welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Monday, June 10, 2013

Zombie Evil v1.08 (ready hack money)!!!

သရဲတွေကိုလက်နက်တွေဝယ်ပြီးဖြိုခွင်းရတဲ့ဂိမ်းလေးပါ…..အက်ရှင်ဂိမ်းလေးပေါ့.. ပိုက်ပိုက်ခိုးပြီးသားဆိုတော့အမှန်ကန်ဆွဲလို့ ရပြီပေါ့……………….

972003_382726455167323_1271762359_n

14 kind of classical firearms! Enjoy the headshot and pleasure of crushing! Wipe out the walking dead! Turn them into ashes!
Variety of 6 kinds of Guards! 5 kinds of skills! Multiple upgrade options! Hurry, use them well to save your brains from zombies!
3 world maps! 21 classic scenes! 126 levels! Sweep everything in the chaos of time and space
21 unprecedented evil zombies! Pick up your heavy weapon to break them into pieces!
Thrilling tough BOSS battles! More challenges and better rewards for your to conquer!
Completely free! Endless free gold and level clearance rewards will make you heartily enjoy the game without paying anything!

App Screenshots

2 3
4
 

Zombie Evil ဂိမ်းအားဒီမှာဒေါင်းပါ

သူငယ်ချင်းတို့ကို ပြန်လည်မျှဝေချင်သော စိတ်ဖြင့်သာ ကူးယူဖော်ပြခြင်းပါ--တစ်ဆင့်ပြန်လည် share ခြင်းသာဖြစ်ပါတယ်ခင်ဗျာ--မူရင်းတင်ပေးသူလင့်လေးကတော့  ဒီနေရာလေးပါ

Pou_v1.3.2 (ready hack money)!!!

ဖုန်းထဲမှာအကောင်လေးတွေမွေးချင်သူတွေအတွက်ပါ
ဗားရှင်းဟောင်းလေးပါ ဒါပေမယ့် ပိုက်ပိုက်ခိုးပြီးသားဆိုတော့
ကိုယ်စိတ်ကြိုက်ဆော့နိုင်ပြီပေါ့ .. :D

602339_382704211836214_2004901380_n
* Feed and take care of Pou, and watch it grow!
* Play Games in the Game Room and collect Coins!
* Experiment with Potions at the Lab!
* Customize Pou’s appearance!
* Try out new Outfits, Hats and Eyeglasses!
* Customize each room’s Wallpaper!
* Unlock Achievements and Special items!
* Visit and play with your friends!
* Talk to Pou and listen back!

App Screenshots

2 3
4 5
6 7
 
Pou ဂိမ်းအားဒီနေရာမှာကလစ်ပြီးဒေါင်းယူပါ

ဒါလေးကတော့ မူရင်းတင်သူလင့်လေးပါ

တဆင့်ပြန်လည် ကူးယူ ဖောက်သည်ချလိုက်ပါတယ်ဗျာ--အားလုံးအဆင်ပြေကြပါစေ--


Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3



Android ဖုန်းအားလုံးအတွက် Activation code မရတဲ့ ၊ code တောင်းရတဲ့ ဒုက္ခတွေကနေကင်းဝေးစေမယ့် Activation Code ဖြည့်စရာမလိုတဲ့ Viber v3.0.1.3 ကိုတင်ပေးလိုက်ပါတယ်။ Code သီးသန့်တောင်းစရာမလိုတော့တဲ့အတွက်တော်တော်လေးအဆင်ပြေကြမှာပါ။ အခု Viber ဆော့ဝဲထဲမှာ မိမိတို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူ့ဘာသာသူ code ဖြည့်ပြီး activate ဖြစ်သွားမှာပါ။ ဆော့ဝဲသွင်း ဖုန်းနံပါတ်ရိုက်ပြီးအသင့်သုံးရုံပါပဲ။ ကြိုက်တယ်ဆိုရင်အောက်က link မှာရယူနိုင်ပါတယ်။
ဒေါင်းလုပ်လင့်များး
Viber v3.0.1.3 for Android (Download 1)
Viber v3.0.1.3 for Android (Download 2)




ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း


တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက် တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။

ဒီနေရာမှာ ဒေါင်းလုပ်ဆွဲရန် ကလစ်နှိပ်ပါ


၂။ ပြီးတော tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်းမကြီးတဲ့အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ်ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြုရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့်နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါတယ်။
ဒီတော့  အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
---
Credit : http://blog.techspace.com.mm
ဒီနေရာလေးက မူရင်းလင့်ပါ

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ သိစေဖို့





မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။

အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သူဝင်ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Credit : http://blog.techspace.com.mm
ဒီနေရာလေးက ကူးယူဖော်ပြပေးတာပါ

