welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Wednesday, February 8, 2012

အသဲကွဲ valentine

အလဲအကွဲ...ထိုးနှက်မယ့် စကားလုံးတွေအောက်မှာ
ငါ့ကမ္ဘာတစ်ခုလုံး ပျောက်ရှကြေမွသွားတယ်...
ကောက်ရစရာတောင် မရှိတော့လောက်အောင်
နှလုံးသားတစ်ခုလုံး ကြွေကျ
မနေ့ညက ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက်ကို
ဘယ်သူကများ မျက်ရည်တွေအတွက်
အားပေးအားမြောက်ဖြစ်စေလိမ့်မယ်လို့
ထင်မိမှာလဲ.........

ယုံကြည်ရာတွေပျက်သုဉ်း
တစ်သက်လုံးမကတောင် နှောင့်ယှက်နေမယ့်
ငါ့စိတ်အလျင်မှာ...
နင်ဟာ...အောင်နိုင်သူအပြုံးတွေနဲ့.....
နင့်အချစ်တွေအောက် ဒူးထောက်ကျရှုံးသူတစ်ယောက်ကို
လှောင်ရယ်နေနိုင်ရက်မလား......

စိတ်ကူးချိုချိုနဲ့ ရူးခဲ့ရတဲ့
ငါ့ရဲ့ valentine မှာ
ငါ့ဘေးနား နင်မရှိခဲ့ပေမယ့်
ငါ့နားက ထွက်သွားတဲ့ နင့်အရိပ်လေးဟာ...
ငါ့အတွက် လက်ကျန်အိပ်မက်ဆိုးပဲ ဖြစ်စေဦး...
တစ်သက်လုံး သိမ်းဆည်း မျှော်လင့်နေဦးမယ်.............။

No comments:

Post a Comment

မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့

commemt များ

Recent Comments Widget