welcome

welcome from www.loverlip.blogspot.com

ချစ်သူ့နှုတ်ခမ်း၏ နှုတ်ခွန်းဆက်ခြင်းလေးပါ.....

ချစ်သူ့နှုတ်ခမ်းမှ ချစ်သူတိုင်းအား ကြိုဆိုနေပါ၏၊ ချစ်သူတိုင်း ...... ပျော်ရွှင်နိုင်ပါစေလို့ တောင်းဆုများလဲ ပြုပါရစေ...။ ယခုတွေ့မြင်ရသော ကျွနှ်ုပ်၏ ချစ်သူနှုတ်ခမ်းမှ အရာများကား ... အခမ်းနားဆုံး မဟုတ်ခဲ့တောင်လာလည်သူဧည့်သည်တိုင်းအတွက်.... စိတ်ကျေနပ်နှစ်သိမ့်စေနိုင်ရင်ပဲ ကျေနပ်ပါတယ် .. ။ စိတ် ... ကျေနပ်နှစ်သိမ့်စေနိုင်ဖို့လဲ......အမြဲကြိုးစားလျက်ပါလို့ဝန်ခံရင်း အကယ်၍များ မိတ်ဆွေတို့သည် ဤဆိုဒ်တွင်တစ်ခုခုပေးပို့ချင်ပါက... gothicrockdevil@gmail.com နှင့် greenpridelaw@gmail.com ... တို့သို့ ပေးပို့နိုင်ပါကြောင်းနှင့် ဝေဖန်အကြံပြုချက်များအား .... စောင့်မျှော်လျက်ရှိပါကြောင်း.........................။ ကျွန်တော့်ဆိုဒ်တွင်ဖြော်ပသောအရာများမှာ ကျွန်တော်တတ်လို့မဟုတ်သလို ကျွန်တော်သိလို့လဲမဟုတ်ပါ တစ်ချို့သည်ကျွန်တော် ကိုယ်တိုင်ရေးထားခြင်းဖြစ်သလို အချို့သောအရာများသည် အခြားဆိုဒ် များမှတစ်ဆင့် ကူးယူဖြော်ပခြင်းဖြစ်ပါသည်။ထိုကူးယူဖော်ပြထားသောဆိုဒ်လိပ်စာများအား အကြောင်းအရာတစ်ခုခုကြောင့်မထည့်ဖြစ်ခဲ့သည်ရှိသော် ထိုဆိုဒ်ပိုင်ရှင်များမှ နားလည်ခွင့်လွှတ်စေချင်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။လေးစားစွာဖြင့် ချစ်သူ့နှုတ်ခမ်း(Admin)

စိတ်ကြိုက်အရောင်အားကလစ်နှိပ်ပါ

သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Wednesday, March 13, 2013

အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ

ဖတ်ရတာရှည်တယ်ထင်လို့ မဖတ်ပဲမနေပါနဲ့ ဘဝအတွက် တန်ဖိုးအရှိဆုံး စကားလုံးတွေပါ
 
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် 
ဘာကိုတန်ဖိုးထားရမလဲ
*****************************************

အတွင်းအား ရှိဖို့လို

ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို 
ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် 
လုပ်ရမယ်။
( ဆရာတော်ဦးဇောတိက )

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ 
မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို
 လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
( ဆရာတော်ဦးဇောတိက )


ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ

လူတွေမှာ အခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ 
အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ် 
ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ 
ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ကိုယ့်ဘာသာတရား

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုသဘောထားသလဲ
ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
ဘဝကို အလေးအနက် တန်ဖိုးထားမယ်။
ဘဝကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
သူလုပ်သမျှကို သူ့ကိုယ်ပိုင် ဉာဏ်နဲ့သူ စဉ်းစားပြီးတော့
သင့်တော်သလား၊ မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊
ကောင်းသလား၊ မကောင်းဘူးလား၊ ရိုးသားသလား၊ မရိုးသားဘူးလား
ဆိုတာကို သေသေချာချာ စဉ်းစားရတော့မယ်၊ မစဉ်းစားလို့ မဖြစ်ဘူး။
( ဆရာတော်ဦးဇောတိက )

