welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Sunday, June 3, 2012

ခြုံတောင် မလုံတဲ့ လိပ်ပြာ


ခဏခဏ မက်တဲ့ အိပ်မက်တွေကြား
သက်ပြင်းတွေခိုးရှိုက်ဖြစ်ရင်း
ဘ၀မှာ တစ်ဦးသောသူ့ကို သစ္စာများ ဖောက်မိလေမလားလို့
ကိုယ့်လိပ်ပြာခြုံ လုံအောင်မဖုံးနိုင်ခဲ့ဘူး-----------
အဆုံးစွန်ထိ ပေးဆပ်ခဲ့သူ---ပေးဆပ်ရဲသူ
သူဟာ--ကျွန်တော့်ရဲ့ အလင်းနတ်သမီးပါ----။

မကောင်းမှန်းသိပေမယ့်
မာယာတွေနဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့
အရိပ်ကို လွှမ်းခြုံမိသူ---
အဲ့ခဏမှာ ဘ၀ရဲ့ နိဗာန်ဘုံတစ်ခုပျောက်ဆုံးခဲ့သလိုမျိုး
သူ့မျက်နှာကိုတောင် ရဲရဲရင်မဆိုင်ဝံ့ခဲ့ဘူး----။
အရိုးဆုံးပြောရရင် အချစ်သစ်ကိုလှိုက်ခုန်ချင်သေးတဲ့
ကျွန်တော့ရင်ဘတ်ကို မျက်လုံးစုံမှိတ် အိပ်ခိုင်းဖို့
တပ်မက်စိတ်ကို လုံးချေမွှပြီး လွှင့်ပစ်လိုက်တယ်--------။

သူသာ ကျွန်တော့်ရဲ့ အလင်းတန်းအစစ်ပါလားဆိုတဲ့ အသိနောက်
ကျန်နေသေးတဲ့ သက်တမ်းနဲ့ထပ်တူ
တစ်ဘ၀လုံးအတွက် သူသာ လက်တွဲဖို့အဖြစ်ဆုံးသူဆိုတာ သေချာသွားတယ်----------။

No comments:

Post a Comment

မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့

commemt များ

Recent Comments Widget