည့် သွင်းရန်အတွက် Register ကို Click ရပါမည်။


ထို့နောက် ID နှင့် Keys များကိုထည့်သွင်း၍ Register ပြုလုပ်ပြီးနောက် Full Version အဖြစ်အသုံးပြု နိုင်ပြီဖြစ်ပါသည်။Register ပြုလုပ်ပြီးပါက ကွန်ပျူတာကို Scan ပြုလုပ်ပေးရပါမည်။ Scanner တွင် Perform Quick၊ Perform Full Scan စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါသည်။ ထို့နောက်ကွန်ပျူတာအတွင်းပျံ့နှံ့နေသည့် Malware၊ Trojan၊ Spyware အစရှိသည်တို့ကို ရှင်းလင်းနိုင်ပါသည်။ Protection တွင် ကွန်ပျူတာစတင်ဖွင့် သည်နှင့် အလုပ်လုပ်ခြင်း၊ Update ပြုလုပ်ခြင်း အစရှိသည်တို့ကို မိမိတို့စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲ အသုံးပြု နိုင်ပါသည်။


Download ချရန်

ကွန်ပျူတာနှင့် Virus မှာခွဲခြားမရနိုင်ပေ။ ကွန်ပျူတာအသုံးပြုရာတွင် Virus ကင်းစင်စွာဖြင့်အသုံးပြု နိုင်ရေးအတွက် အထက်ပါကာကွယ်မှုများအပြင် သုံးစွဲသူကိုယ်တိုင်က သတိနှင့်သုံးစွဲရန်လိုအပ်ပါသည်။ ကွန်ပျူတာကို Virus ကင်းစင်စွာဖြင့် အသုံးပြုနိုင်ရေးအတွက် ရေးသားတင်ပြလိုက်ပါသည်။ သူငယ်ချင်းများအားလုံး Virus အန္တရာယ်မှကင်းဝေးပါစေခင်ဗျာ။ အားလုံးအဆင်ပြေကြပါစေ။

Windows Password Unlocker


Windows Password ကို ဘယ်လို unlock လုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
၁။    အရင်ဆုံး Windows Password Unlocker ကို  ဒေါင်းလုပ်ယူလိုက်ပါ။

၂။    အဲဒီ ဒေါင်းလုပ်ယူထားတဲ့ ဖိုင်ကို double click လုပ်ပြီး run လိုက်ရင် iso (image) ဖိုင်လေး    ရလာပါလိမ့်မယ်။

၃။    အဲဒီ iso (image) ဖိုင်လေးကို Burning software တစ်ခုခုကိုသုံးပြီး CD နဲ့ burn လိုက်ပါ။
၎။    ပြီးရင် Burn ထားတဲ့ CD ကို Windows Password ဖြုတ်ချင်တဲ့ကွန်ပျူတာမှာထည့်ပြီး reboot လုပ်လိုက်ပါ (Windows Installation အတိုင်း)။ 

၅။    အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ မိမိ reset လုပ်ချင်တဲ့ account အမျိုးအစားကိုရွေးပြီး reset လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

commemt များ

Recent Comments Widget