Facebook Friend တွေထဲမှာ ကိုယ့်ကို ဘယ်သူ block ထားသလဲသိရအောင်



Facebook ပေါ်မှာက ကိုယ့်ကို ဘယ်သူက Block ထားလဲ၊ Unfriend လုပ်ထားလဲ ဆိုတာ လူတိုင်း သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီအတွက် သိနိုင်မယ့် နည်းလမ်း ရှိပါတယ်။

Facebook ကတော့ အဲ့လို သိနိုင်တဲ့ အခွင့်အလမ်းမပေးပါဘူး။ ပေါ်လစီ အရ ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် App ထွင်သူ developer များကလည်း နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားပါတယ်။ အလွယ်ဆုံး နည်းကို တော်တော်များများ သတိမထားမိချိန် App တစ်ခုကတော့ လုပ်လိုက်ပါတယ်။ ဒါကတော့ ကိုယ့်မှာ ရှိတဲ့ Friend အရေအတွက်နဲ့ အဝင်အထွက်ကို မှတ်သားပေးတဲ့ App ဖြစ်ပါတယ်။ Who is hidding there အမည်ရ App ဖြစ်ပါတယ်။

စသုံးတုန်းကတော့ ခပ်လှန့်လှန့်နဲ့ စမ်းကြည့်လိုက်ပါတယ်။ သင့်ကို Block လုပ် ထားသူ၊ Unfriend လုပ်ထားသူ၊ Delete လုပ်ထားသူ မရှိဘူးလို့ ပြော ပါတယ်။ ပထမဆုံးအကြိမ် အသုံးပြုသူအတွက်ကတော့ ကြိမ်းသေအသုံးဝင် မဝင် မသေချာပါဘူး။

ဒီတော့ နောက်တစ်ကြိမ်အသုံးပြုမှ ရပါမယ်။ အဓိကကတော့ App နဲ့ ထိတွေ့ ပေးဖို့ ဖြစ်ပါတယ်။ဒီတော့ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။

၁။ http://who.deleted.me/ ယင်းဆိုဒ်သို့ ဝင်ပါ။

၂။ ဘယ်ဘက်မှ Login with Facebook ကို နှိပ်ရပါမယ်။

၃။ Go to App ကိုနှိပ်ပြီး သာမန် App သုံးတဲ့အတိုင်းမေးပါလိမ့်မယ်။ Allow လို့ဖြေပေးရင် ရပါပြီ။

၎။ ဒါဆို ကိုယ်ဝင်ထားတဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်ကို ဘယ်သူတွေ Block ထားလဲ ဆိုတာ ပေါ်သွားပါပြီ။

ဒီမှာ ပထမဆုံးအကြိမ်အသုံးပြုသူများအနေနဲ့ No one delete you / No one unfriend you on faceobok. ဆိုတာမျိုးပေါ်လာတတ်ပါတယ်။

ကိစ္စမရှိပါဘူး။ နောက်နေ့မှာ ယင်း App ကိုပြန်ဝင်ကြည့်ရင် Block လုပ်ထားသူများ၊ Unfriend လုပ်ထားသူများကို မြင်တွေ့နိုင်ပါပြီ။ ရက်များများခြားလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ယင်း App နဲ့ ကိုယ့် အကောင့်နဲ့ ရင်းနှီးသွားစေဖို့ ဖြစ်ပါတယ်။ ဒါမှ သူ analyst လုပ်ပေးဖို့ ဖြစ်ပါတယ်။

အားလုံးတော့ တွေ့ရပုံမပေါ်ပါဘူး။ အကြောင့်အမျိုးမျိုးကြောင့် အကောင့် ဖျက်လိုက်သူတွေ၊ ကိုယ့်ကို Unfriend လုပ်သူတွေကို စာရေးသူ တကယ် မြင်တွေ့လိုက်ပါတယ်။ ကိုယ့်ကို Unfriend မလုပ်ပေမယ့် Friend list မှာ ရှိပေမယ့် လုံးဝ ဝင်မကြည့်ဖြစ်သူ၊ သတိမထားမိသူ တစ်ယောက်ကိုလည်း ဖော်ပြပေးပါတယ်။

အကောင့် လုံခြုံရေးအတွက် App ကိုပထမအကြိမ်သုံးပြီးရင် Account setting မှာ ပြန်ဝင်ဖျက်ထားရပါမယ်။ နောက်တစ်ကြိမ် အသုံးပြုမှ ပြန်ဝင်လည်း ရပါတယ်။

စာဖတ်သူတို့ စမ်းကြည့်လို့အဆင်ပြေမယ်လို့ ယူဆပါတယ်။

Credit : http://blog.techspace.com.mm

ဒီနေရာလေးက ကူးယူဖော်ပြပေးပါတယ်--

commemt များ

Recent Comments Widget