အကျိုးပြုတဲ့ဘာသာတရား

လူရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ပိုတောင်မှ အရေးကြီးလာပြီ

ကလေးတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူဟာ စိတ်ထားရော၊ အသိဉာဏ်ရော
ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းရမယ်ခရီးမှာ 
ရင်ဆိုင်သွားရမယ်
အခက်အခဲတွေဟာ အင်မတန်များတယ်။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိ တော်တော်ကို လိုတယ်။
သတ္တိရှိအောင် ဆိုတာလည်း ကိုယ့်မိဘနဲ့ အသိုင်းအဝိုင်းကလည်း
အကူအညီ ပေးဖို့ အများကြီး လိုတယ်။
ဒါပေမယ် အခုခေတ်လို အလုပ်တွေ အင်မတန်များတဲ့ခေတ်၊
မိဘတွေမှာလည်းပဲ သောကတွေ အင်မတန်များနေတဲ့ခေတ်မှာ
ကလေးတစ်ယောက်ဟာ တကယ်စိတ်ဓာတ်ရင့်ကျက်တဲ့
လူကြီးတစ်ယောက် ဖြစ်လာဖို့ ပိုပြီးတော့ ခက်ခဲလာတယ်။
ပိုပြီးတော့ ခက်ခဲတဲ့အတွက် ပိုတောင်မှ အရေးကြီးလာတယ်။
( ဆရာတော်ဦးဇောတိက )

ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး
ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ
အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ပြီ ဆိုရင်

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့
 သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ 
ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို 
ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ 
လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ 
ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ 
ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ဥပဒေနဲ့ လွတ်လပ်မှု

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးတဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။
ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို
ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။
( ဆရာတော် ဦးဇောတိက )
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅)

ဥပဒေ ဆိုတာ

အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။

ဆရာတော်ဦးဇောတိက - လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )

အမြင့်ဆုံး ယဉ်ကျေးမှု

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် 
ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ” - 
Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ 
မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် 
ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ 
ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ 
ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ 
Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ 
ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ 
ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

Automatic Voltage Regulator

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ 
ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ 
automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က 
လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ 
နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ 
ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ 
လွန်မသွားအောင် ထိန်းပေးတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

လူ့အသိုင်းအ၀ိုင်းကို ကောင်းစေချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင်
 ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ 
နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် 
လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ 
အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးသူ

မိစ္ဆာဒိဋ္ဌိက အကုသိုလင်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာ 
အကောင်းဆုံး အရာဖြစ်တယ်။ မှားတဲ့အမြင်ပေါ်မှာ အခြေခံပြီးတော့ မှားတာတွေ 
တွေးမယ် မှားတာတွေ ပြောမယ်၊ မှားတာတွေ လုပ်မယ်။
ကုသိုလင်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ 
စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို 
ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ 
အင်အားကြီးတဲ့သူလို့ ဆိုရမယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၇၇)

ရေမြင့်မှကြာမြင့်

သူများက သိပ်နိမ့်နေပြီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ 
ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ 
ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်ထဲအတွက်
 ကွက်ပြီးတော့ တွေးလို့မရဘူး။ သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေတွေပါ 
ထည့်တွေးရမယ်။ ငါ့သားသမီးတွေရဲ့ သူငယ်ချင်းတွေပါ အဆင့်အတန်းမြင့်မှ 
ဖြစ်မယ်။ သူတို့အတွက်ပါ ငါတို့ ဝိုင်းစဉ်းစားရမယ်။ အဲဒီလို မိဘတိုင်းက 
ဝိုင်းပြီး စဉ်းစားလိုက်ရင် ဘယ်လိုနေမလဲ။ တော်တော် တိုးတက်လာမယ် နော်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၁၀၁)

အိုင်စတိုင်းလ်ရဲ့ စိတ်ထား

A hundred times every day I remind myself that my inner and outer life 
depend on the labors of other men, living and dead, and that I must 
exert myself in order to give in the same measure as I have received and
 am still receiving. (Albert Einstein)

