welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Sunday, July 15, 2012

ရင်ကွဲကဗျာ


နတ်ဆိုးရဲ့ အမုန်းနဲ့ရေးတဲ့
အငြှိုးတွေကြားမှာ--
အမှန်တရားဟာ အမှားတစ်ရန်ဖြစ်သွားခဲ့လို့
လက်တစ်ဆုပ်စာ မျှော်လင့်ခြင်းတွေနဲ့
ငါ့ညတွေထဲ မျက်ရည်စတွေဝေ့သီရင်း------------
အလွမ်းဇာတ်ကို တခမ်းတနားထုတ်ပြခဲ့ဖူးတယ်------
ကတိတွေအထပ်ထပ်နဲ့
သစ္စာရောင် ပေပုရပိုဒ်မှာ
အလွမ်းတံဆိပ်ခပ်နှိပ်ခဲ့ဖူးကြပေမယ့်လဲ
တိတ်တဆိတ်ဝင်ရောက်လာတဲ့
လွဲနေတဲ့ နားလည်မှုတွေကြားက
သံတူကြောင်းကွဲ အသည်းကွဲသီချင်းတစ်ပုဒ်ကိုထုတ်ဆိုရင်း
မနေ့ကအတိတ်တွေ ဒီနေ့အဆိပ်တက်ဖို့
ဝင်ရိုးစွန်းအိပ်မက်တွေနဲ့ ရင်ကွဲကဗျာတွေကာရံလှပနေခဲ့တယ်-------။

No comments:

Post a Comment

မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့

commemt များ

Recent Comments Widget