welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Saturday, January 5, 2013

အမရာသို့ ကဗျာတစ်ပုဒ်-

အမရာ--
ငါဟာ--အရာရာကို ပုံချဖို့အတွက်
ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုး
ငါ့အပြစ်တွေကို ဟန်လုပ်ရင်း
ကံကို ပုံချဖို့ ကြိုးစားချင်နေခဲ့သူပါ-----
နင်မရှိတဲ့အချိန်တွေမှာ အလွမ်းဒဏ်တွေကို လူးလှိမ့်ခံနေရင်း
နင့်နေရာကို ခဏအစားထိုးကြည့်ခဲ့ဖူးတဲ့
ငါလိုကောင်ရဲ့ သစ္စာမဲ့တဲ့နှုတ်ခမ်းမှာ
မုသားတွေလဲ ထပ်တလဲလဲ--------------
အက်ကွဲတုန်ရီနေလောက်အောင် တနုံ့နုံ့နဲ့
နောင်တတရားက နှလုံးသားဝိညာဉ်ကို
လောင်မီးမြှိုက်လေနေရဲ့-------
မှားကျွံမိတဲ့ ခြေလှမ်းကို ပြန်နှုတ်ဖို့
ကိုယ့်စိတ်ကို ဆုတ်ဖြဲပြီး
တံဆိပ်ကပ်လိုက်တယ်----
သစ္စာမရှိတဲ့ကောင်လို့------
ကိုယ့်အပြစ်ကို--ကိုယ်တိုင် ဒဏ်ခတ်ဖို့ အားတင်းရင်း
နင်ကတော့ ချစ်သူပီသစွာ လက်လှမ်းကြိုနေပေမယ့်လေ
ငိုငိုချင်နေတဲ့ ငါ့မျက်ရည်တွေကိုထိန်းရင်း
တိတ်တဆိတ် ငါ့ဝိညာဉ်ကို ကိုယ်ရောင်ဖျောက်သွားတော့မယ်ဟာ
ခွင့်မလွှတ်နဲ့--ခွင့်မလွှတ်နဲ့တော့ အမရာ---
ငါဟာ---နင့်အချစ်ကို စော်ကားခဲ့သူတစ်ယောက်ပါကွယ်----------

No comments:

Post a Comment

မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့

commemt များ

Recent Comments Widget