တစ်နေ့ကို အကြိမ်တစ်ရာလောက် ကျွန်တော့်ကိုယ်ကိုကျွန်တော် သတိပေးပါတယ်။ 
ငါ့ရဲ့ အတွင်းဘဝ (အသိဉာဏ်၊ ပညာ၊ စိတ်ထား၊ စိတ်ချမ်းသာမှု)နဲ့ အပြင်ဘဝ 
(နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ လုံခြုံရေး) နှစ်ခုလုံးဟာ အခု 
အသက်ရှင်နေတဲ့သူတွေနဲ့ ကွယ်လွန်သွားကြပြီးဖြစ်တဲ့ လူတွေရဲ့ 
အားထုတ်ဆောင်ရွက်မူပေါ်မှာ အခြေခံနေတယ်။ ငါဟာ သူတို့ဆီက ရခဲ့သလို ၊ 
ရနေသလိုပဲ ငါရခဲ့သလောက် ငါရနေသလောက် ပြန်ပေးဖို့ကို အားထုတ်ရမယ်။
( အိုင်စတိုင်းလ် ) - အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၆၈)


the eXistence မှ ဆရာတော်ဦးဇောတိက ရေးသားပြုစုထားသော
အသက်ရှင်နေလျက် ဘဝသေနေသူ 
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ
နှင့် ဘာကိုတန်ဖိုးထားရမလဲ 
စာအုပ် မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

World Of Wisdom
အသက်ရှင်နေလျက် ဘဝသေနေသူ နှင့် ဘာကိုတန်ဖိုးထားရမလဲ
******************************
***********

အတွင်းအား ရှိဖို့လို

ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။
( ဆရာတော်ဦးဇောတိက )

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့

လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေများများလုပ်နိုင်ဖို့ လိုတယ်။
( ဆရာတော်ဦးဇောတိက )


ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ

လူတွေမှာ အခက်အခဲဆိုတာ အမြဲတမ်း တစ်မျိုးမဟုတ်တစ်မျိုး ရှိနေမှာပဲ။ အခက်အခဲရှိတာက ပြဿနာမဟုတ်ဘူး။ ဘာလုပ်ရမှန်း မသိတာကမှ တကယ့်ပြဿနာအစစ် ဖြစ်တယ်။ တစ်ခုခုကို တိတိကျကျ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တာက ပြဿနာ ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ကိုယ့်ဘာသာတရား

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုသဘောထားသလဲ
ဆိုတာဟာ ကိုယ့်ဘာသာတရားပဲ။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
ဘဝကို အလေးအနက် တန်ဖိုးထားမယ်။
ဘဝကို အလေးအနက် တန်ဖိုးထားတဲ့လူဟာ
သူလုပ်သမျှကို သူ့ကိုယ်ပိုင် ဉာဏ်နဲ့သူ စဉ်းစားပြီးတော့
သင့်တော်သလား၊ မသင့်တော်ဘူးလား၊ မှားသလား၊ မှန်သလား၊
ကောင်းသလား၊ မကောင်းဘူးလား၊ ရိုးသားသလား၊ မရိုးသားဘူးလား
ဆိုတာကို သေသေချာချာ စဉ်းစားရတော့မယ်၊ မစဉ်းစားလို့ မဖြစ်ဘူး။
( ဆရာတော်ဦးဇောတိက )

အကျိုးပြုတဲ့ဘာသာတရား

လူရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို
ပိုပြီးတော့ မြင့်လာအောင် လုပ်ပေးတယ်ဆိုရင်
အဲဒီဘာသာတရားဟာ အကျိုးပြုတဲ့ဘာသာတရား ဖြစ်တယ်။
( ဆရာတော်ဦးဇောတိက )

ပိုတောင်မှ အရေးကြီးလာပြီ

ကလေးတစ်ယောက် မွေးဖွားလာပြီးတဲ့နောက် သူဟာ စိတ်ထားရော၊ အသိဉာဏ်ရော
ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းရမယ်ခရီးမှာ ရင်ဆိုင်သွားရမယ်
အခက်အခဲတွေဟာ အင်မတန်များတယ်။
အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သတ္တိ တော်တော်ကို လိုတယ်။
သတ္တိရှိအောင် ဆိုတာလည်း ကိုယ့်မိဘနဲ့ အသိုင်းအဝိုင်းကလည်း
အကူအညီ ပေးဖို့ အများကြီး လိုတယ်။
ဒါပေမယ် အခုခေတ်လို အလုပ်တွေ အင်မတန်များတဲ့ခေတ်၊
မိဘတွေမှာလည်းပဲ သောကတွေ အင်မတန်များနေတဲ့ခေတ်မှာ
ကလေးတစ်ယောက်ဟာ တကယ်စိတ်ဓာတ်ရင့်ကျက်တဲ့
လူကြီးတစ်ယောက် ဖြစ်လာဖို့ ပိုပြီးတော့ ခက်ခဲလာတယ်။
ပိုပြီးတော့ ခက်ခဲတဲ့အတွက် ပိုတောင်မှ အရေးကြီးလာတယ်။
( ဆရာတော်ဦးဇောတိက )

ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး
ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ် ဖြစ်လာသလိုပဲ
အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ
လူတစ်ယောက်ဖြစ်လာတယ်။
( ဆရာတော်ဦးဇောတိက )

ချစ်ပြီ ဆိုရင်

သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့ သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )


ဥပဒေနဲ့ လွတ်လပ်မှု

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီးတဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။
ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူး။ ကိုယ့်အိမ်ထဲကို
ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။
( ဆရာတော် ဦးဇောတိက )
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၂၅)

ဥပဒေ ဆိုတာ

အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။

ဆရာတော်ဦးဇောတိက - လွတ်လပ်တဲ့စိတ် စာအုပ် ( စာမျက်နှာ - ၂၅၅ )

အမြင့်ဆုံး ယဉ်ကျေးမှု

Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ” - Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

Automatic Voltage Regulator

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

လူ့အသိုင်းအ၀ိုင်းကို ကောင်းစေချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။ လောကကြီးကို
ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

အမြင်မှန်ရှိတဲ့သူဟာ အင်အားကြီးသူ

မိစ္ဆာဒိဋ္ဌိက အကုသိုလင်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာ အကောင်းဆုံး အရာဖြစ်တယ်။ မှားတဲ့အမြင်ပေါ်မှာ အခြေခံပြီးတော့ မှားတာတွေ တွေးမယ် မှားတာတွေ ပြောမယ်၊ မှားတာတွေ လုပ်မယ်။
ကုသိုလင်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၇၇)

ရေမြင့်မှကြာမြင့်

သူများက သိပ်နိမ့်နေပြီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်ထဲအတွက် ကွက်ပြီးတော့ တွေးလို့မရဘူး။ သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေတွေပါ ထည့်တွေးရမယ်။ ငါ့သားသမီးတွေရဲ့ သူငယ်ချင်းတွေပါ အဆင့်အတန်းမြင့်မှ ဖြစ်မယ်။ သူတို့အတွက်ပါ ငါတို့ ဝိုင်းစဉ်းစားရမယ်။ အဲဒီလို မိဘတိုင်းက ဝိုင်းပြီး စဉ်းစားလိုက်ရင် ဘယ်လိုနေမလဲ။ တော်တော် တိုးတက်လာမယ် နော်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရဆရာတော်)
အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၁၀၁)

အိုင်စတိုင်းလ်ရဲ့ စိတ်ထား

A hundred times every day I remind myself that my inner and outer life depend on the labors of other men, living and dead, and that I must exert myself in order to give in the same measure as I have received and am still receiving. (Albert Einstein)

တစ်နေ့ကို အကြိမ်တစ်ရာလောက် ကျွန်တော့်ကိုယ်ကိုကျွန်တော် သတိပေးပါတယ်။ ငါ့ရဲ့ အတွင်းဘဝ (အသိဉာဏ်၊ ပညာ၊ စိတ်ထား၊ စိတ်ချမ်းသာမှု)နဲ့ အပြင်ဘဝ (နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ လုံခြုံရေး) နှစ်ခုလုံးဟာ အခု အသက်ရှင်နေတဲ့သူတွေနဲ့ ကွယ်လွန်သွားကြပြီးဖြစ်တဲ့ လူတွေရဲ့ အားထုတ်ဆောင်ရွက်မူပေါ်မှာ အခြေခံနေတယ်။ ငါဟာ သူတို့ဆီက ရခဲ့သလို ၊ ရနေသလိုပဲ ငါရခဲ့သလောက် ငါရနေသလောက် ပြန်ပေးဖို့ကို အားထုတ်ရမယ်။
( အိုင်စတိုင်းလ် ) - အသက်ရှင်နေလျက် ဘဝသေနေသူ စာအုပ် (စာမျက်နှာ - ၆၈)


the eXistence မှ ဆရာတော်ဦးဇောတိက ရေးသားပြုစုထားသော
အသက်ရှင်နေလျက် ဘဝသေနေသူ
သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိနှင့် ဘာကိုတန်ဖိုးထားရမလဲ
စာအုပ် မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
 


No comments:

Post a Comment

မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့

commemt များ

Recent Comments Widget